15.4.2017 သင်္ကြန်အကျနေ့တွင် အကြည်ကတင်းကျေးရွာ
ပရဟိတလူငယ်အဖွဲ့များနှင့် ဆောယောလူငယ်ပရဟိတအဖွဲ့သားများဟာ
လောင်းရှည်ဒေသခံများနှင့်အတူ သိန်းကျင်းဘုရားပွဲတော်အချိန်အခါမှာ
အမှိုက်များကောက်ယူ သိမ်းဆည်းပေးကြပါတယ်။
သိန်ကျင်းဘုရားပွဲဟာ လောင်းရှည်ဒေသအတွက် အထင်ကရဘုရားပွဲဖြစ်ပါတယ်။ ထီးလင်းဒေသမှ ရွှေကွန်အုပ်ဘုရားပွဲလို၊ယောမြို့ဟောင်းဒေသမှ ကျောင်းကြီးရှင်ချစ်ဘုရားပွဲလို အထူးတလည် စည်ကားလှတဲ့ ဒေသတွင်း ဘုရားပွဲတော်ကြီးဖြစ်ပါတယ်။

"
စည်ကားလှတဲ့ ပွဲတော်တွေဖြစ်တာကြောင့် အမှိုက်သရိုက်များအနေနဲ့လဲ
ဘုရားရင်ပြင်နှင့် ပုရဝုဏ်တွေမှာ စည်းကမ်းပျက် အမှိုက်စွန့်ပစ်မှု့တွေကြောင့်
အရုပ်ဆိုး အကြည်းတန်လျှက် ရှိနေပါတယ်။ဒါကို စနစ်တကျဖြစ်အောင်
ကျွန်တော်တို့ဦးဆောင်ပြီးတော့ အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု့ကို
အစပျိုးရခြင်းဖြစ်ပါတယ်...။နောင်မှာလဲ လက်လှမ်းမှီသမျှပွဲတွေမှာ
တထောင့်တနေရာမှ ကျနော်တို့ရဲ့ရည်ရွယ်ချက် အမှိုက်စနစ်တကျစွန့်ပစ်ရေးကို
တတ်နိုင်သမျှ လှုပ်ရှားအုံးမှာပါ။ အားလုံးနဲ့သက်ဆိုင်တဲ့
လှုပ်ရှားမှု့ဖြစ်တာကြောင့် ကြုံတဲ့အချိန် မြင်တဲ့အချိန်မှာ
ဝင်ပေါင်ကြပါ......လို့ တိုက်တွန်းချင်ပါတယ်" ဟု ဆောဒေသ ယောလူငယ်အဖွဲ့
အတွင်းရေးမှူး ကိုအောင်ကျော်ဦးက တိုက်တွန်းစကား ဆိုခဲ့ပါတယ်။
ပြန်ကြားရေး (ယောလူငယ်အဖွဲ့)
ပြန်ကြားရေး (ယောလူငယ်အဖွဲ့)
No comments:
Post a Comment