Menu

Monday, September 28, 2015

ယောလူငယ်အဖွဲ့ (ကျောက်ထု) ၏ စတုထ္ထကြိမ်မြောက် တွေ့ဆုံပွဲ


၂၇ .၉. ၂၀၁၅ ရက်နေ့တွင် ကျောက်ထု မြို့နယ် ၊ သရက်ချဉ် ကျေးရွာ ရွာဦး ဘုန်းတော်ကြီး ကျောင်းတွင် နေ့လည် ၂ နာရီ အချိန်တွင် ပြုလုပ်ခဲ့ပါတယ် ။ ယင်း အစည်းဝေးပွဲသို့ တက်ရောက် လူဦးရေ ၅၀ ခန့် ရှိပြီး ယောလူငယ် လုပ်ဆောင်ချက်များနှင့် မကြာခင်ရောက်ရှိလာတော့မည့် သီတင်းကျွတ် ပွဲတော် ယောတို့ ရိုးရာ ဖြစ်သည့် အိုးစည်ဝိုင်း ဖြစ်မြောက်ရန် အတွက် ရံပုံငွေ ရှာဖွေရေး၊ လစဉ် တွေဆုံပွဲ ဖြစ်မြောက်ရေးများ ဆွေးနွေး တိုင်ပင် ခဲ့ကြပါတယ် ။ပြင်လယ်ကျေးရွာ တက်ကြွ လူငယ်များဖြစ်သော အိုးစည် ဝိုင်းအဖွဲ့နှင့်အတူ ၁၂ .၁၀.၂၀၁၅ ရက်နေ့တွင် ကျောက်ထု မြို့ပေါ်၌
လှည့်လည် အလှူခံသွားမည် ဖြစ်ပြီး ၁၅.၁၀.၂၀၁၅ ရက်နေ့တွင် အညာ ၅ ရွာ ဖြစ်သည့် ကံကြီး ၊ကြံတော ၊ ပြင်လယ် ၊ ရေရှင် ၊ တောင့်ထက် ရွာများတင်လည်း ဆက်လက် အလှူခံကာ ရံပုံငွေ ရှာဖွေ သွားမည်ဖြစ်ကြောင်းတိုင်ပင် ဆွေးနွေးခဲ့ ပါတယ်။

၂၅ .၁၀ .၂၀၁၅ ရက်နေ့မှာတော့ ( ၅ )ကြိမ်မြောက် ယောလူငယ် စည်းဝေးပွဲကို ကြူတောကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ထပ်မံ ပြုလုပ် သွားမည် ဖြစ်ပြီး အစည်းဝေးပွဲကို နေ့လည် ၁ နာရီတွင် စတင်ကာ တက်ရောက် လိုသူ စိတ်ဝင်စားသူများအား မည်သူ မဆို လာရောက် ကြားနာ နိုင်ပါကြောင်း ဖိတ်မန္တက ပြုရင်း ယခု အစည်းဝေးပွဲတက်ရောက်သူများကို မုန့်ဟင်းခါးဖြင့် ဧည့်ခံကာ အစည်းဝေးပွဲကို ညနေ ၄ နာရီ ခန့် တွင် ဗုဒ္ဓ သာသနံ စိရံ တိဌတု သုံးကြိမ် ရွက်ဆို၍ ရုတ်သိမ်းခဲ့ကြပါတယ် ခင်ဗျာ ။

ယောလူငယ်အဖွဲ့ (ပြန်ကြားရေး)

No comments:

Post a Comment