ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့ကြေးများကို ယနေ့ နံနက်ပိုင်းတွင် ကျောင်းသားများ၏ MPU card များသို့ လွှဲပေးပြီးပါပြီ။
လစဉ် ပညာရေးထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေသော ဆောမြို့ နယ် ခင်ပြင်ရွာမှ ကျောင်းသားလေးအား မတ်လအတွက် (စတုတ္ထအကြိမ်မြောက်) ပညာသင်စရိတ် ထောက်ပံ့ငွေ ၈၀၀၀၀ /- ကျပ် ကို ကျောင်းသားလေးထံ လွှဲပို့ ပေးခဲ့ပါပြီ။
ယခုလမှ စတင်ကာ ယောလူငယ်အဖွဲ့သားများမှ ပညာသင်ထောက်ပံ့ကြေးကို အမှန်တကယ်လိုအပ်နေသောကျောင်းသားများသို့ ထပ်တိုးပြီး မျှဝေ ထောက်ပံ့ပေးကြရန် သဘောတူညီခဲ့ကြပါသည်။ နယ်မြေခံဒေသအသီးသီးရှိယောလူငယ်အဖွဲ့များ နှင့် ပညာရေးအလှူ ရှင်များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့်မကွေးတိုင်း| ထီးလင်းမြို့ နယ်| အိုင်းမကျေးရွာမှ သမီးလေး မမေသဇင်ဦး(စစ်ကိုင်းပညာရေးတက္ကသိုလ်-ပထမနှစ်)အား ယခုလမှ စတင်၍ တစ်လလျှင် ငါးသောင်းကျပ်တိတိကို ထောက်ပံ့ခဲ့ကြပါသည်။
သမီးငယ်လေး၏ MPU card ထဲသို့  ယနေ့  နံနက်တွင် (ပထမအကြိမ် )ပညာရေးထောက်ပံ့ငွေ ၅၀၀၀၀/ ကျပ်ကို လွှဲပြောင်းပေးခဲ့ပါပြီ။
ယောနယ်အတွင်းရှိ ကြယ်ပွင့်လေးတွေ ပညာသင်ရာတွင် စိတ်အေးချမ်းသာစွာဖြင့် ပညာကို ကြိုးစားသင်ယူနိုင်ဖို့ တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူ များအားလုံးကို ကျေးဇူးတင်လျက်ပါ။ ယောနယ်အတွင်းရှိ ပညာထူးချွှန်သူ ယောလူငယ်မောင်မယ်များစွာကို ကူညီပေးလိုသော်လည်း ယောလူငယ်အဖွဲ့အနေဖြင့် ရန်ပုံငွေအားနည်းမှုအခက်အခဲများကြောင့် လောလောဆယ်တွင် စိတ်ရှိတိုင်း မလှူ ဒါန်းနိုင်ခြင်းအပေါ် အားမလိုအားမရ ဖြစ်မိပါသည်။
အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။

No comments:
Post a Comment