Menu

Sunday, June 28, 2015

ဂန့်ဂေါမြို့နယ် မြစ်သာမြစ်အရှေ့ဖက်ရှိ ကျေးရွာများအတွက် ကျေးလက်လမ်း ဖောက်လုပ်လျှက်ရှိ


ဂန့်ဂေါ ဇွန် ၂၅
ဂန့်ဂေါမြို့နယ် မြစ်သာမြစ်အရှေ့ဖက်ရှိ ကျေးရွာများသည် ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ စိုက်ပျိုးထွက်ရှိမှု ပေါများသော်လည်း ထွက်ရှိသည့်သီးနှံများ ပို့ဆောင်ရောင်းဝယ်ရာတွင် မြစ်သာမြစ်အနောက် ဖက်ရှိ ကားလမ်း၊ ရထားလမ်းရှိသည့် ကျေးရွာများသို့ လှည်းခရီးတစ်တန်၊
လှေခရီးတစ်တန်ဖြင့် သွားရောက်ပို့ ဆောင်ကြရသဖြင့် အချိန်ကုန်၊ လူပန်း၊ ငွေကုန်ဖြစ်ခဲ့ကြရသည်။ အဆိုပါအခက်အခဲကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြစ်သာမြစ်အရှေ့ဖက်တွင် ကျေးလက်လမ်းဖောက်လုပ် လျှက်ရှိသဖြင့် မကြာမီ ကာလ၌ သွားလာပို့ဆောင်မှု လွယ်ကူလာမည်ဟု သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်၌ အဆိုပါ မြစ်သာမြစ် အရှေ့ဖက်ရှိ မိုးစို၊ မိုးစိုရွာသစ်၊ ချောင်းကောက်၊ ရွာမ၊ အလယ်ရွာ၊ မြင်သား၊ ကုန်းရွာ၊ စမ်းမြို့၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ ဝင်ဝ စသည့်ကျေးရွာများကို ဆက်သွယ်သွား
လာနိုင်သည့် မြေသားလမ်းကို ဇွန် ၂ ရက် နေ့ကစတင်လျှက် မြို့ဖေမိသားစုကုမ္ပဏီက ဖောက်လုပ်လျှက်ရှိရာ လမ်းအရှည် ၁၄ ဒသမ ၄ မိုင်ရှည် မြေသား လမ်းအဖြစ်ဖောက်လုပ်ခြင်းဖြစ်ပြီး မြေသားလမ်း နှင့်အတူ သစ်သားတံတား ၁၅ စင်း၊ ရေပြွန် ၁၄ ခု၊ ရေကျော် ၄ ခုတို့ကိုပါဆောက်လုပ်
သွားမည်ဖြစ်ကာ ဌာနမှ ငွေကျပ် ၆၆၆ သန်း ခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါလမ်း ဖောက်လုပ်နေမှုအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဌာန ဝန်ကြီး ဦးဝင်းမြင့်မောင်၊ မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက် အကူပြုကော်မတီဥက္ကဌ ဦးနိုင်ဦးတို့နှင့်တာဝန်ရှိသူများသည် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
“ လမ်းဖောက်နေထာ မြင်ရတော့ သိပ်ဝမ်းသာတယ်ဗျာ၊ လမ်းပန်း၊ဆက်သွယ်၊ သွားလာရေးသာမက ဒေသထွက်သီးနှံတွေ
ကျေးရွာအတွက် လိုအပ်တဲ့ကုန်ပစ္စည်းတွေ လွယ်လွယ်ကူကူ ပို့ဆောင်၊ သယ်ယူနိုင်တော့ မှာဖြစ်ပါတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှာလဲ ကျွန်တော်တို့လမ်းနဲ့ တစ်ဆက်တည်း ကျေးလက် လမ်းဖောက်လုပ်နေတယ်လို့ သိရပါတယ်၊ ဆက်သွယ်၊ သွားလာမှုအဆင်ပြေသွားရင် လူမှုရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေ အားလုံးအဆင်ပြေချောမွေ့သွားမှာပါ “ ဟု မိုးစိုကျေးရွာနေ ပြည်သူတစ်ဦး ကပြောသည်။


Source; Magway News
(ယောသူတို့ရွာ ပေ့မှ ကူးယူဖေါ်ပြပါသည်)

No comments:

Post a Comment