၁၁-၁၁-၂၀၁၇ နေ့ ရန်ကုန်မြို့ ရှစ်မိုင်-မစိုးရိမ်ရွှေကျင်တိုက်သစ် နာယက
ဆရာတော် ဦးခမာစာရ (လုံဟော) ၏ သက်တော် ၅၀ ပြည့် မွေးနေ့ကုသိုလ်အဖြစ်
သံဃာတော် ၁၆၀-ပါးတို့အား အရုဏ်ဆွမ်းနှင့် နေ့ဆွမ်းကပ်လှူခြင်း
စာရေးတံမဲဖောက် လှူဒါန်းခြင်း ကုသိုလ်များ ပြုလုပ်ရာ
မစိုးရိမ်ရွှေကျင်တိုက်သစ် သို့ ယောလူငယ်အဖွဲ့ဝင်များ
သွားရောက်ကုသိုလ်ယူခဲ့ကြပါသည်။
ဆရာတော် ဦးခမာစာရ မှ မွေးနေ့အလှူ အဖြစ် ယောလူငယ်အဖွဲ့သို့ ရန်ပုံငွေ တစ်သိန်းကျပ် ကိုလည်းကောင်း ဆရာတော် ဦးပါမောက္ခ (နှမ်းခါး- ရေရှင်) မှ သုံးသောင်းကျပ်ကိုလည်းကောင်း ဆရာတော်၏တကာရင်းဖြစ်သော ဦးထွန်းမြင့် + ဒေါ်သန်းအေး တို့ မှ တစ်သောင်းကျပ်ကိုလည်းကောင်း လှူ ဒါန်းရာ ယောလူငယ် အလုပ်အမှုဆောင်များမှ သာဓုသုံးကြိမ် ခေါ်ဆိုကာ လက်ခံခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့ စတင်ဖွဲ့စည်းခဲ့ချိန်မှ စ၍ အကြံဥာဏ်များပေးပြီးယောနယ်အရေးများကို အတူတူ လက်တွဲကာအားတက်သရော ကူညီဖြေရှင်းပေးခဲ့ကြပါသော ဆရာတော်များကို ယောလူငယ်အဖွဲ့မှ အထူးကျေးဇူးတင်ပါတယ်။နောက်နောင်များလည်း လိုအပ်ချက်များရှိပါက လမ်းညွှန်ပြသပေးကာ ယောနယ်ကောင်းကျိုးများကို အတူလုပ်ဆောင်သွားပါမယ်ဘုရား။
ဆရာတော်လည်း မွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ ကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် လောကကောင်းကျိုး သာသနာကောင်းကျိုးများကို စိတ်ဆန္ဒရှိတိုင်း လုပ်ဆောင်နိုင်ပါစေလို့  ဆုတောင်းမေတ္တာပို့ သ လျက်ပါဘုရား။

No comments:
Post a Comment