Menu

Tuesday, June 16, 2015

ယောနယ် က လက်စား ဆိုတာ


မြန်မာ့ဝေါဟာရ အရ လက်စားချေတယ်၊တုန့်ပြန်တယ်လို့ ယူဆချင်စရာပါ။စစ်ရေး၊နိုင်ငံရေးနဲ့ တစ်ဦးနဲ့တစ်ဦး အမုန်းပွားကြရာမှာ *လက်စားခြေ တုန့်ပြန်မယ်လို့ ကြိမ်းဝါးတတ်ကြပါတယ်။ ဒါဟာ ကောင်းတဲ့အမူအကျင့်မဟုတ်ပေမယ့် တစ်ဦးချင်းတွေ၊အဖွဲအစည်းချင်းတွေ နိုင်ငံချင်းတွေရဲ့ ခံယူတုန့်ပြန်ချက် ချင်း တွေကလဲ မတူညီကြပါဘူး။

ကျမတို့ ဒေသရဲ့ လက်သုံးစကားဖြစ်တဲ့ "လက်စား" ဆိုတာကတော့ ဒီလို အမူအကျင့် အလေ့အထလေးပဲ ဖြစ်ပါတယ်။ မိမိ၏လုပ်အားခကို အခကြေးငွေ မယူဘဲ မိမိထံသို့ မိမိလိုအပ်ချိန်တွင် ပြန်၍အခကြေးငွေ မယူပဲ လုပ်အားပြန်ဆပ်ရန်ဖြစ်သည်။ "လက်စား"နှင့် ပတ်သက်၍ ယောဒေသတွင် ပြောနေကျ ယော စကားပုံမှာ "လင် (ယာက်ျား) သေတောင်မငိုအားဘူးတဲ့"။
မိမိ၏ ယောက်ျားသေဆုံးပါလျှင်တောင် မိမိထံ "လက်စား" လိုက်ပေးထားသောသူမှ လုပ်အားလိုအပ်လာပါလျှင် မိမိ၏ ယောက်ျား သေနေပါရက်ထိုင်ငိုမနေပဲ မိမိလုပ်အားအတွက် လုပ်အားပြန်ဆပ်ပေးပါမည် ဟု ဆိုလိုပါသည်။ မည်သည့် အခြေနေတွင်မဆို မိမိထံ လက်စား လိုက်ပေးထားသောသူကို မဖြစ်မနေ လုပ်အား ပြန်ဆပ်ပေးရမည် ဆိုသော အဓိပ္ပါယ်ဖြစ်ပါသည်။
သို့ပင် ကျွန်မတို့ ယော ဒေသမှ ယောသူယောသားများသည် တစ်ဦးအပေါ် တစ်ဦး နားလည်မှု ယုံကြည်မှု ဖြင့် တစ်ဦး၏ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်း ကူညီပေးခြင်းဖြင့် တန်ဖိုးထား ကြပါသည်။

ပေးပို့သူ = မေရှင်ယော (ရွာစည်)

No comments:

Post a Comment