၁၄.၈.၂၀၁၅ ရက်နေ့ ညနေပိုင်းက မကွေးဆေးတက္ကသိုလ် မှ ယောကျောင်းသူ နှစ်ဦး ဆိုင်ကယ် Accident ဖြစ်ကြပြီး တစ်ဦးသေဆုံးသွားတယ်လို့ ဝမ်းနည်းဖွယ် သတင်းကြားရပါတယ်။
ထို့ကြောင့် ယောလူငယ်အဖွဲ့ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံမှုပေး နိုင်ရန် စုံစမ်းကြည့်ခဲ့ပါတယ်။
Accident ဖြစ်ကြသူ နှစ်ဦးမှာ ဆော ကျောက်ထုမှ မဆုသက်ထားခိုင် နှင့် ထီးလင်း ရဲဒူးကျောက်ထုမှ မဖြူဝင်းမာ တို့ ဖြစ်ကြပါတယ်။ မဆုသက်ထားခိုင်က မှာတော့ သေဆုံးသွားပြီးဟု ဝမ်းနည်းဖွယ်သိရ ပြီး မဖြူဝင်းမာ မှာတော့ သတိလစ်မေ့မျော နေတယ်လို့ သတင်းရထားပါတယ်။ လက်ရှိ ယဉ်တိုက်မှုခင်း အခြေနေကိုတော့ အတိအကျမသိရသေးပါဘူး။ ထို ကိစ္စအတွက် လိုအပ်ချက်ရှိသူများကို ယောလူငယ်မှ ကူညီထောက်ပံ့ရန် တိုင်ပင်ဆုံးဖြတ်ထားသဖြင့် အကူအဖြစ်ပါဝင်လိုသူများလည်း ထည့်ဝင်လှူဒါန်း နိုင်ကြစေရန် တိုက်တွန်းကြေညာအပ်ပါတယ် ခင်ဗျား။
လူနာအခြေနေ၊ အလှူငွေစာရင်း၊ အလှူငွေကို စီစဉ် ပေးအပ်ပုံများ များကို Update သိရတိုင်း တင်ပေးပါမယ့် ဗျာ။
ကွယ်လွန်သွားသူ မဆုသက်ထားခိုင်လဲ ကောင်းမွန်ရာ ဘုံဘဝ ရောက်ပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်ဗျာ။
ယောလူငယ် ပြန်ကြားရေးအဖွဲ့
Saturday, August 15, 2015
ရေဘေးသင့် ပြင်သာကျေးရွာသို့ သွားရောက် လှူဒါန်းခဲ့ခြင်း မှတ်တမ်း
နိုင်ငံအသီးသီးရောက် ယောသူယောသား စေတနာရှင်များ၊ မိတ်ဆွေမိတ်ဖက် အလှူရှင်များ ထည့်ဝင်ပံ့ပိုးငွေ၊အ၀တ်အထည်နှင့် သောက်ရေသန့်၊ဆန်နှင့် အခြားသောဝတ္တု ပစ္စည်းအစုံစုံတို့ကို ယောလူငယ်အဖွဲ့ဝင်အင်အား ၆၀ခန့်သွားရောက် လှူဒါန်းခဲ့ပါတယ်။
အဝေးရောက် ယောလူငယ်အဖွဲ့အသီးသီးနှင့်အတူ ကျောက်ထု(ယာယီ)အဖွဲ့၊ထီးလင်းအဖွဲ့နှင့် ဂန့်ဂေါမြို့ ပုညဟိတေသီ အသင်းတို့လဲ ပူးပေါင်းတွေ့ဆုံပြီး ရေဘေးအလှူအား အထမြောက်စေခဲ့ပါတယ်ခင်ဗျာ။ယောထိပ်တန်း ကားလိုင်းမှလဲ ကားတစီး အခမဲ့ကူညီပြီးပံ့ပိုးခဲ့ပါတယ်။
အဝေးရောက် ယောလူငယ်အဖွဲ့အသီးသီးနှင့်အတူ ကျောက်ထု(ယာယီ)အဖွဲ့၊ထီးလင်းအဖွဲ့နှင့် ဂန့်ဂေါမြို့ ပုညဟိတေသီ အသင်းတို့လဲ ပူးပေါင်းတွေ့ဆုံပြီး ရေဘေးအလှူအား အထမြောက်စေခဲ့ပါတယ်ခင်ဗျာ။ယောထိပ်တန်း ကားလိုင်းမှလဲ ကားတစီး အခမဲ့ကူညီပြီးပံ့ပိုးခဲ့ပါတယ်။
Saturday, August 1, 2015
ယောဒေသတွင်း ရေဘေးအတွက် တတ်အားသရွေ့  လှူဒါန်းနိုင်ရန် နှိုးဆော်ချက်
ခုလက်ရှိ ယောဒေသတွင်း ရေဘေးကြောင့် ဒုက္ခရောက်နေသော ရွာများသို့ လှူ ဒါန်းနိုင်ရန် နီးစပ်ရာ ယောသား၊ ယောသူများ စုပေါင်း၍ လှူဒါန်းကြဖို့ ဖြစ်ပါတယ်။ လက်ရှိ ရေဘေးဒုက္ခရောက်နေတဲ့ရွာတွေကိုလည်း Data တွေစုနေပါတယ်။ ဘယ်ရွာကို အလှူသင့်ဆုံးဖြစ်မလဲဆိုတာလည်း အချက်အလက်ပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။ အလှူငွေအပြင် အိမ်သုံးဆောင်ဖြစ်သည့် အဝတ်ထည်၊ အင်္ကျီ ၊ စောင်၊ ခြင်ထောင်၊ တာရှည်ခံ အစားအသောက်များပါ ထည့်ဝင်လှူဒါန်းနိုင်ပါတယ်ရှင်။ အောက်ပါဆက်သွယ်ရမည့်သူများ
နဲ့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
Subscribe to:
Posts (Atom)