Menu

Sunday, June 7, 2015

၇.၆.၂၀၁၅ ယောလူငယ်(Online)အဖွဲ့ ( မန္တလေး )လှုပ်ရှားမှု


၂၀၁၅ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ မနက် ၉ နာရီမှာ ယောလူငယ်(Online)အဖွဲ့(မန္တလေး)ရဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲကို ပေါင်းလဲဘုရားအရှေ့ဖက် ဓမ္မာရုံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်..။
ယင်း တွေ့ဆုံဆွေးနွေးပွဲသို့ ဆရာတော်သံဃာတော် (၂)ပါး နှင့် မန္တလေးရောက်ယောသူယောသား ၁၅ ယောက်ခန့်တက်ရောက်ခဲ့ကြပါတယ်..။ ယောလူငယ်(Online)အဖွဲ့( မန္တလေး)မှ နာယက အဖြစ် အရှင်ခေမာစာရမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယောလူငယ်(Online)အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့ပုံ နှင့် ရည်ရွယ်ချက်အကျဉ်းတို့ကို ပဏာမ ပြောကြားခဲ့ပါတယ်..။
ထိုနောက်ယောလူငယ်(Online)အဖွဲ့(မန္တလေး)အတွက် ဖွဲ့စည်းပုံကို အောက်ပါအတိုင်း ဖွဲ့စည်း တာဝန်ယူခဲ့ကြပါတယ်..။
နာယက - အရှင်ခေမာစာရ(Ashin......)
ဥက္ကဌ - ဦးဘိုဝ(Naing Min Khaing)
အတွင်းရေးမှူး(၁)(စီမံရေး) - ကိုမင်းသန့်ဌေး(Maung Min Thant)
အတွင်းရေးမှူး (၂)(ဘဏ္ဍာရေး) - ဒေါ်ကေသီဦး
ဘဏ္ဍာရေးမှူး - ဒေါ်မြသီတာ
စည်းကမ်းထိန်းသိမ်းရေးမှူး - ဦးစိန်ဘိုဦး
ပြန်ကြားရေးမှူး (၅) ဦး
စည်းရုံးရေးမှူး ( ၇ ) ဦး
မှတ်တမ်းရေးမှူး (၂) ဦး
စာရင်းစစ် (၂) ဦး
အဲနောက်မှာတော့ အသင်းလစဉ်ကြေးကို အများသဘောတူ ၅၀၀၀ ကျပ်အဖြစ် သတ်မှတ်ခဲ့ကြကာ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူး၍ မနက် ၁၁ နာရီခန့်တွင် တွေဆုံဆွေးနွေးပွဲအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်……။


ယောလူငယ်(သတင်းပြန်ကြားရေးအဖွဲ့)

No comments:

Post a Comment