ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့မှု အဖြစ်
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေသော ဆောမြို့ နယ် ခင်ပြင်ရွာမှ
ကျောင်းသားလေးအားဖေဖေါ်ဝါရီလ (တတိယအကြိမ်မြောက်) ပညာသင်စရိတ် ထောက်ပံ့ငွေ
၈၀၀၀၀ /- ကျပ် ကို ကျောင်းသားလေး၏ MPU ကဒ်ထဲသို့  မနေ့က လွှဲပို
့ပေးခဲ့ပါပြီ။
ယောကြယ်ပွင့်လေး ပညာသင်ရာတွင် စိုးရိမ်ပူပန် ကြောင့်ကြခြင်းမရှိဘဲ စိတ်အေးချမ်းသာစွာဖြင့် ပညာကို ကြိုးစားသင်ယူနိုင်ဖို့ တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူ များအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။
ပညာထူးချွှန်ပြီး အရောင်အဝါတွေအစွမ်းကုန်တောက်ပကာ ဖြူ စင်စိတ်ထားနဲ့ ယောဒေသကို အလင်းရောင်တွေ ပေးနိုင်သူလေး ဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
ဖေဖေါ်ဝါရီလတွင် လစဉ်အလှူ ရှင်များအပြင် ရန်ကင်းစင်တာတွင်ထားရှိသော ယောနယ်ဒေသ ပညာရေး (ယောလူငယ်အဖွဲ့)အလှူ ခံပုံးမှ ကျပ်ငွေ လေးသိန်းကို အလှူ ခံရရှိခဲ့ပါတယ်။ အလှူ ပြု ပေးခဲ့ကြပါသော ခုနှစ်ရက်သားသမီးအပေါင်းကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။
အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်( Online )

No comments:
Post a Comment