Menu

Thursday, June 11, 2015

ထိန်းသိမ်းကြပါစို့

ယောနယ်မှာမွေး ယောသွေးတို့ဖြင့်
ရှင်သန်စီးဆင်း ယောသူလေးရေ
အစဉ်အလာအရ မင့်ထိန်းပြမှ
ဤကမ္ဘာ၀ယ် ယောလူမျိုးရယ်
တည်ရှိနေမည် ယောရွှေပြည်.....
ေေ

ယောစကားသံပျောက် တခြားသံရောက်မှ
ခက်ချေ တော့မည် ငါတို့မြေသည်
စရိုက်မတူ လူမျိုးခြားကား
ယောမြေကိုမျို ယောရေကိုသောက်လို့
ယောသမိုင်းကိုဖျောက်ကာ
သူ့အကျိုးစီးပွား ယောလူမျိုးအား
ကစားမည့်အရေး ငါတို့အရိုးအား
စည်းရိုးထိုး၍ ကာသင့်ကာမည်
ငါတို့လူမျိုး အမြဲစည်းရုံးပါမှ

ယောရဲ့ရှေ့ရေး
ရင်အေးရမည် ယောရွှေပြည်....


နောင်လာနောက်သား ယောနယ်ဖွားများ
ရိုးရာအမွေ ထိန်းသိမ်းလျှင်

ယောလူမျိုးရယ် ဤကမ္ဘာ၀ယ်
ကမ္ဘာတည်သရွေ့ ယောတည်ရမည်
ထိန်းသိမ်းကြမည် ယောရွှေပြည်......                               


ဦးနေကို(ယော)

(ယောသူတို့ ရွာ Facebook page မှ ကူယူတင်ပြပါသည်)

No comments:

Post a Comment