ဆောဒေသယောလူငယ်အဖွဲ့ တွေ့ဆုံပွဲအောင်မြင်စွာပြီးစီးခြင်း
ဆောဒေသအခြေခံယောလူငယ်အဖွဲ့သည် 6-9-2017 တွင်ခူးချောင်းရွာဘုန်းတော်ကြီးကျောင်း၌ ဒုတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်တွေ့ဆုံပွဲကိုကျင်းပပြုလုပ်ခဲ့ကြပါသည်။
နံနက်8:30 အချိန်တွင်သံဃာတော်အရှင်မြတ်တို့အား ဝါဆိုသင်္ကန်း ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။
ထို့နောက်ယောလူငယ်တွေ့ဆုံပွဲအား ဆက်လက်ပြုလုပ်ခဲ့ရာ တက်ရောက်လာသူများမှ တစ်ဦးစီမိတ်ဆက်ပေးကြပါသည်။
ယောလူငယ်အတွင်းရေးမှုး ကိုအောင်ကျော်ဦးမှဆောယောလူငယ်အကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။
ဆောယောလူငယ် ကိုထွန်းနိုင်ဦးမှဆောအဖွဲ့လုပ်ဆောင်ချက်များအား ပြောကြားပေးခဲ့ပါသည်။
ယောလူငယ်အဖွဲ့ပြန်ကြားရေး ကိုသန်းဇော်ဦးမှယောလူငယ်အဖွဲ့၏ စည်း စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ခူးချောင်းရွာမှ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးသန်းနိုင်နှင့်ဒေါ်ခင်မိုးအေးတို့မှ ယောလူငယ်အဖွဲ့အပေါ်သဘောထားများကိုဆွေးနွေးတင်ပြကြပါသည်။
ခူးချောင်းရွာမှမိမိတို့အင်အားဖြင့်မနိုင်နင်း ဖြစ်နေသော သုသာန်ဇရပ် ဆောက်လုပ်မှုအပေါ် ယောလူငယ်အဖွဲ့အနေဖြင့် တတ်စွမ်းသမျှ အလှူငွေ 100,000-/ တစ်သိန်းကျပ်ကို ယောလူငယ်အဖွဲ့ကိုစား ကိုသန်းဇော်ဦးမှ လှူဒါန်းပေးခဲ့ပါသည်။
မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ပြီး အခမ်းနားကို10:30မိနစ်အချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

No comments:
Post a Comment