ဒီနေ့ မနက် အိပ်ယာကနိုးပြီဆိုတာနဲ့ အတွေးထဲ အရင်ဆုံးဝင်လာတာက
ပင်လုံကလူငယ်ညီလာခံကို သွားတက်နေကြတဲယောလူငယ်အဖွဲ့ . . ဒီအချိန်သူတို့ 
ဘယ်လိုပြင်နေကြပြီလဲလို့  ယောသူညီမလေးတွေ မိတ်ကပ်ဖွေးဖွေးလေးလိမ်းဖို
့ပြောထားတာ အရှက်ကြီးပြီး လိမ်းမှ လိမ်းကြပါ့မလား နဲ့တေးမိရင်း သိချင်စိတ်က
ကြီးစိုးနေမိတာ။ ပင်လုံအုပ်စုကလည်း ဒီကယောမောင်နှမတွေရဲ့အတွေးကိုသိလို
့ထင်တယ် ကိုရင်ဒိဗ္ဗသနပ်ခါးလူးတာကိုပါ group ကိုပို့ ပေးထားကြတယ်
အရမ်းချစ်ဖို့ ကောင်းတဲ့ မောင်နှမတွေပါဆို . . .
ယောဝတ်စုံ တောင်သားဝတ်စုံလေးတွေနဲ့ သဂျီးပြောနေကျ "ယောဆိုတာ အဲသလိုပါ" ဆိုတာလေးလို လူအများစုက ယောနယ်ကို သိသွားကြမှာမို့ ဝမ်းသာဂုဏ်ယူလျှက်ပါ. . .ယောလူငယ်အတွက်လည်း ဂုဏ်ယူနေမိပါတယ်. . .
ယောဆိုတဲ့ အသွေးသားတွေနဲ့ စိတ်ချင်းတူစွာ စီးဆင်းနေခဲ့ကြပါလားဆိုတာ ဒီနေ့ ပိုပြီး ခံစားနေမိသလိုဘဲလေ. . . ယောလူငယ်တွေအကုန်လုံးလည်း အဲဒီ ပီတိကိုစားသုံးခွင့်ကြုံ နေကြသလို ယောနယ်အကျိုးလိုလားတဲ့ ယောနယ်ရဲ့မိတ်ဆွေတွေလည်း ထပ်တူပီတိ ကြုံဆုံနေကြမှာပါ. .
ယောလူငယ်စာမျက်နှာမှာ တင်မှာကိုမစောင့်နိုင်တော့ဘဲ ကြည်နူးပိတိတွေ ဖြစ်လွန်းလို့ ပင်လုံကပုံတွေကို အမျိုးတွေမြင်စေချင်လွန်းလို့  မျှဝေ လိုက်ပါပြီ. .

No comments:
Post a Comment