Menu

Wednesday, June 10, 2015

ယောလူငယ် အဖွဲ့(Online) ဗဟိုအဖွဲ့ ၏ ဖွဲ့စည်းပုံ




အသင်း ၏ လုပ်ငန်းစီမံချက် နှင့်စည်းကမ်းများ   

နိဒါန်း
          Online မှ ယော လူငယ်များအချင်းချင်း ယောဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်များ၊ အခက်အခဲများကို မိမိတို့တတ်စွမ်းနိုင်သည့်ဘက်မှ ကူညီပေးကြရန် တိုင်ပင်ဆွေးနွေးကြရာမှ စတင်ဖွဲစည်း ဖြစ်ခဲ့ခြင်းဖြစ်သည်။



ရည်ရွယ်ချက်
         နေရာအနှံအပြားတွင် ရောက်ရှိနေကြသော ယောသူယောသားများ စုစည်းညီညွတ်စွာဖြင့် ယောဒေသ ၏ လိုအပ်နေသော ပညာရေး၊ ကျမ်းမာရေး၊ လူနေမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသတွင်း စည်းလုံးရေး နှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး တို့ အပြင် ကဏ္ဍပေါင်းစုံ ဖွဲ့ဖြိုးတိုးတက်ရေးကို တိုင်ပင်ဆွေးနွေး ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွတ်နိုင်ကြစေရန် ဖြစ်ပါသည်။

          { နေရာအနှံအပြား မှ ယောနယ်ဖွါးများ စည်းလုံးညွတ်ပြီး ယောဒေသနှင့်သက်ဆိုင်သော အကြောင်းအရာ မှန်သမျှ ကို အကူညီပေးနိုင်ရန်။ }


လုပ်ငန်းစဉ်

(အဝေးရောက် ယောလူငယ်အဖွဲ့ အ၏ အဓိက လုပ်ငန်းစဉ်)

အဝေးရောက် ယောလူငယ် တို့ အနေဖြင့် မိမိတို့ တတ်စွမ်းသော ညာဏ အားဖြင့် ယောနယ်တွင် လိုအပ်လျက်ရှိသော ကဏ္ဍပေါင်းစုံမှ လိုအပ်ချက်များကို စဉ်းစားတွေးခေါ် တိုင်ပင် ကာ မိမိတို့ တတ်နိုင်သော ကာယ အားတို့ဖြင့် စည်းလုံးညီညွတ်စွာ ထို လိုအပ်ချက်များကို ပြောင်းလဲပြုပြင်နိုင်ကြရန်။

ယောနယ်နှင့်ဝေးကွားနေ သော ယောနယ်ဖွါး များအချင်းချင်း စည်းလုံးစွာဖြင့် တစ်ဦးနှင့် တစ်ဦး အကူအညီ ပေးနိုင်ရန် အပြင် ၊ ယောဒေသမှ စွန့်ဦးထွက်ခွာလာကြသော ယောနယ်ဖွါးလူငယ် များကို ယခင်ရောက်ရှိ အခြေကျပီးသော ယောနယ်ဖွါးများမှ နွေးထွေးစွာကြိုဆိုပြီး (လိုအပ်ပါက) လမ်းညွန်ကူညီနိုင်စေရန်။


(နယ်မြေခံ ယောလူငယ်အဖွဲ့ ၏ အဓိက လုပ်ငန်းစဉ်)

ယောဒေသတွင် ဖြစ်ပျက်နေသော စီးပွားရေး ၊ ကျမ်းမာရေး၊ အုပ်ချုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူနေမှု၊ တို့ အပြင် ဒေသဆိုင်ရာ ကဏ္ဍပေါင်းစုံ ကို အဝေးရောက် ယောလူငယ် တိုသိရှိ နိုင်အောင် ဆက်သွယ် သတင်းပေးနိုင်ရန်နှင့် မိမိ တို့ ဒေသ ၏ အမှန်တကယ် လိုအပ် ချက်ကို တင်ပြ ဆွေးနွေး အကြံပေးနိုင်ရန်။


( အထွေထွေ လုပ်ငန်းစဉ်)

·         မြို့နယ်အသီးသီး၊ နယ်ပယ် အသီးသီးတွင် နယ်မြေခံအဖွဲ့ အစည်းများဖွဲ့စည်း ဆောင်ရွတ်ကြရန်။

·         ယောဒေသ၏ ကျမ်းမာရေး၊ လူနေမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသတွင်း စည်းလုံးရေး နှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အပြင် အခြားသော လူမှုရေးအခက်ခဲများ ကို ကူညီဖြေရှင်းကြရန်။

·         ယောဒေသ၏ လိုအပ်ချက်ရှိသော ကဏ္ဍပေါင်းစုံမှ အသိပညာ၊ အတတ်ပညာ နှင့် အတွေးအခေါ် များ ဆွေးနွေး မျှဝေဆောင်ရွတ်ကြရန်။

အခြေခံစည်းမျဉ်း နှင့် မူဝါဒရေးရာ

 (၁) ယောလူငယ်အဖွဲ့(Online) အဖွဲ့သည် ပါတီနိုင်ငံရေး လုံးဝကင်းရှင်းပါသည်။

[( ပါတီ နိုင်ငံရေး ကင်းရှင်းသည် ဟုဆိုရာတွင် ယောလူငယ် အဖွဲ့သည် မည့်သည့် ပါတီ ၏ လက်အောက်ခံ မှ မဟုတ်သည်ကို ဆိုလိုပါသည်။ အဖွဲဝင်များ အနေဖြင့် ကိုယ်ယုံကြည်ရာ နိုင်ငံရေး အဖွဲအစည်းအား ထောက်ခံ ပါဝင်နိုင်ကြပါသည်။   )]

(၂) အဖွဲ့ဝင် အားလုံး တစ်စိတ်တစ်ဝမ်းထည်း ယောဒေသအကျိုးရှေ့ရှုဆောင်ရွတ်ကြမည်။

(၃) အဖွဲ့ဝင် အချင်းချင်းစိတ်ဝမ်းကွဲစေမည့် အပြောအဆို၊ အရေးအသား၊ အပြုအမူ များကိုလုံးဝ ရှောင်ကြဉ်ကြရမည်။

(၄) အဖွဲ့ဝင် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဗဟိုအဖွဲ့၏ ဥိးဆောင်မှုအောက်တွင်သာတည်ရှိနေရမည်။

(၅) နယ်မြေခံအဖွဲ့ဝင်များသည် ယောဒေသတွင် ကူညီဆောင်ရွက်ရမည် သတင်းအချက်အလက် များကိုရယူ၍ ဗဟိုသို့အချိန်နှင့်တစ်ပြေးညီ တင်ပြကြရမည်။

(၆) အဖွဲ့အစည်းအတွင်း ပါတီနိုင်ငံရေးများအတွက် စည်းရုံးခြင်း၊ မဲဆွယ်ခြင်းများမပြုလုပ်ရ။

(၇) အဖွဲ့အစည်းအတွင်း မိမိကိုယ်ကျိုးစီးပွားအတွက် ကြော်ညာခြင်း၊ စည်းရုံးခြင်းမပြုလုပ်ရ။

(၈) အဖွဲ့အစည်းအတွင်း ဘာသာရေးကို အကြောင်းပြု၍ နာလည်မှုလွဲမှားစေနိုင်သော အပြုအမူ အပြောအဆိုများ မပြုလုပ်ရ။



အသင်းဖွဲစည်းပုံ
အသင်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

နာယက
၁ ။ ဦးဣန္ဒဝရ (နန်းစောင်းပု ဆရာတော်)
၂ ။ ဦးအေးမောင် (ယောအသင်း ဥက္ကဌ )

ဥက္ကဌ
- ဦးဌေးလှိုင် (ခ) ဦးသိင်္ခ

အတွင်းရေးမှူး
၁ ။ ဦးစန်းအောင် ( စီမံရေး ခန့်ခွဲရေး)
၂ ။ ဦးခင်မောင်ထွေး (စည်းရုံး ညှိနှိုင်း ရေးမှူး )

ဘဏ္ဍာရေး
- မဇာဇာ (ဘဏ္ဍာရေးမှုး)
- မအိဖြူ (အဝင်)
- ဒေါ်ယုသန္တာ (အထွက်)

စည်းကမ်းထိန်းသိမ်းရေးမှူး
- ဦးအောင်လင်းသူ
- ဒေါ် ခင်ဝင်းရီ

ပြန်ကြားရေး
-Yaw Youth Online Team

စည်းရုံးရေး
- ကို ခင်မောင်ထွေး (ယောမင်းစိုး)
- ကို ၀င်းဇော်ဦး (Htoo Naing)
- ကိုလင်းအောင်(ကိုယော)
- မယုနန္ဒာစိန်(မိယောယော)
- ကိုဇော်ဝင်းအောင်
- ကိုညီညီနိုင်
- မစုလှိုင်ဖြိုး
- ရန်မင်း
- ကိုမျိုးမင်းအောင်(Chit Thu)
- နေကိုကိုအောင် (U Nay Ko)
- အလင်းနက်
- ကိုရင် ဒိပ္ပ

မှတ်တမ်းရေးမှူး
- ဥာဏ်ထက်ရှိုင်း
- ချိုသီတာပြုံး

စာရင်းစစ်မှုး
- (လစ်လပ်)

ပြိုင်ပွဲကျင်းပရေးမှူး
- (လစ်လပ်)

အလုပ်အမှုဆောင် အဖွဲ့
- ကိုတင်ဇော်ဝင်း
- ကိုအောင်သန်းဝင်း
- ကိုအောင်မြင့်မိုး
 - ယောဖြူလေး
- ကိုမြင့်ထွန်း
- ကိုမျိုးသန့်
- ကိုစည်သူနိုင်
- ကိုအောင်ဇင်မိုး
- မခင်မျိုးကြည်
- မခင်နွယ်
- မသန္တာစိုး
- မစုမြတ်ဝင်းဌေး
- ကိုဇော်ဝင်း
- ကိုသန်းဇော်ဝင်း
- မဇင်မာဝင်း
- မသီတာအောင် (ခ) မသီသီ
- ကိုဖိုးကျော်

အဖွဲ့၏ လုပ်ငန်းများ
 - ယောဒေသ၏ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးရေး တည်ဆောက်မှု လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း
( ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယောဒေသနယ်နိမိတ်အတွင်းမှ လုပ်ငန်းများကိုသာ အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိရေးလုပ်ငန်းများကို အဖွဲ့မှ ဦးဆောင်၍ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည် )

အဖွဲ့ဝင် အဖြစ်ပါဝင်ခွင့်
- သတ်မှတ်ထားသော အဖွဲ့ဝင်ကြေးပေး၍ ယောသူယောသား မည်သူမဆို အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိသည်။
- အကြောင်းအမျိုးမျိုးကြောင့်(၃)လ ထက်ကျော်လွန်၍ အဖွဲ့ဝင်ကြေးပေးရန် ပျက်ကွက်သူများကို အဖွဲ့ဝင်အဖြစ်မှ စဉ်းစားပေးမည်မဟုတ်ပါ။( မှတ်ချက် - လစဉ်ပုံမှန်ဝင်ငွေရှိသူများသာ)
- အဖွဲ့သို့ (၃) လနှင့်အထက် လစဉ်ကြေးပေသွင်းရန် ပျက်ကွက်ခဲ့သော အဖွဲ့ဝင်တစ်ဦးအနေဖြင့် အဖွဲ့သို့ ပြန်လည်ဝင်ရောက်လိုပါက အဖွဲ့သို့ပြန်လည် ဆက်သွယ်ရန် ပျက်ကွက်ခဲ့မှု အတွက် လစဉ်ကြေး(၃) လစာကိုပေးသွင်း၍ ဝင်ရောက်ခွင့်ရှိသည်။
- လူဟောင်းများ ပြန်လည်ရောက်ရှိလာပါက လစဉ်ကြေး တစ်လ ကင်းလွတ်ခွင့် ရှိသည်။
- လူသစ်များ အနေဖြင့်ရောက်ရှိသည့်နေ့မှ (၃) လအထိ လစဉ်ကြေးကင်းလွတ်ခွင့်ရှိသည်။

အဖွဲ့ဝင်များ ၏ အကျိုးခံစားခွင့်
- ပညာရေး ထောက်ပံ့ခြင်း
( ပညာသင်ကြားနေသော ကျောင်းသူ၊ကျောင်းသားများ ပညာသင်ထောက်ပံ့ကြေး တောင်းခံလာပါက အလုပ်အမှုဆောင်အဖွဲ့မှ သင့်လျော်သော ငွေကြေးပမာဏ တစ်ခုကို ကူညီပေးမည်)
- ထိခိုက်ဒဏ်ရာ ရရှိခြင်း
(အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းများ၊ ဆေးရုံသို့ ရက်ရှည် ကုသရသော ရောဂါနှင့် ခွဲစိတ်ရောဂါတို့ အတွက် ထောက်ပံ့ပေးရေးကိစ္စကို အလုပ်အမှုဆောင်အဖွဲ့မှ စီမံဆောင်ရွက် ပေးမည်။ လျှော်ကြေးရသင့်ပါက လျော်ကြေးငွေရရှိရေးကိစ္စကို အဖွဲ့မှ လိုက်လံဆောင်ရွက် ပေးမည်)
- အဖွဲ့ဝင် တစ်ဦးဦး အကြောင်းတစ်ခုခုကြောင့် ဆုံးပါးသွားပါက
( အသုဘ ကိစ္စကို သက်ဆိုင်ရာအဖွဲ့စည်း ဆွေမျိုးသားချင်းတို့နှင့် တိုင်ပင်ကာ ကူညီပေးမည်)
(အဖွဲ့မှ သတ်မှတ်ထားသော ငွေကြေး ကိုဂရုဏာကြေးအဖြစ် မိသားစုကို ထောက်ပံ့ပေးမည်)
( ယောသူယောသားများထံမှ အကူငွေရရှိရေးကိုလည်း ကူညီဆောင်ရွက် ပေးမည်)



ယောလူငယ်အဖွဲ့ (Online) ( သတင်းပြန်ကြားရေး)

ပန်ကြားချက်
ယောလူငယ် မိုဘိုင်းဖုန်း ဆော့ဝဲ သုံးသူများ အတွက် ယခင်တင်ခဲ့ဘူးသော ဖွဲ့စည်းပုံမှာ အတည်မပြုရသေးသော ဖွဲ့စည်းပုံဖြစ် ၍ ယခုပြန်လည် ဖေါ်ပြခြင်းဖြစ်ပါသည်။ ယောလူငယ် မိုဘိုင်း ဆော့ဝဲတွင် ယခင်ပိုစ့် ကို Auto ဖျက်ပေးမည်မဟုတ်ပါ။ ထို့ကြောင့် ဖွဲ့စည်းပုံပိုစ့် နှစ်ခုဖြစ်နေမည်ဖြစ်ပါ၍ နားလည်ပေးကြပါရန် တောင်းပန်ပါသည်။ အကယ် ၍ Update လုပ်လိုပါက Setting > app management > ယောလူငယ် ထဲသို့ဝင်ပြီး Data Clear လုပ်၍ ၄င်း ယောလူငယ် ဆော့ဝဲ အား ပြန်လည် Install လုပ်၍ ၄င်း ပြုလုပ်နိုင်ပါသည်။ မလုပ်ဘဲလည်း ထားနိုင်ပါသည်။



No comments:

Post a Comment