Sunday, June 7, 2015
ယောလူငယ် ဗဟိုအဖွဲ့ ဒုတိယ အကြိမ်တွေဆုံမှုမှတ်တမ်း (7.6.2015)
၇.၆.၂၀၁၅။ယောလူငယ် ဗဟိုအဖွဲ့(ရန်ကုန်)။
၂၀၁၅ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နေ့လည် ၁၂ နာရီမှာ ယောလူငယ်ဗဟိုအဖွဲ့(ရန်ကုန်)ရဲ့ ဒုတိယ အကြိမ်မြောက်တွေ့ဆုံပွဲကို စွယ်တော်ဘုရားဝန်းအတွင်းရှိ ယောအသင်းဓမ္မာရုံတွင် ကျင်းပပြုလုပ် ခဲ့ပါတယ်..။ ၎င်းတွေ့ဆုံပွဲမှာ ဆရာတော်/သံဃာတော်များ၊ ယောအသင်းတိုက် ဥက္ကဌ ဦးအေးမောင်၊ ယောလူငယ်အဖွဲ့(Online)မှ ခေါင်းဆောင်ပိုင်းများနှင့် တက်ကြွလူငယ် ၄၅ ယောက်ခန့် တက်ရောက် ခဲ့ကြပါတယ်..။
အဆိုပါတွေ့ဆုံပွဲမှာ ကိုအောင်မြင့်မိုးမှအခန်းအနာမှူးအဖြစ်တာဝန်ယူခဲ့ပြီး ယောလူငယ် ဥက္ကဌကြီး ဦးဌေးလှိုင်(ခ)ယောသိင်္ခ မှ ယောလူငယ်အဖွဲ့ ဖွဲ့စည်းဖြစ်ခဲ့ပုံနှင့် ရည်ရွယ်ချက်အကျဉ်းကို ပဏာမ ပြောကြားခဲ့ပါတယ်…။ ၎င်းနောက် ယောအသင်းတိုက် ဥက္ကဌ ဦးအေးမောင်မှ
- ယောသူ/ယောသား လူငယ်များရဲ့ တက်ကြွစွာ လှုပ်ရှားမှုတွေအတွက် ဂုဏ်ယူမိပါကြောင်း၊
- ယောအသင်း နှင့် ယောလူငယ် အဖွဲ့ (Online) မှာ နှစ်ဖွဲ့ဖြစ်နေသော်လည်း ရည်ရွယ်ချက်မှာ ယောဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက် တစ်ခုတည်းသာဖြစ်လို့ အတူတကွ စည်းလုံးစွာ ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊
- သူ၏ ယောအသင်းတိုက် ဖွဲ့စည်းခဲ့သည့် အတွေ့အကြုံများကို အခြေခံပြီး အဖွဲ့အနေဖြင့် သတိမူရမည့်အချက်များကို ပြောကြားခဲ့ပါတယ်..။
အတွင်းရေးမှူး(၂) ကိုခင်မောင်ထွေး (ခ) ပုညာမြေမှ
- အသင်းရဲ့ဖွဲစည်းပုံများ၊ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အသင်းအနေနဲ့ ယောဒေသအကျိုးကို စည်းလုံးတက်ကြွစွာ ဆောင်ရွက်ကြစေလိုကြောင်း၊
- မည်မျှပင် ကောင်းသောအမှုကိုပြုကြတာဖြစ်သော်လည်း အခက်အခဲ အတိုက်အခံများမှာ မလွဲမသွေရှိမည်ဖြစ်ကြောင်း၊
- ထိုအခက်အခဲ အတိုက်အခံများကို အဖွဲ့ရဲ့ စည်းလုံညီညွတ်မှုနဲ့ ဖြတ်ကျော်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်..။
အခန်းအနားမှူး ကိုအောင်မြင့်မိုးမှ
- အသင်း၏ အစည်းအဝေးကျင်းပပုံများ၊ အသင်းဝင်များ၏ တာဝန်နှင့် စည်းကမ်းများ၊ အသင်းဝင်အဖြစ်ဝင်ရောက်ခွင့် နှင့် အသင်းဝင်များ၏ ရပိုင်ခွင့်များ၊ အသင်းဦးတည်ချက်များကို အသေးစိတ်ရှင်းလင်းခဲ့ပါတယ်..။
ဘဏ္ဍာရေးမှူး မဇာဇာ မှ
- ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး အသင်းဝင်ကြေး၊ လစဉ်ကြေးသတ်မှတ်ပုံ ၊ လစဉ်ကြေးပေးသွင်းပုံ၊ ငွေကြေးလက်ဝယ်ထားရှိပုံနှင့် စာရင်းရှင်းတမ်းများကြေညာခြင်းတို့အတွက် ဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ပြောကြားခဲ့ပြီး ရန်ပုံငွေသည်အလွန်အရေးကြီးပါကြောင်း၊
- ရန်ပုံငွေမရှိပါက အဖွဲ့သည် ရေရှည်ရပ်တည်နိုင်မည်မဟုတ်ကြောင်း၊
- ရန်ပုံငွေတောင့်တင်းမှသာ လိုအပ်သောနေရာများတွင် ထိရောက်စွာအသုံးပြုနိုင်မည် ဖြစ်ကြောင်းများကို တိုက်တွန်းပြောကြားခဲ့ပါတယ်..။
ထိုနောက် ဘဏ္ဍာရေးအဖွဲ့မှ မအိဖြူက ငွေကြေးကောက်ခံရေး၊ လှုပ်ရှားမှုသတင်းပေးရေးတို့အတွက် ရန်ကုန်ရှိ မြို့နယ်အလိုက် ခေါင်းဆောင်ပိုင်းများရွေးချယ်ပေးခဲ့ပါတယ်..။
နိဂုံးချုပ်အနေဖြင့် အဖွဲ့ ဥက္ကဌကြီး ဦးဌေးလှိုင် (ခ)ယောသိင်္ခမှ
- ယခုယောလူငယ်အဖွဲမှာ ပါတီနိုင်ငံရေးလုံးဝကင်းရှင်းပါကြောင်း၊
- မိမိတို့ အဖွဲ့တွင် အမျိုးမျိုးသောနိုင်ငံရေးပါတီလက်ခံသူများ ပါဝင်ကြသော်လည်း ယောလူငယ် အဖွဲ့သို့ ရောက်ရှိလာပါက ယောဒေသ ဖွဲ့ဖြိုးရေးကိုသာ လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊
- မိမိတို့ နိုင်ငံရေးအစွဲများနှင့် ဝါဒဖြန့်ခြင်းများကို ပြင်းထန်စွာ တားမြစ်ပိတ်ပင်ပါကြောင်း၊
- မိမိတို့ အဖွဲ့အစည်းအနေနဲ့ ယောဒေသဖွဲ့ဖြိုးတိုးတက်စေမည့် မည်သည့် နိုင်ငံရေး အဖွဲ့အစည်းကို မဆို လက်တွဲရန်အသင့်ဖြစ်ကြောင်း၊
- လက်တွဲသည်ဟုဆိုရာတွင်လည်း ယောဒေသဖွံ့ဖြိုးမည့် အလုပ်ပြီးမြောက်ခြင်းအတွက်သာ အဓိကထားပါကြောင်း၊
- ယင်းပါတီအား ယောလူငယ်အဖွဲ့အနေဖြင့် ထောက်ခံခြင်း၊ သြဝါဒခံယူခြင်း လုံးဝ (လုံးဝ) မဟုတ်ပါကြောင်းရှင်းလင်း ပြောကြားခဲ့ပါတယ်..။
ယင်းနောက်မှာတော့ အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အကြံဥာဏ်များရယူခဲ့ကြပြီး အသင်းလစဉ်ကြေးကို အများသဘောတူ ၃၀၀၀ ကျပ်သတ်မှတ်၍ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကာ ညနေ ၄ နာရီခန့်မှာတော့ ယောလူငယ်(Online)အဖွဲ့ ဒုတိယအကြိမ်မြောက် တွေဆုံဆွေးနွေးပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်….။
ယောလူငယ်(သတင်းပြန်ကြားရေးအဖွဲ့)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment