နိုင်ငံအသီးသီးရောက် ယောသူယောသား စေတနာရှင်များ၊ မိတ်ဆွေမိတ်ဖက် အလှူရှင်များ ထည့်ဝင်ပံ့ပိုးငွေ၊အ၀တ်အထည်နှင့် သောက်ရေသန့်၊ဆန်နှင့် အခြားသောဝတ္တု ပစ္စည်းအစုံစုံတို့ကို ယောလူငယ်အဖွဲ့ဝင်အင်အား ၆၀ခန့်သွားရောက် လှူဒါန်းခဲ့ပါတယ်။
အဝေးရောက် ယောလူငယ်အဖွဲ့အသီးသီးနှင့်အတူ ကျောက်ထု(ယာယီ)အဖွဲ့၊ထီးလင်းအဖွဲ့နှင့် ဂန့်ဂေါမြို့ ပုညဟိတေသီ အသင်းတို့လဲ ပူးပေါင်းတွေ့ဆုံပြီး ရေဘေးအလှူအား အထမြောက်စေခဲ့ပါတယ်ခင်ဗျာ။ယောထိပ်တန်း ကားလိုင်းမှလဲ ကားတစီး အခမဲ့ကူညီပြီးပံ့ပိုးခဲ့ပါတယ်။
ခရီးစဉ်တလျောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဗီနိုင်းပိုစတာများ ကပ်ဆွဲကာ လက်လှမ်းမှီသမျှ ဟောပြောခဲ့ကြပါတယ်။ဒေသခံများကိုလဲ မျှဝေရှင်းပြကာ ညနေ စောင်းမှာတော့ မင်းရွာကျေးရွာသို့ ပြန်လည်ဆုတ်ခွာ အနားယူခဲ့ကြပါတယ် ။
ယောလူငယ်အဖွဲ့(ပြန်ကြားရေး)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment