Menu

Saturday, August 15, 2015

မကွေးဆေး တက္ကသိုလ်မှ ယောကျောင်းသူ နှစ်ဦး Accident ဖြစ်ပွား

၁၄.၈.၂၀၁၅ ရက်နေ့ ညနေပိုင်းက မကွေးဆေးတက္ကသိုလ် မှ ယောကျောင်းသူ နှစ်ဦး ဆိုင်ကယ် Accident ဖြစ်ကြပြီး တစ်ဦးသေဆုံးသွားတယ်လို့ ဝမ်းနည်းဖွယ် သတင်းကြားရပါတယ်။
ထို့ကြောင့် ယောလူငယ်အဖွဲ့ အနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံမှုပေး နိုင်ရန် စုံစမ်းကြည့်ခဲ့ပါတယ်။
Accident ဖြစ်ကြသူ နှစ်ဦးမှာ ဆော ကျောက်ထုမှ မဆုသက်ထားခိုင် နှင့် ထီးလင်း ရဲဒူးကျောက်ထုမှ မဖြူဝင်းမာ တို့ ဖြစ်ကြပါတယ်။ မဆုသက်ထားခိုင်က မှာတော့ သေဆုံးသွားပြီးဟု ဝမ်းနည်းဖွယ်သိရ ပြီး မဖြူဝင်းမာ မှာတော့ သတိလစ်မေ့မျော နေတယ်လို့ သတင်းရထားပါတယ်။ လက်ရှိ ယဉ်တိုက်မှုခင်း အခြေနေကိုတော့ အတိအကျမသိရသေးပါဘူး။ ထို ကိစ္စအတွက် လိုအပ်ချက်ရှိသူများကို ယောလူငယ်မှ ကူညီထောက်ပံ့ရန် တိုင်ပင်ဆုံးဖြတ်ထားသဖြင့် အကူအဖြစ်ပါဝင်လိုသူများလည်း ထည့်ဝင်လှူဒါန်း နိုင်ကြစေရန် တိုက်တွန်းကြေညာအပ်ပါတယ် ခင်ဗျား။
လူနာအခြေနေ၊ အလှူငွေစာရင်း၊ အလှူငွေကို စီစဉ် ပေးအပ်ပုံများ များကို Update သိရတိုင်း တင်ပေးပါမယ့် ဗျာ။
ကွယ်လွန်သွားသူ မဆုသက်ထားခိုင်လဲ ကောင်းမွန်ရာ ဘုံဘဝ ရောက်ပါစေကြောင်း ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်ဗျာ။

ယောလူငယ် ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment