" အလည်လာပြီးရင် မပြန်ချင်တာရယ် ယောနယ်ယောနယ် "ဆိုတဲ့
ယောသူတို့ရွာတွေမှာ အလှပဆုံး အချိန် ရောက်တော့မှာပါ။ ဒေသတွင်း
သီတင်းကျွတ်ပွဲတော် ကာလတွင်းမှာ ပြုလုပ်လေ့ရှိတဲ့ မြင့်မိုရ်တောင်
မီးဝင်္ကပါပတ် မီးပူဇော်တဲ့ဓလေ့ပွဲအတွက် ယခုအချိန်မှာဆိုရင် ကျေးရွာအသီးသီးဟာ
ကြိုတင် ပြုလုပ် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်နေကြတဲ့
ရွာတွေထဲကမှ လက်ရှိအချိန်မှာ ကျနော်လေ့လာမိသလောက် ထုထည် အမြင့်တွေနှင့်
သေသပ်လှပမှု့တွေမှာ အသာဆုံးလို့ သိထားရတဲ့ ရွာလေးဆီကို
မြန်မာ့ဓလေ့ စိတ်ဝင်စားသူတွေဆီ၊ မှတ်တမ်းတို ရိုက်ကူးလိုသူတွေဆီ
သတင်းစကားပါလိုပါတယ်။ ဒီရွာလေးကို သွားမယ်ဆိုရင် ပခုက္ကူကနေ ၂နာရီခန့်ပဲ
ကားစီရပါတယ်။ ကမ္ဘာကျော် ပုံတောင်၊ပုံညာတောင်တန်းကြီးရဲ့ ခြေရင်းနားက
ရွာတွေထဲက တစ်ရွာပါ။ရပ်ရွာဓလေ့တွေနဲ့ ပွဲတော်ကာလ ဓလေ့တွေကို
လေ့လာမှတ်တမ်းတင်လိုလို့ လာရောက်ကြမယ်ဆိုရင် ဆရာတော်နဲ့ ဒေသခံတွေက အပြည့်အဝ
ဧည့်ဝတ်ကြေကြမှာပါ။ ဒီဓလေ့ဟာ ယောဒေသအနေနဲ့မှာတောင် ဆောမြို့နယ်အတွင်းက
ကျေးရွာတွေမှာပဲ ကျန်ရှိတော့တာပါ။
ကဲ....
မြန်မာ့ ဓလေ့ မူရင်း အကြွင်းအကျန်တွေ လုံးဝ ဆိတ်သုန်းမသွားခင် ကျနော်တို့တတွေ အတူတကွ ပူးပေါင်းထိန်းသိမ်းကြရမယ့် ယောဒေသက မြန်မာ့မှု့ရိုးရာ ဓလေ့တွေ လေ့လာ ဖော်ထုတ်ကြရအောင်ပါနော်။ အောက်က ပုံတွေကတော့ ကျေးရွာသူကျေးရွာသားတွေ သူတို့ရဲ့ သီတင်းကျွတ်ကာလ ဘာသာရေးကို အခြေပြုပြီး ပျော်ပွဲ ရွှင်ပွဲအတွက် စည်းစည်းလုံးလုံး ဆောက်ရွက်နေကြတဲ့ ပုံရိပ်တွေပါ။
Photo- Credit

No comments:
Post a Comment