Saturday, May 30, 2015
ပြာဖုံး မီး
အို.... ယောသူယောသား ၊
သဟာများတို့ ၊
ရှေးအခါက ၊ တို့နယ် များဟာ
သွားလာ ခဲခက် ၊ ကုန်သွယ် ခက်မို့
အပစ် ထွေထွေ ၊ စုန်း ကဝေ ပြည်(ပြီ)
များနေသည် ဟု ၊ လူများ စုက
သဘော ပိုက်ထား ၊ အမှတ် မှားကြ၏။
ထိုမှ တစ်ပါး ၊ တို့ ယောသားက
အခြားမြေရောက် ၊ စိတ်ထား ဖောက်ကာ
အကြောက်အမှား ၊ ငါယောသား ဟု
မပြော တွန့်စွာ ၊ အနေကြာခဲ့
နေလာခဲ့ ၏။
ထိုသို့ အမှား ၊ အပြစ်များ ကို
ဖယ်ရှားစွန့်အောင် ၊ တို့များ ရှောင်၍
လူဘောင် အတွင်း ၊ အမြင်ရှင်းစေ
နှောင်းလူတွေကျ ၊ မျက်နှာ လှရန်
တို့များ ဆောင်စို့ ၊ ယောလူတို့။
တို့ယောစိတ်ဓာတ် ၊ အမှန်မြတ်၏
ဆိုးစိတ်မပါ ၊ ပွင့်လင်းပါ၏။
မထွေမထိုး ၊ သဘောရိုး၏။
အေးမြမွေးကြူ ၊ စိတ်ထား ဖြူ၏။
စိတ်ယုတ်မထား ၊ စေတနာ များ၏။
ခင်မင်ရင်းဖြစ် ၊ အမျိုး ချစ်၏။
ထိုဂုဏ် တို့အား ၊ ယုယထားကာ
အများသိအောင် ၊ တို့ ပြုဆောင်ပြီး
ဂုဏ်ပြောင်ထွန်းကာ ၊ ထိုသူမှာ ကား
ငါယောသား ဟု ၊ ရဲဝံ့ ကြွား၍
ပြောကြစေမင်း ၊ ပြောစေမင်း။
ဘကြီး မုံး(ယော)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment