သမိုင်းကို ငွေနဲ့မလဲကြပါနဲ့
ယောဒေသသည် သမိုင်းတန်ဖိုးမြင့်မား ပါလျက် မပေါ်လွင်ခဲ့ပေ။ သမိုင်းအမှန် ပေါ်လွင်ထင်ရှားစေရန် စတင်ကြိုးစားဆဲ ဖြစ်သည်။ သမိုင်းအမှန်ထင်ရှားလာခြင်း နှင့်အတူ ဝိသမလောဘသားတို့ မျက်စိကျ စရာလည်း ဖြစ်လာပေတော့သည်။

ရှေးဟောင်းကို ငွေဖြင့်လဲ၍ရသော်လည်း ငွေဖြင့် ရှေးဟောင်းသမိုင်းကို
ဖန်တီး၍ မရပေ။ လဲယူ၍ မရနိုင်ပေ။ ဆောမြို့ နယ် ကျောက်ထုဒေသရှိ ရွာတစ်ရွာတွင်
ပေထုပ်တစ်ခုကို သိန်းရှစ်ဆယ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။
နောက်ထပ် ရှေးဟောင်းပစ္စည်းဝယ်သူများ ယောဒေသသို့ မကြာမီလာကြမည်ဟု လည်း ကြားသိနေရသည်။ ဒေသခံများ သမိုင်းတရားခံ မဖြစ်ကြစေရန် သတိထား ရမည်။ ယောဒေသသမိုင်းသည် အနာဂတ် ယောလူငယ်မျိုးဆက်များ၏ အသက်ဖြစ် သည်။
မည်သို့ တားဆီးသင့်ကြောင်း ဆရာကြီး ဦးဝင်းမောင် ကဲ့သို့သော သမိုင်း ပညာရှင် များ သုတေသီများ သမိုင်းကို တန်ဖိုးထား သူများ၏ အကူအညီများကိုလည်း စောင့်မျှော်ပါသည်။
ယောမင်းကြီး

No comments:
Post a Comment