Menu

Saturday, February 4, 2017

ဖေဖေါ်ဝါရီလအတွက် ပညာဒါန

ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေသော ဆောမြို့ နယ် ခင်ပြင်ရွာမှ ကျောင်းသားလေးအားဖေဖေါ်ဝါရီလ (တတိယအကြိမ်မြောက်) ပညာသင်စရိတ် ထောက်ပံ့ငွေ ၈၀၀၀၀ /- ကျပ် ကို ကျောင်းသားလေး၏ MPU ကဒ်ထဲသို့  မနေ့က လွှဲပို့ ပေးခဲ့ပါပြီ။
ယောကြယ်ပွင့်လေး ပညာသင်ရာတွင် စိုးရိမ်ပူပန် ကြောင့်ကြခြင်းမရှိဘဲ စိတ်အေးချမ်းသာစွာဖြင့် ပညာကို ကြိုးစားသင်ယူနိုင်ဖို့ တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူ များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
ပညာထူးချွှန်ပြီး အရောင်အဝါတွေအစွမ်းကုန်တောက်ပကာ ဖြူ စင်စိတ်ထားနဲ့ ယောဒေသကို အလင်းရောင်တွေ ပေးနိုင်သူလေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
ဖေဖေါ်ဝါရီလတွင် လစဉ်အလှူ ရှင်များအပြင် ရန်ကင်းစင်တာတွင်ထားရှိသော ယောနယ်ဒေသ ပညာရေး (ယောလူငယ်အဖွဲ့)အလှူ ခံပုံးမှ ကျပ်ငွေ လေးသိန်းကို အလှူ ခံရရှိခဲ့ပါတယ်။ အလှူ ပြု ပေးခဲ့ကြပါသော ခုနှစ်ရက်သားသမီးအပေါင်းကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။
အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။

                                                                                     
                                                                                 ပြန်ကြားရေးအဖွဲ့
                                                                            ယောလူငယ်( Online )



ယောလူငယ် ပညာသင်စားရိတ် ထောက်ပံ့ရေး အလှူ ခံ ပုံး

ယောလူငယ်အဖွဲ့သည် စတင်ဖွဲ့စည်းချိန်မှစ၍ အောက်ပါ
လှူပ်ရှားကူညီများကို ယောဒေသအကျိုးအတွက် အောင်မြင်စွာ
ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
1. ရေပုပ် လေဘေးအလှူ
2. ကြာဥယျာဉ် ရေအလှူ
3.အကြည်ဘန်း လေဘေး
4.မတေးနုယဉ် ကိစ္စ ဝိုင်းရံခြင်း
5.ဇီးတောသား ထန်းပင်ကျ ဆေးရုံစရိတ်ထောက်ပံ့
6.ထီးလင်းယောလူငယ် သင်တန်းကြေးထောက်ပံ့(PKU)
7.ထီးလင်းယောလူငယ် သင်တန်းကြေးထောက်ပံ့(ပဲခူး)
8.ပြင်သာကျေးရွာ ရေဘေး ထောက်ပံ့ခြင်း
9.ကလေးမြို့ ရေဘေး
10.နန်းစောင်းပု ရွာရေဘေး
11.ကျောက်ထု ဆေးကျောင်းသူ နာရေး
12.ကျောက်ထု ဆေးကျောင်းသူ ဆေးကုသစားရိတ်
13.စစ်ကိုင်း ဆရာလေးကျောင်း ရေကန်အလှူ
14.မြောက်ဒဂုံ ဇေယျမင်္ဂလာယော ကျောင်းအလှူ
15.ပန်ဆန်းရွာမှကလေး ဆီးရောဂါ ဆေးကုသစားရိတ်
16.ယောနယ်ဒေသရ(၇)ရွာတွင် စာပေဟောပြောပွဲ ကျင်းပခြင်း
17.ပြင်သာကျေးရွာ ရေတွင်း ရေကန်အလှူ
18.ရေရှင်ကျေးရွာ ဆေးကျောင်းသား ကျောင်းစရိတ်
19.ဂန့်ဂေါယောလူငယ် ကိုကျော်ဖြိုးဝေ အိမ် မီးဘေးအကူ
20.သီးကုန်းရွာ မီးဘေးအလှူ
21-ယောအိုးစည် ဓလေ့ ပြန်လည်ဖော်ထုတ်ခြင်း
22- ယောသဘာဝ ယောအလှ အစီအစဉ်ကို MRTV မှရိုက်ကူးပြသခြင်း
23-ပင်လုံ လူငယ်ညီလာခံတက်ရောက်ခြင်း
24-ယောလူငယ် ပညာသင်စားရိတ် ထောက်ပံ့ခြင်း
25-ယောသက်ကြီးပူဇော်ပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အတွက်
ငွေအား လူအား ကူညီခြင်း
26- ရန်ကုန်မြို့၌ ဆုံးပါးသွားသော လူနာအား ဂန့်ဂေါမြို့နယ် မင်းရွာအရောက် ပို့ဆောင်ပေးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း
အပါအဝင် အခြား ဆက်လက်လှူပ်ရှားမှုများစွာ………
သို့သော်
မိမိတို့အဖွဲ့မှာ တစ်ဦးလျှင် တစ်လ ၃၀၀၀ကျပ်စီသာ စုဆောင်း
ကူညီနေရသဖြင့် ယောဒေသအခက်အခဲများအား ကူညီနိုင်ရန်
အလျင်မမီနိုင်ဖြစ်နေပါသည်။
ထို့ကြောင့် ရန်ပုံငွေရရှိနိုင်ရန် ယောအမှတ်တရပစ္စည်းများ
ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။
ယခုနောက်တဆင့်အနေဖြင့် ရန်ကုန်မြို့ ရန်ကင်း စင်တာ
တွင် ယောလူငယ် ပညာသင်ထောက်ပံ့ရေး အလှူခံပုံးထားရှိ
ပါသည်။
မိတ်ဆွေများအနေဖြင့် ပညာရေး ကုသိုလ်ပါဝင်လိုပါက ၎င်းအလှူခံပုံး၌သာမက အောက်ပါယောလူငယ်အလုပ်အမှုဆောင်များထံသို့လည်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းအကျိုးမျှော်ကာ နှိုးဆော်အပ်ပါသည်။
မရွှေဝိုင်း -09448049050
မသီတာအောင်-09420150584
မခင်လေးကြူ -09795638168
မဇင်မာဦး -09420057392
                                                                                    ပြန်ကြားရေး
                                                                              ယောလူငယ်(Online)