Menu

Wednesday, June 10, 2015

မင်းအုပ်စိုးကို စွဲချက်တင်ပြီ၊ အမြင့်ဆုံးပြစ်ဒဏ် ဘယ်လောက်ခံရမလဲ


သရပါမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာ မတေးနုယဉ်ကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ရုပ်ရှင်မင်းသား မင်းအုပ်စိုးကို ရာဇဝတ်မှုပုဒ်မ ၃ဝ၂ (၂)နဲ့ ဇွန်လ ၁ဝရက်နေ့က ပထမဆုံး စွဲချက်တင်လိုက်ပါတယ်။
အပြစ်ကျုးလွန်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့မယ်ဆိုရင် ထောင်ဒဏ် ဘယ်လောက် ကျခံရမှာလဲ။ တရားရုံးက မှန်မှန်ကန်ကန် အမိန့်ချဖို့နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်ဖို့ မျှော်လင့်ထားသူကတော့ တေးနုယဉ်ရဲ့ အစ်မဖြစ်သူ မသင်းသင်းမူပါ။ ဒီလုပ်ရပ်ဟာ ကြိုတင်ကြံစည်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။ ဒီလို ရာဇဝတ်ပြစ်ဒဏ်နဲ့ စွဲချက်တင်ဖို့ တရားလိုအကျိုးဆောင်ရှေ့နေက ဇွန် ၈ရက်မှာ တရားရုံးကို လျှောက်ထားခဲ့တာဖြစ်ပြီး ပုဒ်မ ၃ဝ၂(၂)ဟာ အနိမ့်ဆုံး ထောင်ဒဏ် ၁ဝနှစ်ကနေ အမြင့်ဆုံး တစ်သက်တစ်ကျွန်း အထိ ချမှတ်နိုင်ပါတယ်။ ဒီလိုလျှောက်ထားရာမှာ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေ၊ မှုခင်းဆရာဝန်တွေရဲ့ ဆေးစာတွေကို အသုံးပြု လျှောက်ထားခဲ့တာဖြစ်ပါတယ်။ တေးနုယဉ်ဟာ ယောဒေသက မိန်းကလေးတစ်ယောက်ဖြစ်တာမို့ အမှုမှာ ပါဝင်ကူညီနေတဲ့ ကိုသင်္ခက ဥပဒေအတိုင်း ထိုက်သင့်တဲ့ပြစ်ဒဏ် ခံရစေချင်တယ်လို့ ပြောပါတယ်။ လာမယ့် ဇွန် ၁၇မှာတော့ တရားခံရဲ့ အခွင့်အရေးအရ တရားခံပြသက်သေတွေဖြစ်တဲ့ ဇင်သူသူအောင်၊ ဟေမာသက်နဲ့ ထက်ထက်လှိုင်တို့ကို ခေါ်ယူစစ်ဆေးဖို့ ရှိနေပါတယ်။


ယောလူငယ် အဖွဲ့(Online) (ပြန်ကြားရေး အဖွဲ့)
Ref ; ကမာရွတ် မီဒီယာ


No comments:

Post a Comment