Menu

Wednesday, June 10, 2015

မင်းအုပ်စိုးကို လူသတ်မှုဖြင့်စွဲချက်တင်


လူသတ်မှုဖြင့် တရားစွဲဆိုခံထားသော သရုပ်ဆောင်မင်းအုပ်စိုးကို ဗဟန်းမြို့နယ်တရားသူကြီးက လူသတ်မှုဖြင့် စွဲချက်တင်လိုက်ပြီ ဖြစ်သည်။ 
ယနေ့ (ဇွန် ၁၀ ရက်) ရုံးချိန်းတွင် စွဲချက်တင်သည့်အမိန့်ကို တရားသူကြီးက ဖတ်ပြပြီးနောက် မင်းအုပ်စိုးအား အပြစ်ရှိ၊ မရှိ မေးမြန်းရာ ၄င်းက အပြစ်မရှိကြောင်း ရုံးတော်ကို ထွက်ဆိုသွားသည်။


ပြီးခဲ့သည့် ဇွန်လ ၈ ရက်ရုံးချိန်းတွင် လူသတ်မှုဖြင့် စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်လျှောက်လဲချက်တင်ရာ၌ မင်းအုပ်စိုး၏ ရှေ့နေက မင်းအုပ်စိုးသည် ယင်းအမှုနှင့် ပတ်သက်၍ တာဝန်သိသိ သွားရောက် အသိပေးခဲ့သောကြောင့် ပုဒ်မ ၃၀၂-၁- (က)၊ (ခ)၊ (ဂ) တို့နှင့် ငြိစွန်းခြင်းမရှိဘဲ ပုဒ်မ ၃၀၂-၂ ဖြင့် စွဲချက်တင်ပါက ဆက်လက် ဖြေရှင်းသွားမည်ဟု လျှောက်လဲချက်တင်ထားသည်။ ဇွန်လ ၁၇ ရက်တွင် ထပ်မံ ချိန်းဆိုလိုက်ပြီး အဆိုပါရုံးချိန်းတွင် အခင်းဖြစ်ပွားသည့်အချိန်က သေဆုံးသူ တေးနုယဉ်နှင့်အတူ ရှိခဲ့သည့် အမျိုးသမီးသုံးဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခုစွဲချက်တင်လိုက်သည့် ပုဒ်မ ၃၀၂ - ၂ မှာ တင်ကူးကြံရွယ်ချက်မရှိဘဲ လူသတ်မှု ကျူးလွန်ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက တစ်သက်တစ်ကျွန်းဖြစ်စေ၊ အလုပ်ကြမ်းနှင့်ထောင် ဆယ်နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေတွင် ဖော်ပြထားသည်။

ဒီနေ့ရုံးချိန်းကို တရားလိုမိသားစုအား အားဖြည့်သည့်အနေဖြင့် ယောလူငယ်အဖွဲ့ (ဗဟို)မှ ဥက္ကဌ ဦးဆောင်တဲ့ အမာခံ အင်အား ၂၀ယောက်မှ သွားရောက် ၀န်းရံ လေ့လာခဲ့ကြပါတယ်။ 

သေဆုံးသူ မတေးနုယဉ် ၏ သေဆုံးခဲ့ရသည့် ဒါဏ်ရာဒါဏ်ချက် များမှာ မတော်တဆမှု ပုံစံ မဟုတ်သည့် အတွက် ယောလူငယ်အဖွဲ့ အနေဖြင့် အမှန်တရားပေါ်ပေါက်ရေးအတွက် ဝန်းရံခံကြခြင်းဖြစ်သည်။ ထို့အပြင် သက်သေမိန်းခလေး သုံးဦးမှာ တရားခံမင်းအုပ်စိုး ၏ အရိပ်အာဝါသအောက်မှ ဝန်ထမ်းများဖြစ် ၍ ၄င်းတို့ ၏ထွက်ဆိုချက်များ မှာ မှန်ကန်စေလိုကြောင်း အသင်းသားများမှ ဆန္ဒပြုပါသည်။

ယောလူငယ် အဖွဲ့(Online) (ပြန်ကြားရေး အဖွဲ့)
Ref ; 7 Day New Journal

No comments:

Post a Comment