မိမိတို့ ကန်ဒေသ ယောလူငယ်အဖွဲ့သည်
ယောနယ်ဒေသတွင်းရှိ လူငယ် လူရွယ်လေးများကို
ဘယ်လို ဘယ်ပုံဖြင့်
အနာဂတ်ရဲ့ ကြယ်ကလေးတွေဖြစ်အောင်
ပရဟိတတွေကို စိတ်ဝင်စားလာအောင်
ဘယ်လို ဖေးမ ကူညီ စောင့်ရှောက်
ခေါ်ယူနိုင်မလည်းဆိုတာကို
ဆွေးနွေးခဲ့ကြပါသည်။
ကန်ဒေသ ဓမ္မစကူးလ် အလတ်တန်းအဆင့်
ဆရာဖြစ်သင်တန်းရက်များတွင်
မိမိတို့ ယောလူငယ်အဖွဲ့မှ အာဟာရဒါန တစ်နပ် စာဒါနပြုကျွေးမွေးနိုင်ရေးကိုလည်း
ဆွေးနွေး ဆုံးဖြတ် အတည်ပြုခဲ့ကြပါသည်။
ကန်ရွာတွင် မကြာမီဆောက်လုပ်တော့မည့်
မီးသင်္ဂြိုလ်ဖို အတွက်လည်း ၅၀၀၀၀(ငါးသောင်းကျပ်)ကို
ကန်ရွာ အုပ်ချုပ်ရေးမှူးထံသို့ လှူဒါန်းကြပါသည်။
ကန် အနောက်ကျောင်းမှာလည်း
ဝေယျာဝစ္စကုသိုလ်များကို
ပျော်ရွှင်စွာဖြင့် တက်ညီလက်ညီ လုပ်အားကုသိုလ်ယူခဲ့ကြပါသည်။
ကန်သာ ချောင်းနက်ကျောင်း အရှင်ခေမာစာရ နှင့် အရှင်ဇဝန(တောင်ဖီလာ- ကလေး) တို့မှလည်း
အအေးနှင့် မုန့်များကို အဟာရဒါန ကျွေးမွေးကြပါသည်
ရှေ့ဆက်၍ အဖွဲ့ရေရှည်တည်တန့်ရေးနှင့်ပတ်သက်၍
တစ်ဦးခြင်းစီမှ အကြံဉာဏ်များ
မျှဝေ ဖလှယ်ကြပြီး
တွေ့ဆုံပွဲကို အောင်မြင်စွာ
အဆုံးသတ်နိုင်ခဲ့ပါသည်၊၊
ပြန်ကြားရေး
ကန်ဒေသအဖွဲ့ ယောလူငယ်(Online)

No comments:
Post a Comment