Menu

Thursday, June 25, 2015

၂၄.၆.၂၀၁၅ ရက်နေ့ တရားခံမင်းအုပ်စိုး၏ ၂၅ ကြိမ်မြောက်ရုံးချိန်း


၂၄.၆.၂၀၁၅ ရက်နေ့ တရားခံမင်းအုပ်စိုး ၏ ၂၅ ကြိမ်မြောက်ရုံးချိန်းကို ယောလူငယ် အဖွဲ့မှ စိတ်ဝင်စားသူ ၁၀ ဦးခန့် တက်ရောက်လေ့လာ ခဲ့ကြပါတယ်။ရုံးချိန်း အစောပိုင်းတွင် မတေးနုယဉ် နှင့် တရားခံမင်းအုပ်စိုး၏ ယခင်ဆက်ဆံရေးများကို မင်းအုပ်စိုးမှ ဖြေကြားခဲ့ပါတယ်။ ထိုနောက် မတေးနု ၏ လူမှုရေးကိစ္စများကို အစစ်ခံခဲ့ပါတယ်။ လူမှုရေးကိစ္စ တို့မည်သို့ပင်ဖြစ်စေကာမူ အမှုအမိန့်ကို မပြောင်းလဲစေနိုင်ပါ။ သားအဖ ပင်ဖြစ်စေ လူသတ်မှုကျူးလွန်ပါက လူသတ်ပြစ်ဒဏ်ကျခံရမှာပဲလို့ ကျနော်တို့ အဖွဲ့မှ သုံးသပ်မိပါတယ်။

 " မင်းအုပ်စိုးမှ ထို လူမှုရေးကိစ္စအား ဆုံးမရာမှ မတေးနုယဉ်က ပုခုံးကို ရိုက်သဖြင့် မင်းအုပ်စိုးမှ ဝဲဘက်နားထင်ကိုဖြတ်ရိုက်သည်၊ မတေးနုမ မျက်နှာအားကုတ်ရန်ကြိုးစား သဖြင့် မင်းအုပ်စိုးမှ လည်ပင်းအား လက်နှင့်ထောက်ထားလိုက်ရာ မတေးနုက လက်ကိုကိုက်သည်၊ မင်းအုပ်စိုးမှ ရုန်းပြီး တွန်းလိုက်ရာ မတေးနုမှာ မှန်တင်ခုံနှင့် နံရံကြားသို့ ဘေးစောင်းကြ သည်။ ထိုနောက် မတေးနုမ ထပ်မံတိုက်ခိုက်ရန်ကြိုးစားသဖြင့် ပခုံး နှစ်ဖက်ကို ဆွဲပီး တွင်းရာ မှောက်ရက် အနေထား ကုတင်ပေါ်သို့ကျသည်၊ ကုတင်ပေါ်တွင် မတေးနု က မင်းအုပ်စိုး လက်ကို ထပ်မံကိုက်သဖြင့် ရုန်းပြီးတွန်းလိုက်ရာ ကုတင်ဘောင် ပေါ်မှ တစ်ဆင့် မှန်တင်ခုံရှေ့ ရှိခုံပု လေးပေါ်သို့ မှောက်ရက်ကျပြီး ကြမ်းပေါ်သို့ ညာဘက်စောင်း အနေထားလဲပါသည်၊ ထိုနောက် မိနစ်ပိုင်းမှ ထိုင်နေသေပြီး စကားပြော နေချိန်တွင် လဲကျသွားကြောင်း ထွက်ဆိုပါသည်" ။ထိုကဲ့သို့ ၁၅ မိနစ်မျှ ရုန်းရင်းဆန်ခတ် ဖြစ်မှုတွင် အောက်ပါ ဆေးစစ်ချက်ပါ ဒဏ်ရာများ ရနိုင်၊ မရနိုင်ကတော့ စဉ်းစားစရာပါ။

ယင်းအမှုနဲ့ ပက်သက်၍ တေးနုယဉ်၏ ဆေးစစ်ချက် အဖြေကို မေလ ၄ ရက်ရုံးချိန်းတွင် မှုခင်းဆရာဝန်က ထွက်ဆိုခဲ့ ပြီး တေးနု ယဉ်၏ ရင်ဘတ်နှင့် ဝမ်းဗိုက်တို့ ၌ ရှိခဲ့သောဒဏ်ရာ များကြောင့် အသည်းစုတ် ပြဲခြင်း ၊ ဝမ်းခေါင်းအတွင်း သွေးလွန်ခြင်း ၊ အဆုပ်ဖူးရောင်ခြင်း ၊ နံရိုးများကျိုး ခြင်းတို့ ကြောင့် ရင်ခေါင်းအတွင်း သွေး သွန်ခြင်းတို့ ဖြစ် ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့သည်။ မင်းအုပ်စိုး ထွက်ဆိုချက်မှာ ထိုမျှလောက်အထိ ဖြစ်နိုင်၊ မဖြစ်နိုင်ကိုတော့ တရားသူကြီးအနေနဲ့ စဉ်းစားမိမှာပါ။
ထို့အပြင် ရုံးချိန်းသွားရောက် ကြားနာသူတစ်ဦးမှ တရားလို အကျိုးဆောင်ရှေ့နေ ၏ ယခုချိန်ထိ နှုပ်ဆိတ်နေမှု ကိုလည်း အားမလိုအားမရ ဖြစ်မိကြောင်းယခုမျှ လောက်ရုန်းရင်းဆန်ခပ် ဖြစ်ရုံမျှ နှင့် သေနိုင်လောက်သော ( မှုခင်းဆရာဝန် ထွက်ဆိုထားသော ) ဒါဏ်ရာများ မရ နိုင်ကြောင်း၊ ထိုလောက် ဒါဏ်ရာများရဖို့ ဆို မင်းအုပ်စိုး အနေဖြင့် မည်မျှ အားသန်စေကာမူ လွယ်လွယ်ကူကူ မဖြစ်နိုင်ကြောင်း သူ့ထင်မြင်ချက်ကို ပြောပြပါသည်။

ယောလူငယ် (ပြန်ကြားရေး အဖွဲ့)


No comments:

Post a Comment