Menu

Tuesday, November 21, 2017

နှလုံးသားထဲက . . . ယော ( ၁ )

ဒီနေ့ ယောလူငယ် " group" မှာ ယောအကြောင်း ယောလူငယ်အဖွဲ့ရဲ့ အမှတ်တရလေးတွေ တစ်ယောက်ချင်းစီရဲ့ ခံစားချက် လေးတွေ ရေးကြမယ်တဲ့ " ပထမဆုံးရေးရမဲ့သူက ကျမ"။
စိတ်ကူးကြည့်မိတယ် ကျမ ယောလူငယ်အဖွဲ့ထဲ စတင်ဝင်ရောက်ချိန် ၂- နှစ်ကျော်လာခဲ့ပြီ ငါဘာတွေ လုပ်ပေးနိုင်ခဲ့လဲ အတွေးတွေက ဟိုးအရင် စတွေ့ခဲ့ကြတဲ့ ပဲခူး ၁၀-မိုင်မုံလယ်ဘုန်းကြီး ကျောင်းမှာ ဝါဆိုသင်္ဃန်းကပ်ပွဲ အချိန်လေးကို ပြေးမြင်ယောင်လိုက်မိတယ် ။
"အဲချိန်မှာစတွေ့ကြတာပဲ " ညီမလေးဇာဇာရဲ့ စည်းရုံးမှု ကျမရဲ့ယောကိုချစ်တဲ့စိတ်တွေက တားမရဘူး ချက်ချင်းလိုက်ပါ စီးမျော လာတာ ဒီနေ့ဒီချိန်ထိပါပဲရှင် ။
ယောကိုချစ်တဲ့ကျမ ယောဒေသအကြောင်းကို လူအများသိစေချင်တယ် စိတ်ဝင်တစားနဲ့ ယောဒေသကို လာရောက် လေ့လာစေချင်တဲ့ စိတ်ကူး ဟိုးအရင်ကတည်းက ရှိနေခဲ့တာပါ။
အဖွဲ့တွေနဲ့ တစ်လ တစ်ခါ တွေ့ဆုံပွဲ လုပ်ကြတယ် ဆွေးနွေးတိုင်ပင်ကြတယ် တွေ့ဆုံပွဲတိုင်း မပါမဖြစ်ကတော့ ယောအစားစာပါ ကျမအကြိုက်ဆုံး ကျမကြိုက်သလို ယောမောင်နှမများကိုလဲ ချက်ကျွေးချင်စိတ်က ကျမစိတ်ထဲ အမြဲရှိနေခဲ့လေတော့ အမြဲတမ်းလည်း ချက်ကျွေးဖြစ်ပါတယ်ရှင့် ။
အဖွဲ့အနေနဲ့ ကျမကို ယုံကြည်စွာ တာဝန်ပေးလိုက်တာကတော့ "ရန်ပုံငွေရှာဖွေ ရေးဥက္ကဌ" တဲ့ ကျမစဉ်းစားရပြီလေ အဖွဲ့အတွက် ဘယ်လို ရန်ပုံငွေများများ ရှာပေးရမလဲပေါ့ ပထမဆုံး အလှူ ငွေ ကောက်ခံတာက စ လိုက်တာပေါ့ အလှုခံပေးပါတယ် အင်္ကျီတွေ လွယ်အိတ်တွေကို အဖွဲ့နဲ့တိုင်ပင် ထုတ်လုပ်ရောင်းချခဲ့ပါတယ် ကျမတတ်နိုင်ရာ ကိုယ်နိုင်တဲ့ ဖက်ကနေ ကူညီလုပ်ပေးနေတာ ဒီနေ့ ထိပါပဲရှင်။
ဘယ်သူမှ အသိမှတ်ပြု စေချင်လို့ လုပ်ခဲ့ခြင်းမရှိ ကြွားဝါလိုစိတ်နဲ့ လုပ်ခဲ့တာမျိုး တစိုးတစိမျှမပါ ယောစာတွေ ချက်ကျွေးတိုင်း အားရဝမ်းသာ စားကြတာမြင် ရ ရင်ဖြင့် ဘာနဲ့မှမတူတဲ့ ပီတိ။
" ကျမယောဒေသကို ချစ်တယ်"
ယောလူငယ် အဖွဲ့ ဝင်ရောက်ချိန်မှစလို့ တောင်ယောမြောက်ယော က ယောသူယောသားအများနဲ့ခင်မင်သိကျွမ်းခဲ့ရတာလည်း အမြဲ လေးစားဂုဏ်ယူမိပါတယ်
ပျော်ရွှင်ခဲ့တယ် ပင်ပန်းခဲ့တယ် ဒါပေမဲ့ ယောကို ချစ်တဲ့စိတ် ကြောင့်ပင်ပန်းနေတာတောင်ပျော်နေခဲ့ ကျမပါရှင်
နောင်ကိုလဲ "ကျမ"ကျရာနေရာကနေ အားဖြည့်ပါဝင် နိုင်ဖို့ဆုတောင်းရင်း ယောလူငယ်အဖွဲ့ရဲ့ ပင်တိုင်မင်းသမီးဖြစ်ပါရစေလို့ ။
"ယောကိုချစ်တဲ့ကျမ"
Min Min Sanmg (ယောလုံမေ)



No comments:

Post a Comment