Menu

Wednesday, May 17, 2017

ကန်ဒေသအဖွဲ့ ယောလူငယ်(Online) လစဉ်တွေ့ဆုံပွဲကို


ကန်ဒေသအဖွဲ့ ယောလူငယ်(Online) သည်
4-2-2017 ရက်နေ့က လစဉ်တွေ့ဆုံပွဲကို
ကျွန်းခုံသာရွာဦးကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာ

တွေ့ဆုံပွဲတွင် မိမိတို့ယောလူငယ်အဖွဲ့တော်သားများ တဖြည်းဖြည်းနဲ့ စည်းဝေးတက်ရောက်သူ နည်းလာမှုအပေါ်
အားမလျှော့ကြဖို့ အချင်းချင်းအားပေးကြပြီး
ကျွန်းခုံသာရွာဦးကျောင်း၌ ဝေယျဝစ္စကုသိုလ် သန့်ရှင်းရေးကုသိုလ်များတက်ညီလက်ညီပြုလုပ်ခဲ့ကြပါတယ်
အဖွဲ့တော်သားများကိုလည် ကျွန်းခုံသာရွာ အဖွဲ့ဝင်များမှ ယောအစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြပါသည်
(စားလို့အရမ်းကောင်းသည်)
12-2-2017 ရက်နေ့တွင် ကန်တောရပရိယတ္တိစာသင်တိုက်သို့
သွားရောက်၍ ကျောင်းတိုက်အတွင်း
သန့်ရှင်းရေး ကုသိုလ်များကိုလည်း
ပျော်ရွှင်စွာလုပ်အားပေးခဲ့ကြပါသည်
ကန်တောရ ဆရာတော်မှ မိမိတို့ကန်ဒေသအဖွဲ့အား အဖွဲ့ရန်ပုံငွေအဖြစ် ၅၀၀၀၀(၅)သောင်းကျပ်ကိုလည်း
ထည့်ဝင် လှူဒါန်းလိုက်ပါသည်
ကန်ရွာတွင် မကြာမှီဆောက်လုပ်တော့မည့်
လောင်တိုက်(မီးသင်္ဂြိုလ်ဖို) နှင့်တကွ
အဆောက်အဦးအတွက်
မိမိတို့ ကန်ဒေသအဖွဲ့မှ ၅၀၀၀၀(၅)သောင်းကျပ်
(လောလောဆယ်စာရင်း နောက်တိုးစာရင်းကိုပြန်၍ ထည့်ပေးပါဦးမည်) ကိုလည်း လှူဒါန်းကြပါသည်
ယောလူငယ်အဖွဲ့တော်သားများအားလုံးအတွက် အားဆေး
ကူညီသူနည်းတယ်လို့ စိတ်မပျက်နဲ့ကွယ်
ရှေ့ဆက်ဖို့ သိပ်ခက်လို့ စိတ်ညစ်မနေနဲ့ကွယ်
ပရဟိတပါရမီ ကိုယ်စီဖြည့်ကြမည့် ယောလူငယ်ရေ
အမတာ နိဗ္ဗူနန်းထိ လှမ်းကြစို့ကွယ်
ပြန်ကြားရေးအဖွဲ့
ကန်ဒေသ ယောလူငယ်(Online)

No comments:

Post a Comment