ဒီကနေ့ ၁.၇. ၂၀၁၅ ရက်နေ့မှာ မင်းအုပ်စိုးရဲ့ သတ်ဖြတ်ခံရသူ ကျောက်ထုမြို့နယ်ဖွား မတေးနုယဉ် အမှု့အတွက် ၀ိုင်းရံမှု့ကို ယောလူငယ်အဖွဲ့အနေဖြင့် ၂၆ကြိမ်မြောက် ရုံချိန်းအား တက်ရောက် ခဲ့ပါတယ် ။ ဒီအဖွဲ့ကို ပုံမှန်အတိုင်း တက်ကြွယောလူငယ်အင်အား အမျိုးသား အယောက်၁၀၊အမျိုးသမီးအယောက် ၁၅ဖြင့် သွားရောက်ဝန်းရံပေးခြင်းဖြစ်တာပါ။
ဒီကနေ့ရုံးချိန်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေလဲ တရားခွင်ကိုလာရောက် နားဆင်ပေး လာပါတယ်။ ကျွန်တော်တို့ယောလူငယ်အဖွဲ့မှာလဲ လာရောက်ဝန်းရံ ပေးကြတဲ့အကြောင်းအရင်းနဲ့ အဖွဲ့ရဲ့ရပ်တည်ချက်၊ရည်ရွယ်ချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသေးတယ်။
မိမိတို့အဖွဲ့မှာလဲ ဒေသအကျိုး၊ နယ်သူနယ်သားတွေ အကျိုးကို
မြှင့်တင်လိုတဲ့ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရေးအရောင်
လုံးဝအစွန်းထင်း မခံလိုတဲ့ အဖွဲ့သက်သက်သာ ဖြစ်ကြောင်း ရှင်းပြပြီး
ဦးလှဆွေအနေဖြင့်လဲ ယခုလို လာရောက် ၀န်းရံပေးတာကို အင်မတန်ပဲ
ဝမ်းမြောက်မိပါကြောင်း ၊ယခုလို ယောနယ်ကိုယ်စားလှယ်နဲ့ ပထမဦးဆုံး
အကြိမ်အဖြစ် မထင်မှတ်ပဲ တွေ့ဆုံဆွေးနွေးခွင့်ရလို့ ၊အားရကျေနပ်ပါကြောင်း၊
ကျနော်တို့ ယောလူငယ် အဖွဲ့နဲ့ အန်ကယ်ဦးလှဆွေတို့ ယနေ့တွေ့ဆုံကြတဲ့
အခြေအနေမှာ တခြားလူပုဂ္ဂိုလ်၊အဖွဲအစည်းများက ဝေဖန်ထောက်ပြ
အကျိုးယုတ်စရာအဖြစ် တိုက်ခိုက်လာပါက ပူးပေါင်းဖြေရှင်းဖို့ကိုလဲ
ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။
သူ့အနေဖြင့်လဲ လူငယ်ဖွဲ့ရဲ့ရပ်တည်ရတဲ့အခြေနေအား နားလည်ပါကြောင်း ပါတီနိုင်ငံရေးရဲ့အရိပ်အာဝါသတွေမှ လွတ်ကင်းအောင် ထိန်းမတ်စည်းစောင့် လုပ်ကိုင်ကြဖို့လဲ တိုက်တွန်း နှိုးဆော်ပါကြောင်းနှင့် အမှု့အား အမှန်တိုင်းဖြစ်စေလို၍ အတတ်နိုင်ဆုံး ကူညီဖေးမသွားမှာ ဖြစ်ကြောင်း ရှင်းပြကာ အပြန်အလှန် မိတ်ဆက်ကြပြီး ယောလူငယ်အဖွဲ့အား ရံပုံငွေ တစ်သိန်း ထောက်ပံ့ကူညီခဲ့ပါတယ်။
ထို့နောက် ယောအမျိုးသမီး အဆိုတော် မဆုရူပါမိုးနှင့် ယောလူငယ်အဖွဲ့ ဂုဏ်ပြုတေးစပ်ဆိုရန် လိုအပ်တဲ့ အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပြီးတဲ့၊နောက်နေ့လည်စာအား ကိုရင်ဒိပ္ပမှ ဒကာခံပြီး အောင်မြင်စွာ လမ်းခွဲခဲ့ပါကြောင်း တင်ပြအသိပေး အပ်ပါတယ်ခင်ဗျာ။
ယောလူငယ် အဖွဲ့(ပြန်ကြားရေး)

No comments:
Post a Comment