Saturday, May 30, 2015
ပြာဖုံး မီး
အို.... ယောသူယောသား ၊
သဟာများတို့ ၊
ရှေးအခါက ၊ တို့နယ် များဟာ
သွားလာ ခဲခက် ၊ ကုန်သွယ် ခက်မို့
အပစ် ထွေထွေ ၊ စုန်း ကဝေ ပြည်(ပြီ)
များနေသည် ဟု ၊ လူများ စုက
သဘော ပိုက်ထား ၊ အမှတ် မှားကြ၏။
နဲနဲလေးတော့ လွဲနေတယ်....
တစ်ရံရောအခါကပါ။
******************
တစ်ခုသော သီတင်းကျွတ်လပြည့်နေ့။
ကိုသာဟန်တစ်ယောက် အသပ်ရပ်ဆုံး ပြင်ဆင်ပြီး ထွက်လာပါတယ်။ဘုန်းကြီးကျောင်း ကိုသွားရမယ်။မနက်ကလည်း စောစောထပြီး ဆွမ်းလောင်းပွဲကို သွားခဲ့ပြီးပြီ။ဆွမ်းလောင်း ဖို့တော့ မဟုတ်။ဆွမ်းလောင်းလာသူ အပျိုချောတွေကို ကြည့်ဖို့။
ထီးလင်းမြို့လယ် လမ်းမကြီးတစ်လျှောက် ဆွမ်းလောင်းဖို့ တန်းစီနေကြတဲ့ အပျိုကြီး၊အပျိုလတ်၊အပျိုလေးတွေကို ရှေ့ကကြည့်လိုက်၊ နောက်ကကြည့်လိုက်နဲ့ နွားရွေးသလို စေ့စေ့စပ်စပ် ကြည့်ခဲ့ပြီးပြီ။သူတို့ကလည်း သည်နေ့မှာတော့ အကြည့်ခံဖို့ အစွမ်းကုန်

Subscribe to:
Posts (Atom)