၁၃၇၉.ခုနှစ် သီတင်းကျွတ်လပြည့်ကျော်(၁၀)ရက် (၁၅.၁၀.၂၀၁၇) တနင်္ဂနွေနေ့
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ဗဟန်း (၃) လမ်း
မှတ်တိုင်အနီးရှိ အဘိဓမ္မာရတနာဃရ (အဘိဓမ္မာ ဓမ္မဗိမာန်တော်ကြီး ) ၌ ကြီးမှုး
ကျင်းပသော (၄၉)ကြိမ်မြောက် ယောသံဃာတော်များအား ပူဇော်ကန်တော့ပွဲ နှင့်
စာအောင်ဆုချီးမြှင့်ပွဲ ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို တိပိဋကဓရ
ဓမ္မဘဏ္ဍဂါရိက(ယော)ဆရာတော်မှဦးဆောင်ဆုချီးမြှင့်ပြီး နိဗ္ဗာန်ရောက်ကြောင်း
တရားကောင်းများကိုနာယူကြပါသည်။ ပူဇော်ကန်တော့ပွဲအခမ်းအနားတွင်
ယောလူငယ်(ဗဟို)ရန်ကုန်မှ စာအောင်သံဃာတော်များအား နဝကမ္မဝတ္ထုငွေ ၁၀၀,၀၀၀/
ကျပ်တိတိနှင့် ဝေယျာဝစ္စကုသိုလ်တော်များပါဝင် ကုသိုလ်ပြု ကြပါသည်။
ဤကောင်းမူအစုစုတို့အတွက် (၃၁)ဘုံ၌ကျင်လည်ကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ နတ်လူသာဓုခေါ်ပါစေသော်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်
ဤကောင်းမူအစုစုတို့အတွက် (၃၁)ဘုံ၌ကျင်လည်ကြကုန်သော ဝေနေယျသတ္တဝါအပေါင်းတို့ နတ်လူသာဓုခေါ်ပါစေသော်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်
No comments:
Post a Comment