ကျမက ယောနယ်မှာ မွေးတဲ့ ယောသူစစ်စစ်ဖြစ်ပါတယ်။
ယောဒေသ၊ယောဓလေ့၊ယောသဘာဝ များနဲ့ ယောဒေသမှာဘဲ ကြီးပြင်းခဲ့လို့ ကျမမွေးဖွားရာ ယောဒေသလေးကို အရမ်းဘဲ ချစ်ခင်မြတ်နိုးပါတယ်။
ကျမ မွေးဖွားရာယောနယ်လေးကို ဖွံဖြိုးတိုးတက်စေချင်သော စေတနာ ကျမစိတ်ထဲမှာ အမြဲတမ်း ကိန်းဝပ်နေပါတယ်။
ဒီလိုနဲ့ကျမရဲ့ စိတ်ကူးအိမ်မက်လေးတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး လမ်းစလေးတွေပေါ်ပေါက်လာခဲ့ပါတယ်။
2015 မှာစတင်တည်ထောင်ခဲ့တဲ့ယောလူငယ်အဖွဲ့အစည်းထဲကို(ယောသူ)ချစ်ညီမလေးတစ်ယောက်ရဲ့ အကူအညီနဲ့ 2016 ခုနှစ်မှာ ယောလူငယ်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ကျမတို့ ပရဟိတအဖွဲ့ဟာ အရမ်းကြီး ကြီးကျယ် မခမ်းနားသော်လည်း ယောနယ်အကျိုးကို တတ်နိုင်သည့်ဘက်မှ ကူညီလုပ်ဆောင်နေခဲ့ပါတယ်။
မီးဘေး၊ရေဘေး၊သဘာဝဘေးများ အပါအဝင် အနာဂတ်အတွက် ယောနယ်ရှိ ငွေကြေးမပြည့်စုံသော ထူးချွန် ကျောင်းသား၊ကျောင်းသူများကို ပညာသင်စရိတ် ထောက်ပံပေးနိုင်ခဲ့လို့ အရမ်းဘဲ ဝမ်းသာပီတိ ဖြစ်မိပါတယ်။
ယောလူငယ်အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရပြီး ယောဒေသ ဖွံ့ ဖြိုးတိုးတက်အောင်အဖွဲ့သားများက တက်ကြွစွာ လုပ်ဆောင်နေတာ မြင်ရတော့ အရမ်းဂုဏ်ယူ ဝမ်းသာပီတိဖြစ်ရပါတယ်။
အဝေးရောက် ယောလူငယ်တစ်ယောက်အနေဖြင့် စိတ်ရှိသလောက် ကိုယ်က မပါနိုင်သော်ငြားလည်းဘဲ ငွေအားဖြင့်တတ်နိုင်သလောက်လေး လစဉ်ထောက်ပံ့ကူညီ ပေးခွင့်ရနေတဲ့ အတွက်လည်း အရမ်းဘဲ ဝမ်းသာပီတိ ဖြစ်နေမိပါတယ်။
စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေကြသော ယောလူငယ်အဖွဲ့သား များကိုလည်း အဝေးရောက်ယောလူငယ်တစ်ယောက်အနေဖြင့် အထူးပင်ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။
နောင်တွင်လည်း ယောလူငယ်အဖွဲ့အစည်းကို မပြိုကွဲမပျက်စီးဘဲ ဒီထက်မက အောင်မြင်အောင်၊ယောနယ်ကို လိုအပ်သည့် ဘက်မှ တတ်နိုင်သလောက် အကူအညီပေးနိုင်အောင် အဖွဲ့ဝင်များ အားလုံးတက်ညီလက်ညီ စုပေါင်းစည်းရုံးကြိုးစားကြပါလို့ ဆန္ဒပြုရင်း........

No comments:
Post a Comment