Menu

Wednesday, November 22, 2017

နှလုံးသားထဲက . . . ယော ( ၃ )

* ရင်ထဲက ယောလူငယ် *
ကျနော်ယောလူငယ်အဖွဲ့နဲ့ ပထမဆုံးသိခွင့်ရခဲ့တဲ့နေ့။
အဲဒီနေ့ကပေါ့ အခု ဆောဒေသရဲ့ယာယီဥက္ကဌ ကိုခင်ဇော်လွင်က ညီလေးရေဆောမြို့က Drကိုဒီမိုကျော်တို့မဝေမာကျော်တို့အိမ်မှာ ယောလူငယ်အဖွဲ့ကအမှုဆောင်တွေ လာမယ်တဲ့ သွားတွေ့ရအောင်ဆိုပြီး လာခေါ်တယ်။
ဒါနဲ့ကျနော်ကလဲ အကိုရေ ယောလူငယ်အဖွဲ့ဆိုတာဘာလဲ ဘာလုပ်ကြတာလဲဆိုတော ပရဟိတအဖွဲ့လို့ပြောတယ် သေချာ မသိဘူး။သွားပြီးလေ့လာကြည့်တာပေါ့။
အဲဒါနဲ့ညီအကိုနှစ်ယောက်သား သွားတွေ့လိုက်တယ်။ရောက်တယ်ဆိုရင်ဘဲ အကြည်ကတင်း ဆော ရင်းခေါ် အစရှိတဲ့နယ်မြေခံလူငယ်တွေ တက်ရောက်လာကြတယ်။ ဒီပွဲမှာ ဗဟိုအမှုဆောင်ရုပ်သန့်သန့်လေးတွေနဲ့ယောပုဆိုးလေးတွေဝတ်ထားတဲ့သူနှစ်ယောက်က ဦးဆောင်ကာဆွေးနွေးပေးခဲ့တယ်။သူတို့နှစ်ယောက်ကတော့ ကိုရင် ပွ ကြီးနှင့်ကိုရင်ဒိပ္ပတို့ပေါ့။
ယောလူငယ်အဖွဲ့ဆိုတာ ယောဒေသတစ်ခုလုံးရဲ့လူမှုရေး စီးပွားရေး ပညာရေး ကျမ်းမာရေးအစရှိသည်တို့ကို အဝေးရောက် ယောသူယောသားတွေနဲ့တိုင်ပင်ကြပြီး စည်စည်းလုံးလုံးနှင့် တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးကြတဲ့အဖွဲ့ ဖြစ်ပါတယ် လို့ ပဏာမ အစချီ ပြောပြ ခဲ့ကြပါတယ်။ဒီချိန်ကတည်းက စပြီး ကျွန်တော့စိတ်ထဲမှာလည်း ကိုယ်လဲယောနယ်သားဘဲ ယောဒေသအကျိုးဆောင်ရွက်ကြတဲ့နေရာမှာ မိမိတတ်စွမ်းနိုင်သရွေ့ လုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ ပီတိနှလုံးအစဉ်ပြုံး လို့ ဆုံးဖြတ်ချက် ချခဲ့ပါတော့တယ်။ ။
ရှေ့ဆက်ရန်။

အစဉ်လေးစားလျှက်
သန်းဇော်(ဆော)
ချစ်သော ယောမြေ




No comments:

Post a Comment