8-11-2017 ရက်နေ့တွင် ကမ္ဘာ့ ကုလသမဂ္ဂဆိုင်ရာ (UNFPA)United Nations
Population Award 2018 ဆု လျှောက်ထားရန်အတွက် ယောလူငယ်အဖွဲ့သို့ 
ရန်ကုန်မြို့ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
တိုင်းရုံးမှ အကြောင်းကြားလာပါသည်။
9-11-2017 ရက်နေ့တွင် ယောလူငယ်ဥက္ကဋ္ဌ(ဗဟို)နှင့်အလုပ်အမှုဆောင်များ သည် ရန်ကုန်မြို့ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးသို့ သွားရောက်ကာ ဆွေးနွေးခဲ့ပြီး လျှောက်လွှာများကို ထုတ်ယူခဲ့ကြပါသည်။
လျှောက်လွှာစာရွက်များ လက်ခံရရှိပြီးချိန်မှ စ၍ အဖွဲ့ဝင်များ /ယောသူယောသားများ / ယောမြေကိုချစ်မြတ်နိုးသူများနှင့် တိုင်ပင်ကာ အကြံဥာဏ်များ ရယူခြင်း/ အချက်အလက်များ စုဆောင်းခြင်း / လိုအပ်သည့်ပုံများ ရွေးချယ်ရိုက်နှိပ်ခြင်း/လျှောက်လွှာဖောင်အား ဘာသာပြန်ဖြည့်စွက်ခြင်း စသည့်တို့ ကို ပြု လုပ်ခဲ့ကြပါသည်။
14-11-2017 အင်္ဂါနေ့ တွင် လျှောက်လွှာပုံစံများကို အပြီးသတ်ဖြည့်စွက်ကြ ပြီး ယောလူငယ်ဥက္ကဋ္ဌ(ဗဟို)နှင့် အလုပ်အမှုဆောင်များ က E mail ဖြင့်(UNFPA)သို့ တိုက်ရိုက် လျှောက်ထားခြင်းအပြင် Paper ဖြင့်ပါ ကိုယ်တိုင် သွားရောက်ကာ လျှောက်လွှာတင်ခဲ့ကြပါသည်။

United Nations Population Award 2018 ဆုအတွက် ရွေးချယ်ခံရခြင်း
မခံရခြင်းထက် ယောလူငယ်အဖွဲ့လေးအား မြန်မာနိုင်ငံ အစိုးရ လူမူဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရုံးမှ အသိအမှတ်ပြု ခံရကာ
နိုင်ငံတကာဆုကို လျောက်ထားရန် ဖိတ်ကြားခံရခြင်းအတွက် ယောလူငယ်အဖွဲ့သားများ
အနေဖြင့် ဂုဏ်ယူဝမ်းမြောက်နိုင်ကြစေရန် တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
နောက်နောင်တွင်လည်း ချစ်သော ယောမြေကောင်းကျိုး အတွက် အတူလက်တွဲကာ
တတ်စွမ်းနိုင်သမျှ လုပ်ဆောင်သွားရန် ဆန္ဒပြု တိုက်တွန်းအပ်ပါသည်။
ဤလျှောက်လွှာတင်နိုင်ရေး အတွက်ကူညီ ဆောင်ရွက်ပေးကြပါသော ယောမိတ်သင်္ဂဟ အားလုံးအား အထူးကျေးဇူးတင် ရှိပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်

No comments:
Post a Comment