Menu

Monday, June 29, 2015

ယောချည်ထမီအလွမ်း



ကျမတို့ယောဒေသမှာ အရင်ကလို ကိုယ်တိုင်ငင် ကိုယ်တိုင်ယက် ကိုယ်တိုင်ချုပ်တဲ့ ထမီတွေ ကိုပဲ ဝတ်ကြတယ်လေ ... ချည်ချောတာရှိ သလို ချည်းကြမ်းတာလဲရှိတာပေါ့ ... တစ်ချို့ ထမီများဆို ယက္ကန်းစင်ကချပြီး ချက်ချင်း မဝတ်နိုင်ကြဘူး တောင့်တောင့်ကြီး ဖြစ်နေလို့ .... ကျမ ခုနစ်တန်းနှစ် .... တစ်နေ့တော့ ကျမလေ အမေယက်ပေးတဲ့ ရေနှစ်ခါပ လျှော်ရသေးတဲ့ ထမီလေးဝတ်လို့ ပေါ့ ..
အဲတာ မအို(အဖွား)က နင့်အမေသွားခေါ် ချေစမ်း တောင်တိုက်မှာတဲ့... . ကျမတို့နေတာက မြောက်တိုက်မှာလေ အစွန်ဆုံးပေါ့ ... ကျမလဲ အဲပါ မအိုရဲ့ ဆိုပြီး အိမ်လှေကားခနစ်ထစ်ကို သုံးလှမ်းပဲ အောက်ကို ခုန်ပလိုက်ပီး (ပြောရရင်ဖင်ကြွတယ်ပေါ့) .. လမ်းရောက်တော့ ပုံမှန်မလျှောက်ဘူးလေး ခြေတစ်ချောင်းခြေချန ဆတ်ကတောက် ဆတ်ကတောက် ခုန်ဆွ ခုန်ဆွ ပြေးတာ ... လမ်းဟိုဘက် မျက်စောင်းထိုးအိမ်က ခွေးမဲက ဖယ်ကတည်းက မျက်စိနောက်နေတာမသိ ... အသာလေးပြေးလာပြီး လူကိုလှမ်းဆွဲ ပလိုက်တာ .. ကံကောင်းချင်တော့ ခွေးဆွဲတဲ့အချိန် ခြေလှမ်းတဲ့အချိန် ညားတော့ ထမီန အစွယ်န ချိတ်မိပါလေရော.....
ကျမလည်း နဂိုအပြေးသန်တဲ့သူလေ ... ခွေးကိုက်မှန်းလဲသိရော အရှိန်တင်ပလိုက်ပီး ကဆုန်ပေါက် ပြေးတာ ခွေးခမြာ တရွတ်တိုက်ကြီးပါလာတယ်လေ ... ကျမလည်း အသကုန်အော်လဲအော် ပြေးလဲပြေး ဘသူမှလည်းရောက်လာဘူး ... ဝါးတစ်ရိုက်လောက်လည်း ရောက်ရော ထမီ အောက်တစ်စပ်ကပြဲကျန်ခဲ့တယ် ... ခွေးလည်း အဲတော့မှ အသကုန်နောက်ပြန် ပြေးသွားပြီး သူတို့အိမ်အောက်လှေကားခုံ အောက်မှာသာသာလေးသွားဝပ်နေတော့ တယ် ..
ကျမလည်း ဘယ်ရမလဲသာမျိုးတော့ ခွေးနောက်ကိုပြန်လိုက်ပြီး သူ့အိမ်ရှင်ကို လှမ်းအော်လိုက်တယ် ..... သမှာ ခွေးကိုက်လို့ ထမီပြဲသွားပြီ အသစ်ကြီးရှိသေးတာ အိမ်မှာ ဝတ်စရာမရှိတော့ဘူး ... အလျော်ပေး ... လို့ ... ခွေးကိုလည်း တုတ်န နှစ်ချက်လောက် ရိုက်ပခဲ့တယ်...... ဟုတ်တယ်လေ ထမီ တစ်ကွင်းရဖို့ လွယ်တယ်မှတ်လို့ ....ကျောင်းပိတ်တာန အကုန်လုပ်ရတာ ... နှစ်လကျောင်းပိတ်မှ ဝါကျိတ် ဗိုင်းငင် ယက္ကန်းယက် အကုန်လေ ... တစ်နှစ်နေလို့ ထမီတစ်ထည် မရပကား .... ခ်ခ် ... အဲသာနပ သူ့သခင်က ထမီလေးတစ်ထည် အိမ်လာပေးရှာလေသတည်းးးးးးးးးးးး

ယောပုဏ္ဏမီ

No comments:

Post a Comment