Menu

Tuesday, November 21, 2017

မီးကြာ လှည့်ပွဲနှင့် သနပ်ခါးပါးတို့ ပွဲ ကျင်းပပြု လုပ်ဖို့  ပြင်ဆင်

8-10-2017 တနင်္ဂနွေနေ့  တွင် ရန်ကုန် ယောလူငယ်အဖွဲ့ (ဗဟို)မှ ဦးစီး၍ သီတင်းကျွတ်ကာလ ယောဒေသ ရိုးရာဓလေ့ဖြစ်သော မီးကြာ လှည့်ပွဲနှင့် သနပ်ခါးပါးတို့ ပွဲကို ကျင်းပပြု လုပ်ဖို့  ပြင်ဆင်နေကြပါတယ်ခင်ဗျ။
၎င်း ရိုးရာပွဲကို ယောသားဆရာတော် ဥူးနန္ဒပါလ |မူလ ဟံသာဝတီ ကမ္မဌာန်းကျောင်း| ဝိဇ္ဇာလမ်း|အုတ်ဖိုစုရပ်ကွက်|သံလျင်မြို့နယ် တွင် ကျင်းပပြု လုပ်မှာဖြစ်ပါတယ်။ ယောလူငယ်အဖွဲ့အနေဖြင့် ယခုနှစ်တွင်မှ စတင်ကျင်းပပြု လုပ်မည်ဖြစ်ပါသောကြောင့် ယောသူယောသားများထံမှ အကြံဥာဏ်များ ရယူလိုပါတယ် ခင်ဗျ။ ဒါ့ကြောင့် ယောဒေသရိုးရာ မီးကြာလှည့်လည်ပူဇော်ပွဲနှင့် သနပ်ခါးပါးတို့ ပွဲကို သိရှိနားလည်ကြသူများ အနေဖြင့် ဝေဖန် အကြံပေးလိုပါက ကြိုဆို ဖိတ်ခေါ် ပါတယ်။
ထို့ အပြင် ယောလူငယ် ဗဟို အဖွဲ့မှဦးဆောင်ကာ ယောဒေသရိုးရာများကို တတ်စွမ်းသမျှ ဖော်ဆောင်ကျင်းပရာတွင်
အဖွဲ့ဝင်များမှ တစ်လလျှင် ၃၀၀၀ ကျပ်စီစုကာ
လုပ်ဆောင်ကြရသည်ဖြစ်ရာ ဘဏ္ဍာရေးအင်အားချို့တဲ့သည်မှာ အမှန်ဖြစ်ပါသည်။
သို့ပါ၍ ကုသိုလ်ပါဝင် လှူ ဒါန်းလိုသူများကိုလည်း ယောလူငယ်အဖွဲ့သို့ ဆက်သွယ်လှူ ဒါန်း နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါတယ် ခင်ဗျာ။

အောက်ပါ အဖွဲ့ဝင်များထံသို့  ဆက်သွယ်နိုင်ပါတယ်ခင်များ
ဦးဝင်းဇော် 09 458 707 907
ကိုဌေးလှိုင်@ကိုသိင်္ခ 09 420 136 144
ကိုမြင့်ထွန်း 09 250 062 339
မမင်းမင်းစန်း 09 508 0281
မသီတာအောင် 09 420 150 584
မသန္တာဝင်း 09 421 043 100
မဇင်မာဦး 09 420 057 392
ခင်လေးကြူ 09 450 061 752

No comments:

Post a Comment