Menu

Monday, September 28, 2015

ဦးလှဆွေ နှင့် အများသိစေရန်

လူကြီးမင်း၏ ( 24-Sept-2015 )နေ့က Facebook Post ပါ စာသားများသည် ယောလူငယ်အဖွဲ့အား အများအထင်အမြင်လွဲမှားစေနိုင်သောကြောင့် ဖြေရှင်းအပ်ပါသည်။

(၁ ) " မတေးနုယဉ်အမှုကိစ္စတွင် ယောလူငယ်အဖွဲ့ ထဲကတစ်ယောက်ကဖိတ်လို့ လာရောက်သည် ဟူသောစကားသည်…"

လုံးဝမမှန်သော လုပ်ကြံလီဆယ်ပြောဆိုသောစကားသာဖြစ်သည်ကို လူကြီးမင်းကိုယ်တိုင် အသိဖြစ်ပါလိမ့်မည်။ ယောလူငယ်အဖွဲ့ သည် စတင်ဖွဲ့သည့်နေ့မှစ၍ လှုပ်ရှားမှုအားလုံး၌မည်သည့်အခါမှ တစ်ဦးတစ်ယောက်သဘောဆန္ဒဖြင့် လုပ်ဆောင်ခြင်းမရှိပါ။ ယောလူငယ်မှ
ဖိတ်ကြားသည်ဆိုပါက ယောလူငယ်အဖွဲ့မှ လူကြီးမင်းလာရောက်ချိန်တွင် ကြိုဆိုခဲ့မည်ဖြစ်ပါသည်။ ယင်းနေ့က ယောလူငယ်တစ်ဦးတစ်ယောက်မျှ လူကြီးမင်းအား ကြိုဆိုနှုတ်ဆက်ခြင်းမရှိပါ။ လူကြီးမင်းမှ Media များရှေ့တွင် ယောလူငယ်မှဖိတ်ကြား၍လာရောက် ကြောင်းပြောကြားမှသာ ယောလူငယ် ဗဟို ဥက္ကဌ အပါအဝင် အမှုဆောင်များမှ ဖိတ်ကြားခြင်းမရှိကြောင်း လူကြီးမင်းနှင့် မျက်နှာခြင်းဆိုင် ဖြေရှင်းပြောကြားခဲ့သည်ကို လူကြီးမင်း အသိဖြစ်ပါသည်။ ထို့ပြင် ထိုနေ့( 30/June/2015) နေ့ယောလူငယ် page တွင်လည်း အမေးအဖြေကို ပူးတွဲတင်ပြထားပါသည်။

(၂ ) "အဲတုန်းက သူတို့အဖွဲ့ငွေလိုလို့ တဲ့ ကူညီနိုင်မလား တောင်းဆို လို့ တစ်သိန်းပေးခဲ့ဖူးတယ် " ဆိုသည်စကား

၎င်း စကားသည် တကယ့်မုသားစစ်စစ်ဖြစ်သည်ကို လူကြီးမင်း အပါအဝင် ယောလူငယ် အဖွဲ့ သား အားလုံးအသိဖြစ်ပါသည်။ ယောလူငယ်အဖွဲ့သည် နှောင်ကြိုးပါသော မည်သည့်အကူအညီကိုမျှ တောင်းခံခြင်း လက်ခံရယူခြင်း လုံးဝ ( လုံးဝ)မရှိပါ။ လူကြီးမင်းကိုယ်တိုင် လှူဒါန်းပါဝင်လိုပါသည် ဆို၍ လက်ခံခဲ့ခြင်း ဖြစ်သည်ကို ၎င်းရုံးချိန်းနေ့တွင်တက်ရောက်ဝန်းရံခဲ့ကြသော ဗဟို ဥက္ကဌ အပါအဝင် အမှုဆောင်အဖွဲ့ အားလုံးအသိ ဖြစ်ပါသည်။ ထို့ ပြင် ယောလူငယ်အဖွဲ့သည် မတေးနုယဉ်အမှု တလျှောက်လုံး ယောလူငယ်အဖွဲ့ဝင်များ၏ ကိုယ်ပိုင်စားရိတ်ဖြင့်သာ ယောလူငယ်အချင်းချင်းထောက်ပံ့ဖေးမမှုများဖြင့်သာတက်ရောက် ဝန်းရံခဲ့ကြခြင်း ဖြစ်သည်။ အချုပ်ဆိုရသော် ယောလူငယ်အဖွဲ့ သည် ယောဒေသမှလူငယ်များ ဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ ယောဒေသဓလေ့ ယဉ်ကျေးမှု အရ " ကြီးသူကိုရိုသေ " ဟူသော လူကြီးမင်းအပေါ်၌ ထားရှိခဲ့သည့် ဂါရဝတရားအား လူကြီးမင်းကိုယ်တိုင် ဖျက်ဆီး လိုက်ခြင်း အတွက်လည်းကောင်း အကျိုးလို၍ လှူဒါန်းခဲ့သော လူကြီးမင်း၏ ညောင်ရေလောင်း အလှူငွေ တစ်သိန်းကျပ်အား လက်ခံမိသဖြင့်လည်းကောင်း ကျွနုပ်တို့ ယောလူငယ်အဖွဲ့မှ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါကြောင်း လူကြီးမင်းနှင့် အများသိစေရန် ပြန်ကြားအပ်ပါသည်။

(ယောလူငယ်ပြန်ကြားရေးအဖွဲ့ )


No comments:

Post a Comment