Menu

Tuesday, November 21, 2017

ယောလူငယ်​ online(SG)အဖွဲ့ ဒုတိယအကြိမ်​​တွေ့ဆုံပွဲဖိတ်​ကြားခြင်း

မင်္ဂလာပါ……
အဝေးရောက်ယောသူယောသားတို့ရေ
ယောဒေသဘက်စုံဖွံ့ ဖြိုးရေး ကိုတစ်ဖက်တစ်လမ်းမှပါဝင်ကူညီရန် ပြည်တွင်းပြည်ပ အဝေးရောက်ယောသူယောသားများဖွဲ့စည်းထားတဲ့ ယောလူငယ် အဖွဲ့(online) မှ ယောလူငယ် (SG group)ရဲ့ ပထမအကြိမ်တွေ့ဆုံပွဲကို 20.8.2017တွင် PENUSULAR PLAZAအနီးမီးသတ်ရုံဘေး (FORT CANNING PARK) ရှေ့၌ပြုလုပ်ပီးစီးခဲ့ပြီးဖြစ်ပါတယ်။
ယခု ယောလူငယ် (sg ) ဒုတိယအကြိမ်တွေ့ဆုံပွဲကို 24.9.2017 နေ့လည် ၁၂နာရီတွင်Underpass Esplanade ၌ပြုလုပ်သွားမှာဖြစ်သောကြောင့် ယောဒေသဖွံ့ ဖြိုးရေးအတွက်ပါဝင်ဆွေးနွေးရန်စင်္ကာပူရောက်ယောသူယောသားများ ကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
YLN အခြေခံစည်းမျဉ်းနဲ့မူဝါဒ
YLN ဘဏ္ဍာငွေရှာဖွေခြင်း ဘဏ္ဍာငွေသုံးစွဲခြင်း ဘဏ္ဍာရေးစည်းမျည်း
YLN ပညာသင်ဆုဆိုင်ရာစည်းမျည်းစည်းကမ်းများနှင့် YLN မှပြုလုပ်ပီးစီးခဲ့သော လုပ်ငန်းစဉ်များကိုအသေးစိတ်အောက်တွင်ရှင်းပြထားပါတယ်ခင်ဗျာ
ယောလူငယ် online (sg) အဖွဲ့ အကြောင်းအသေးစိတ်ကို CB တွင်သို့မဟုတ်ယောလူငယ်SG မှ ဦးဆောင်သူဖြစ်ကြသော Uncle Myat Khin
ထံတွင်လည်းစုံစမ်းနိုင်ပါတယ်
YLN အခြေခံစည်းမျဉ်းနှင့်မူဝါဒ
(၁) ယောလူငယ်အဖွဲ့(Online) အဖွဲ့သည် ပါတီနိုင်ငံရေး လုံးဝကင်းရှင်းပါသည်။
[( ပါတီ နိုင်ငံရေး ကင်းရှင်းသည် ဟုဆိုရာတွင် ယောလူငယ် အဖွဲ့သည် မည့်သည့် ပါတီ ၏ လက်အောက်ခံ မှ မဟုတ်သည်ကို ဆိုလိုပါသည်။ အဖွဲဝင်များ အနေဖြင့် ကိုယ်ယုံကြည်ရာ နိုင်ငံရေး အဖွဲအစည်းအား ထောက်ခံ ပါဝင်နိုင်ကြပါသည်။ )
(၂) အဖွဲ့ဝင် အားလုံး တစ်စိတ်တစ်ဝမ်းထည်း ယောဒေသအကျိုးရှေ့ရှုဆောင်ရွက်ကြမည်။
(၃) အဖွဲ့ဝင် အချင်းချင်းစိတ်ဝမ်းကွဲစေမည့် အပြောအဆို၊ အရေးအသား၊ အပြုအမူ များကိုလုံးဝ ရှောင်ကြဉ်ကြရမည်။
(၄) အဖွဲ့ဝင် အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဗဟိုအဖွဲ့၏ ဥိးဆောင်မှုအောက်တွင်သာတည်ရှိနေရမည်။
(၅) နယ်မြေခံအဖွဲ့ဝင်များသည် ယောဒေသတွင် ကူညီဆောင်ရွက်ရမည် သတင်းအချက်အလက် များကိုရယူ၍ ဗဟိုသို့အချိန်နှင့်တစ်ပြေးညီ တင်ပြကြရမည်။
(၆) အဖွဲ့အစည်းအတွင်း ပါတီနိုင်ငံရေးများအတွက် စည်းရုံးခြင်း၊ မဲဆွယ်ခြင်းများမပြုလုပ်ရ။
(၇) အဖွဲ့အစည်းအတွင်း မိမိကိုယ်ကျိုးစီးပွားအတွက် ကြော်ညာခြင်း၊ စည်းရုံးခြင်းမပြုလုပ်ရ။
(၈) အဖွဲ့အစည်းအတွင်း ဘာသာရေးကို အကြောင်းပြု၍ နားလည်မှုလွဲမှားစေနိုင်သော အပြုအမူ အပြောအဆိုများ မပြုလုပ်ရ။
အဖွဲ့၏ လုပ်ငန်းများ
- ယောဒေသ၏ ကဏ္ဍပေါင်းစုံမှ ဖွံ့ဖြိုးရေး တည်ဆောက်မှု လုပ်ငန်းများတွင် ပါဝင်ကူညီခြင်း
( ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ယောဒေသနယ်နိမိတ်အတွင်းမှ လုပ်ငန်းများကိုသာ အလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ယောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိရေးလုပ်ငန်းများကို အဖွဲ့မှ ဦးဆောင်၍ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည် )
(၁)ဘဏ္ဍာငွေရှာဖွေခြင်း
အဖွဲ့အတွက် ဘဏ္ဍာငွေကို အဖွဲ့ဝင်များမှ တစ်ဦးလျှင်$5 စီလစဉ်ထည့်ဝင်ခြင်း။
အဖွဲ့ဝင်မဟုတ်သောသူများမှ အလှူ ငွေများ သီးသန့် ထည့်ဝင်ခြင်း။
ရန်ပုံငွေရှာဖွေရေးအဖွဲ့မှ ယောလူငယ်အင်္ကျီများ ရိုက်နှိပ်ရောင်းချ ခြင်း ယောလူငယ် လွယ်အိတ်များ ချုပ်လုပ်ရောင်းချခြင်း အစရှိသဖြင့် ဘဏ္ဍာငွေကိုရှာဖွေပါသည်။
(၂)ဘဏ္ဍာငွေ သုံးစွဲခြင်း
ရရှိသော ရန်ပုံငွေများကို ယောနယ်ဒေသရှိ ကူညီထောက်ပံ့ရန် လိုအပ်သော နေရာများသို့ အဖွဲ့ တိုင်း၏ ဦးဆောင်သူများနှင့် ဆွေးနွေးတိုင်ပင် မဲခွဲဆုံးဖြတ်ကာ ကူညီထောက်ပံ့ကြပါသည်။
(၃)ဘဏ္ဍာရေးစည်းမျဉ်း
ဘဏ္ဍာရေးစည်းမျဉ်းအနေဖြင့် ဗဟိုအဖွဲ့ ဥက္ကဋ္ဌသည် ငွေကြေးကို လက်ဝယ်ထားခြင်းမပြုလုပ်ဘဲ အလုပ်အမှု ဆောင်များသာပါဝင်သော တွဲဖက်စာရင်းဖွင့်ကာ ဘဏ်တွင်အပ်နှံ ထားရှိပါသည်။
ဘဏ္ဍာရေးမှူးသည် အဖွဲ့၏ ဝင်ငွေသုံးငွေ စာရင်းများကိုသာ စာရင်းပြု စု မှတ်တမ်းတင်ထားပါသည်။
ယောလူငယ်ပညာသင်ဆု ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ. .
==============================
၁။ ဤဆုကို ယောလူငယ်ပညာသင်ဆု ဟုသတ်မှတ်သည်။
၂။ ဤဆုအား ယောလူငယ်ပညာသင် ထောက်ပံ့ရေးကော်မတီမှ ဦးစီးဆောင်ရွက် ဆုံးဖြတ်မည်ဖြစ်သည်။
၃။ ပညာသင်ဆုအတွက် စည်းမျဉ်းစည်းကမ်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။
(က) ပညာသင်ဆုထောက်ပံ့ကြေး လျှောက်ထားသူသည်ယောနယ်တွင် နေထိုင်သော ယောနယ်သူ /သား ဖြစ်ပြီး မိဘနှစ်ဦးလုံး (သို့  )မိဘ တစ်ဦးဦးသည် ယောနယ်သူယောနယ်သားဖြစ်ရမည်။
(ခ) ပညာရေး၌သက်ဆိုင်ရာကျောင်းတွင်ဆယ်တန်းစာမေးပွဲကိုထူးချွန်အဆင့်ဖြင့်အောင်မြင်ခဲ့သူဖြစ်ရမည်။အမှတ်စာရင်းကိုပူးတွဲတင်ပြရမည်။
(ဂ) အခြားလူပုဂ္ဂိုလ် တစ်ဦးဦးထံမှ သော်လည်းကောင်း ၊ အဖွဲ့ အစည်းတစ်ခုခုထံမှသော်လည်းကောင်း ထောက်ပံ့ကြေး အပြည့်အ၀ ရယူထားသူ မဖြစ်စေရ။
(ဃ) ပညာအရည်အချင်း ၊ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ သက်ဆိုင်ရာကျောင်း တာဝန်ရှိ ပုဂ္ဂိုလ်၏ ထောက်ခံချက် ပါရှိရမည်။
(င) အမှန်တကယ် ပညာသင်ထောက်ပံ့ကြေး ရရှိရန် လိုအပ်ကြောင်း သက်ဆိုင်ရာနယ်မြေ အကြီးအကဲ၏ ထောက်ခံချက် ပါရှိရမည်။
(စ) အဓိကအချက်အားဖြင့် သက်ဆိုင်ရာယောလူငယ် နယ်မြေခံအဖွဲ့ မှ အဖွဲ့ ၏ သီးခြား ထောက်ခံစာ ပါရှိရမည်။
(ဆ) ယောလူငယ်ပညာသင်ဆု လက်ခံရရှိထားသူသည် မိမိတက်သည့်  သက်ဆိုင်ရာကျောင်းတွင် ထူးချွှန် အဆင့်တွင် ပါဝင်ရမည်ဖြစ်ပြီး စာမေးပွဲကျ ရှုံးခဲ့ပါက ယောလူငယ်ပညာသင်ဆုကို ထပ်မံ လျှောက်ထားရမည် ဖြစ်သည်။
(ဇ) ယောလူငယ်ပညာသင်ဆု လက်ခံရရှိထားသူသည် မိမိတက်သည့်  သက်ဆိုင်ရာကျောင်းများမှ ထုတ်ပေးသည့် ပညာအရည်အချင်းမှတ်တမ်း မိတ္တူ များကို ယောလူငယ်ပညာသင်ထောက်ပံ့ရေး ကော်မတီသို့  ပုံမှန်ပေးပို့ ရမည်။
(ဈ) ပညာသင်ဆု လျှောက်ထားရာတွင် သက်ဆိုင်ရာအထောက်အထားများနှင့် ဓာတ်ပုံများသည် (၁)လအတွင်း ရယူထားသော အထောက်အထားများဖြစ်ရမည်။
(ည) ပညာသင်ဆု လျှောက်ထားသူသည် သက်ဆိုင်ရာကျောင်းများ၌ ရရှိခဲ့ ဖူးသော ပညာထူးချွှန်ဆုနှင့်ပတ်သက်သည့် အထောက်အထား/လက်မှတ် မိတ္တူများကို ပူးတွဲတင်ပြရမည် ဖြစ်သည်။
(၄) ယောလူငယ်ပညာသင်ဆုကို ထောက်ပံ့ မည့်ငွေပမာဏနှင့် ထောက်ပံ့ပေးမည့် လူဦးရေကို ယောလူငယ်အဖွဲ့၏ ရန်ပုံငွေ အပေါ်မူတည်ဆုံးဖြတ်မည်ဖြစ်သည်။
၅။ ယောလူငယ်ပညာသင်ဆုနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ယောလူငယ်ပညာသင်ဆု ထောက်ပံ့ရေး ကော်မတီမှ အခြေအနေ ၊ အချိန်အခါ အားလျော်စွာ ပြင်ဆင် ဖြည့်စွက် ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သည်။**
ယောလူငယ်အဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းစဉ်များ
=================================
၁။ရေပုပ် လေဘေးအလှူ
၂။ကြာဥယျာဉ် ရေအလှူ
၃။အကြည်ဘန်း လေဘေးအလှူ
၎။မတေးနုယဉ် ကိစ္စ
၅။ဇီးတောသား ထန်းပင်ကျ ဆေးရုံစရိတ်ထောက်ပံ့
၆။ထီးလင်းယောလူငယ် သင်တန်းကြေးထောက်ပံ့(PKU)
၇။ထီးလင်းယောလူငယ် သင်တန်းကြေးထောက်ပံ့(ပဲခူး)
၈။ပြင်သာကျေးရွာ ရေဘေးအလှူ
၉။ကလေးမြို့ ရေဘေးအလှူ
၁၀။နန်းစောင်းပုရွာ ရေဘေးအလှူ
၁၁။ကျောက်ထု ဆေးကျောင်းသူ နာရေး
၁၂။ကျောက်ထု ဆေးကျောင်းသူ ဆေးကုသစရိတ်
၁၃။စစ်ကိုင်း ဆရာလေးကျောင်း ရေကန်အလှူ
၁၄။မြောက်ဒဂုံ ဇေယျမင်္ဂလာ ယောကျောင်း ကထိန်အလှူ
၁၅။ပန်းဆန်ရွာမှကလေး ဆီးရောဂါ ဆေးကုသ စရိတ်
၁၆။ယောနယ်ဒေသရ(၇)ရွာတွင် စာပေဟောပြောပွဲ ကျင်းပခြင်း
၁၇။ပြင်သာကျေးရွာ ရေတွင်း ရေကန်အလှူ
၁၈။ရေရှင်ကျေးရွာ ဆေးကျောင်းသား ကျောင်းစရိတ်
၁၉။ဂန့်ဂေါယောလူငယ် ကိုကျော်ဖြိုးဝေ အိမ် မီးဘေးအလှူ
၂၀။သီးကုန်းရွာ မီးဘေးအလှူ
၂၁။2015 ယောအသင်းဝါဆိုသင်္ကန်းကပ် အလှူထည့်ဝင်(မုံလယ်)
၂၂။2016 ယောအသင်းဝါဆိုသင်္ကန်းကပ် အလှူထည့်ဝင်(စွယ်တော်)
၂၃။27.7.16 - 1.8.16 ထိ တိုင်းရင်းသားလူငယ် ညီလာခံတက်ရောက်ခြင်း(ပင်လုံ)
၂၄။10/2016 ယောအသင်း စာအောင်ဆုပေးပွဲအလှူထည့်ဝင်(အဘိဓမ္မာ)
၂၅။စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသား လစဉ်ပညာသင်စရိတ် ထောက်ပံ့
** စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသူ လစဉ်ပညာသင်စရိတ် ထောက်ပံ့
၂၆။1/2017 ဂန့်ဂေါမြို့ နယ်၊ မင်းရွာသား နာရေး ကူငွေနှင့် စရိတ်
၂၇။1/2017 ယောအသင်း သက်ကြီးပူဇော်ပွဲ ဂုဏ်ပြုပွဲ အလှူငွေထည့်ဝင်
၂၈။ကျောက်ဂူဆရာတော်ဘုရားကြီးဂုဏ်ပြု ပူဇော်ပွဲ အလှူ ထည့်ဝင်
၂၉။ဗူးတောင်းဥူးပဇင်း နာရေး လှူငွေ
၃၀။ ကန်ဒေသ တစ်ပါးနေတောရကျောင်းအလှူ
၃၁။ ဥူးဇင်းဦးခေမာစာရ( ပြည်ပ)ပညာသင်စရိတ်ထောက်ပံ့ခြင်း
၃၂။ ယောအသင်းဓမ္မာရုံ အတွက် စားပွဲ ကုလားထိုင်အလှူ
၃၃။ 2017 ယောအသင်းဝါဆိုသင်္ကန်းကပ် အလှူထည့်ဝင်(စွယ်တော်)
၃၄။ ဥူးဇင်း ဦးစန္ဒာသီရိ( သီတဂူဗုဒ္ဓတက္ကသိုလ်) နဝကမ္မအလှူ ……တို့ကိုပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
ပြန်ကြားရေး
ယောလူငယ်အဖွဲ့

No comments:

Post a Comment