"ကိုအောင်ကျော်ဇံရေ ကျမ သင်တန်းသားရောက်နေလို့ နာရီဝက်လောက် နောက်ကျမှာမို့ အကျီ င်္လေးတွေ ယူသွားပီး လူထိန်းထားနှင့်ပါအုံး" ဆိုတော့ "ဟုတ်ကဲ့" ဆိုပြီး ချက်ချင်း ရောက်လာ အကျီ င်္ ထုတ်တွေ ယူသွားပေး ....
အားကိုးရတဲ့ ယခု အတွင်းရေးမှူး(2) ရဲ့ တုန့်ပြန်မှုက ကျမကို အားအပြည့် ရှိစေခဲ့ပါတယ်.။ အဲလိုပဲ ကျမရဲ့ ချစ်မမကြီး ယခု အတွင်းရေးမှူး(၁)ကလည်း ညီမလေးရေ လာတဲ့သူတွေ စားဖို့ သောက်ဖို့ ဈေးသွားပြီး ကယ်ရီနပါ့ လာခဲ့တော့မယ်.... ဆိုပီး ဒီနေ့ စပွန်စာ ယူခဲ့ပါတယ်...။ ဒီနေ့ကတော့ တကယ်ပျော်တယ်...။ နောက် ရောက်လာတဲ့ သင်တန်းသူကို စာကမန်းကတန်း သင်ပြီး ဖုန်းနဲ့လည်း လူဘယ်နယောက် လာလည်း အခြေအနေ ကောင်းလားဆိုပီး ခနခန ဖုန်းလှမ်းဆက်နေလို့ သင်တန်းသူက နားလည်မှုအပြည့်နဲ့ အမရေ ညီမလေးကိုအားမနာနဲ့ အမကိစ္စကို သွားပါ ဆိုတော့ ဘာပြောကောင်းမလဲ ကဆုန်ဆိုင်းပြီးထပြေးတော့တာပဲ...။ ဟိုလည်းရောက်ရော အားပါးပါး .... အမောကိုပြေသွားတာပဲ...။ ဖိုးသား အလေးသား မမ မောင်မောင်တို့တစ်တွေ ပျော်ပျော်ပါးပါးန စကားတွေ ပြောနေကြတာပါ့ရော...။ ယောသံတွေနချဲ ပြောနေကြတာ နော်...။ ကြားရတာ ကျက်သရေ ရှိလိုက်တာဟန်...။ အကျီ င်္တွေလည်း တစ်ယောက် တစ်ထည် ရွေးကြ မလာနိုင်သူတွေ အတွက်လည်း ယူသွားပေးကြ...။ ယောက်ျားလေးတေကတော့ ချက်ချင်းကို အိမ်သာပြေးလဲ ကြတယ်.....။ မိန်းကလေးတွေလည်း မျက်လုံးလေး ကလည် ကလည်န လဲ ချင်နေကြတာလည်...။ အဲ ရောက်ပီး ခန နေတော့ ကိုထင်အောင်လင်း ရောက်ချလာပါရော...။ ကိုထိန်လင်းအောင်က အမရေ အဲဒါ ကိုထင်အောင်လင်းပါတဲ့ ...။ အော် ဟုတ်ကဲ့ အကို ကျမ ခင်ဝင်းရီပါအကို .....ဆိုပြီး စကားတွေ အများကြီး ပြန်ပြောမိကြပါတယ်...။ ညီမတို့ ယောလူငယ်ကို အကောင်အထည်ဖော်လိုက်တာ အရမ်းကောင်းပါတယ်တဲ့...။ ဒေါက်တာမိုးကျော်ထွန်းကို သိလားတဲ့...။ ဟာ သိတာပေါ့....။ OG လေ စစ်ဆေးရုံကဆိုတော့... ဟုတ်တယ် သူလည်း ယောသားတဲ့...။ သေလိုက်ပါရော အဲလိုမှန်းသိ သမီးမွေးတုန်းက သူန ပြပါတယ်.... လို့ စိတ်ထဲမှာလေ...။ ဖွင့်တော့ ပြောလိုက်မိပါ.... ဘူး။ ဒေါက်တာ မိုးကျော်ထွန်းက ယောဒေသ အကျိုးပြု လေး ဖွဲ့ပေးဖို့ ပြောနေတာ အတော် ကြာပီတဲ့...။ အကိုတို့ ကမအားလို့ပါတဲ့...။ အခုလို ဖွဲ့လိုက်တယ်လို့ ကြားရတော့ အရမ်းဝမ်းသာတယ်တဲ့...။ သူတို့ လည်း တတ်နိုင်သလောက် ကူညီပေးမှာပါတဲ့...။ အဲဒါနဲ့ အဖွဲ့ရည်ရွယ်ချက် ဖွဲ့စည်းပုံလေးတွေ အကြမ်းဖျဉ်းပြောပြဖြစ်ပါတယ်...။ ခုမှ စတာဆိုတော့ စလုပ်နေတုန်းပါ ဆိုတော့.... ဟုတ်တယ် ဖြေးဖြေးလုပ်ပါတဲ့...။ ခုမှ စတာဆိုတော့ အချိန်တော့ ယူရမှာပေါ့တဲ့...။ အားပေးစကားတွေ ကြားရတာ အားရှိတာပေါ့...။ ပြီးတော့ သူတို့လို မျိုးတွေ ပါလာတော့.. အားလည်း ပိုရှိလာတယ်...။ ယုံကြည်မှုလည်း ပိုရှိလာတယ်...။ ဒို့ယောလူငယ် အဖွဲ့ အောင်မြင်ရမယ်.....။ သူလည်း မအားလို့ ပါဆိုပီး အဖွဲ့ဆုံဖို့ မစောင့်နိုင်တော့လို့ ပြန်သွားနှင့်ပါတယ်...။ နောက်တစ်ခေါက် တွေ့ ဖြစ်တဲ့အခါတော့ ဒေါက်တာမိုးကျော်ထွန်းပါ ပါလာမှာပါတဲ့... ပြောသွားသေးတယ်...။
နောက်တော့ အဖွဲ့ဝင်တွေကို တာဝန်ခွဲပေးပီး အချင်းချင်း စကြ နောက်ကြ နဲ့ ပျော်စရာ ကြီးပါ...။ အချင်းချင်းတွေ့ကြတဲ့အခါ ယောစကားမပြောပဲ အောက်သံန ပြောရင် စပွန်စာ လုပ်ရမယ်၊ ပျက်ကွက်သူရှိရင်လည်း စပွန်စာလုပ်ရမယ်၊ ခရီးသွားနေတာဆိုရင် MO ပြရမယ်...။ ဆိုပီး စဖြစ်ကြပါတယ်....။ တာဝန်တွေ ခွဲပေးတော့လည်း အိုးးးးးး အင်တိုက် အားတိုက်ကြီး တွေဟန် တော်တော် ပျော်တာပါ...။ ဘဏ္ဍာငွေ ရှာဖွေရေး တွေကလည်း လစဉ် မထည့်ရင် အိမ်လိုက်ကောက်မယ် ဆိုတဲ့ သူတွေချဲ...။
လစဉ်ဘယ်လောက်ထည့်ရမှာလဲ ငါးထောင်ဆိုတော့ ရော့ ဒီလအတွက် ရော့ ဒီလအတွက်န .... အားရလိုက်တာဆိုတာ ပြောမနေနတော့...။
နောက် အဖွဲ့မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ....။ လူစုခွဲကြ...ပေါ့။ နောက်တစ်ခါ ဆိုဒီထက်များမှာပေါ့နော...။
နောက်ဆို နေပြည်တော် ယောလူငယ်အဖွဲ့အတွက် အင်အားပြည့် ......
ရန်ကုန် ဗဟိုရေ အားမငယ်နနော.... လို့...။
ဒီစာစုလေးနဲ့ နေပြည်တော် ယောလူငယ်ကို ဂုဏ်ပြုလျက်
အားအင်အပြည့်ဖြင့်
နေပြည်တော် ယောလူငယ်
No comments:
Post a Comment