ယောသူတစ်ယောက်ဖြစ်လို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူတယ် ...မြို ပေါ်မှာ နေတာကြာလာတော့ ကိုယ့်ယောဘက် နဲ့ ကွာခြားတာတွေ အများကြီးရှိတာသိလာတယ် ..
တိုးတတ်မှု တွေ အားနည်းချက်ရှိပေမယ့် ရိုးသားမှုလေးတွေ ရှိတဲ့မျက်နှာ ၊ ဖော်ရွေတဲ့ အပြုံး ၊ လှိုက်လှဲတဲ့  ခင်မင်မှု (ကိုယ့်ဒေသကိုလာ လည်တဲ့ ဘယ်ဧည့်သည်မဆို) ၊ မြို့ စာတွေ လို ခေတ်မမှီပေမယ့် လတ်ဆတ်တဲ့ခြံထွက်သီနှံ စားစရာတွေ (စေတနာတွေနဲ့မို့ ပိုစားကောင်းတယ်) ၊ ခေတ်မှီတဲ့ တိုက်အမြင်ကြီးတွေမရှိပေမယ့်  ကိုယ့်ခြံဝင်းကျယ် အိမ်ကြီးကြီးတွေတွေမှာ စိတ်လွတ် ကိုယ်လွတ် နေရတာ စိတ်ချမ်းသာတယ်။
အခြားလူတွေ ပြောနေကြတဲ့ အောက်လမ်းအတတ်တွေ မွေးကတည်းက ခုချိန်ထိ မတွေ့ ဖူး မကြုံဖူးလို့  သူတို့ ပြော တာ အမှန်ကြောင်း ငြင်းချင်ပေမယ့် အရောက်နည်းနေတဲ့ ကိုယ့်ဒေသကို ရောက်ဖူးသူမှ ယုံကြတာ ရိုးသားကြတယ်ဆိုတာ ။ နောက်ပိုင်း သူတို့ နဲ့ အပြိုင် အငြင်းမပွားလိုတော့ ... ကိုယ့်ဒေသ တိုးတက်ဖို့  ကိုယ်တစ်ပိုင်တစ်နိုင် လုပ်နိုင်ဖို့  ယောသူရိုးသားဂုဏ်ကို ထိန်းဖို့ 
သာ ကြိုးစားတော့မယ်လို့  ....။
ကိုရင် ဒိပ္ပ
(ယောသူတို့ ရွာ Facebook Page မှ ကူးယူဖေါ်ပြပါသည်)
No comments:
Post a Comment