ယောလူငယ်(နေပြည်တော်)အဖွဲ့ လစဉ်တွေ့ဆုံပွဲရက်ကို 30-7-2016 ရက်နေ့
စနေ့နေ့နံနက် 10း00 နာရီတွင် အပျိုဆောင်အနီး ဓာတုဇယ ဓာတ်ပေါင်းစု စေတီ၊
မဟာမုနိစောင်းတန်းတွင် ကျင်းပမည်ဖြစ်ပါသည်
သို့ဖြစ်ပါ၍ နေပြည်တော်တစ်ဝန်းရှိ ယောသူ/ယောသားများ အနေဖြင့် အတတ်နိုင်ဆုံးလာရောက်နိုင်ကြပါစေလိုကြောင်း၊ မိမိတို့ယောသူ/ ယောသားများစည်းလုံးညီညွတ်စွာဖြင့် သိုက်သိုက်ဝန်းဝန်း အလေးထားကာ လာရောက်ကြစေလိုပါကြောင်း၊ သာမန်ကာ သဘောမထားပဲ လေးနက်စွာဖြင့် မိမိတို့တတ်စွမ်းနိုင်သမျှကို ယောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအစဉ်များရှိပါကလည်း ဆွေးနွေးကြစေ လိုပါကြောင်း၊ ယောဆွေယောမျိုးများ တစ်လလျှင် တစ်ကြိမ်သာ မိမိတို့ အမျိုးများတစ်စုတစ်စည်းတည်း တွေ့ဆုံနိုင်ကြရသည်ဟု သဘောထားကာ လာရောက်ကြပါစေလိုကြောင်းနှင့် ယောဒေသအတွက် အကျိုးရှိမည့် အကြောင်းအရာများကိုလည်း ဆွေးနွေးကြစေလိုပါကြောင်း တိုက်တွန်း နှိုးဆော် ဖိတ်ကြားအပ်ပါသည်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်

No comments:
Post a Comment