Menu

Monday, July 27, 2015

၂၉.၇.၂၀၁၅ တွင်​ မင်းအုပ်​စိုးအား အပီးသတ်​အမိန့်​ချမည်


29-7-2015 ရက်နေ့တွင် တရားခံမင်းအုပ်စိုးအား အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်သဖြင့် လောကပါလ တရားနှင့်အညီ လက်ခံကြားနာနိုင်ကြစေဖို့ တိုက်တွန်းနှိုးဆော်ခြင်း
=================================
15-7-2015 ရက်နေ့ရုံးချိန်းတွင် တရားလိုရှေ့နေ လျှောက်လဲချက်အရ
မတေးနုယဉ်သေဆုံးမှုမှာ အခင်းဖြစ်စဉ်အစအဆုံးတွင် မင်းအုပ်စိုးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသည့်အတွက် တရားခံမင်းအုပ်စိုးဟာ လူသတ်မှုတရားခံအစစ်ဖြစ်ကြောင်းနှင့် မင်းအုပ်စိုးအား ပုဒ်မ ၃၀၂ (၂) ဖြင့် အရေးယူပေးပါရန် အပြီးသတ်လျှောက်လဲ တင်ပြခဲ့ပြီး 29-7-2015 ရက်နေ့မှာတော့ အနောက်ပိုင်းခရိုင် တရားရုံးသစ် ၊ မင်းရဲကျော်စွာလမ်း၊ Panda Hotel အနီး၊ တော်ဝင်စင်တာ အနီး၊ စိန်ဂျွန်းမှတ်တိုင်(ပြည်လမ်း)တွင် အပြီးသတ်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်...။

ဒါကြောင့် ယောလူငယ် အဖွဲ့ဝင်များအပြင် ယောသူ/ယောသား ညီအကိုမောင်နှမများအနေဖြင့် လာရောက် ကြားနာပေးကြပါလို့ ...။
သတိပေးချက်
---------------
တရားရုံးမှ အမိန့်ချမှတ်ရာတွင် ကျေနပ်လောက်သည်ဖြစ်စေ၊ မကျေနပ်လောက်သည်ဖြစ်စေ... စိတ်လိုက်မာန်ပါ သတိတရား လက်မလွတ်ကြစေဖို့နဲ့ ယောသူယောသားညီအကိုမောင်နှမတွေရဲ့ စိတ်ထားမြင့်မြတ်မှု တွေကို ပြသပေးကြပါ...လို့ အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ်...။
တရားရုံး၏ ဆုံးဖြတ်ချက်မှာ ကျေနပ်စရာမကောင်းခဲ့သည်ရှိသော် ဥပဒေကြောင်းအရသာ ဆက်လက်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်...။
ယောလူငယ်​ပြန်​ကြား​ရေး အဖွဲ့

No comments:

Post a Comment