Menu

Thursday, June 11, 2015

ပကတိ


အထင် မကြီးပါနဲ့
ယောလူငယ်အဖွဲ့ ဟာ
ယောချစ်စိတ်တစ်ခုသာ
ချမ်းသာပါတယ်။
 


အထင် မကြီးပါနဲ့
ရတဲ့လစာလေးနဲ့
အဖွဲ့ရပ်တည်ဖို့ အရေး

ဖေးဖေးမမ
ရပ်တည်နေကြရတာပါ။
 

အထင် မကြီးပါနဲ့
အချင်းချင်းတွေ့ဆုံဖို့အရေး
အလုပ်ရှင်သူဌေးကို
ိုမျက်နှာ ချိုသွေး
အပြေးအလွှား လာကြရသူတွေပါ။
 

အထင် မကြီးပါနဲ့
Online group မို့ 
မျက်ခြေမပြတ်ဖို့အရေး
ဖုန်းဘေလ်လေးကို
လစာလေးထဲက
ဖဲ့ပြီးထည့်နေရသူတွေပါ။
 

အထင်မကြီးပါနဲ့
ယောနယ့်အရေး
ဖေးမ ကူဖို့ တွက်
စားချင်းရက်မစား
ဝတ်ချင်းရက် မဝတ်

ဖြစ်နိုင်သမျှ ချွေတာ
တည်ဆောက်နေ ကြတာပါ။
ဒါပေမယ့်ဗျာ...


အထင်တော့မသေးပါနဲ့

ယောချစ်တဲ့သွေးဟာ
အရာရာကို

ဖြတ်ကျော်နှိမ်နင်း
ရောင်နီအလင်းဟာ
မကြာမသွေ
ထွန်းလင်းစေနိုင်မယ်လို့
ငါတို့ နှလုံးသားက
အပြည့်အဝ ယုံထားတယ်။    ။


ယောသိင်္ခ

No comments:

Post a Comment