Menu

Sunday, August 28, 2016

ကန်ဒေသ ယောလူငယ် (Online) ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ

26 .8 2016
သောကြာနေ့ ညနေ ၆နာရီမှာ
ကန်ရွာပစ္ဆိမာရုံအောင်ရတနာ
ကျောင်းတိုက်တွင်
ပထမဦးစွာ မစန္ဒာလင်းမှ
(၁)အခမ်းအနား ဖွင့်လစ်ကြောင်းကြေငြာခဲ့ပြီး
(၂) ဦးတင်ဇော်မင်း (အုပ်ချုပ်ရေးမှူး ) (နာယက) က အမှာစကားပြောကြားခြင်း
(၃) နာယကဆရာတော်ဥူးးဇ၀နမှ ရည်ရွယ်၊ရည်ညွှန်း၊လုပ်ဆောင် ချက်ပြောကြားရန်
(၄)ရန်ပုံငွေ ရှာဖွေ၊တိုးပွား၊သုံးစွဲ ဆွေးနွေးရန်
(၅) အဖွဲ့ ဝင်များမှ မိမိဆန္ဒကို ဆွေးနွေးရန်
(၆) ဆွေးနွေးချက်များကို အဖွဲ့ဝင်အားလုံးမှ ဆုံးဖြတ် အတည်ပြုရန်
ဆွေးနွေးကြပြီးအဖွဲ့ ဝင်ဖောင်များဖြည့်စွက်ခဲ့ကြပါတယ်။
အဖွဲ့ဝင် ရန်ပုံငွေ (129,000 ကျပ် ) တစ်သိန်း နှစ်သောင်း ကိုးထောင် ကျပ် ရရှိခဲ့ပါတယ်။
အဖွဲ့ဝင် ဖောင်ဖြည့်စွက်သူ ( ၃၄ ) ဦး ရှိပါတယ်။
ထို့နောက် တွေ့ဆုံပွဲအောင်မြင်စွာပြီး ဆုံးကြောင်းကြော်ငြာပြီး
ဥူးဇင်းဇ၀န(နာယက)ရေးစပ်ထားသော "မင်္ဂလာပါ ယောလူငယ် " သီချင်းကိုသံပြိုင် သီဆိုကြပြီး တွေ့ဆုံပွဲ ပြီးဆုံးခဲ့ပါသည်။
                                                                                 ယောလူငယ်ပြန်ကြားရေးအဖွဲ့ 

ဒုတိယ အကြိမ်မြောက် ယောလူငယ် ( မန္တလေး )ခအဖွဲ့  ဝါဆို သင်္ကန်းကပ်လှူ

ယောလူငယ် (မန္တလေး) အဖွဲ့  ဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲကို 21.08.2016 ( တနင်္ဂနွေ နေ့  ) တွင် ဝိဇ္ဇာလင်္ကာရ ကျောင်းတိုက်တွင် နံနက် ၁၀ . နာရီ ခန့် အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။
ရှေးဦးစွာ ပင့်လျှောက်ထားသော မန္တလေး ယောအသင်း ၏ သြဝါဒါစရိယ ဆရာတော်ကြီး များအား ဝါဆို သင်္ကန်း နှင့် လှူဖွယ်ဝတ္ထု များ ကပ်လှူ ပူဇော်ခြင်း - ငါးပါး သီလ ခံယူဆောက်တည်ခြင်း - အဆုံးအမ သြဝါဒ များ ခံယူခြင်း နှင့် အနုမောဒနာ တရားများနာကြားကာ ရေစက်သွန်းချ အမျှ ဝေ ခဲ့ကြပါသည် ။
ထို့ နောက် ဆရာတော်ကြီး များနှင့် တကွ ဝိဇ္ဇာလင်္ကာရ ကျောင်းတိုက် ရှိ သံဃာတော် အရှင်သူမြတ် တို့ အား နေ့ ဆွမ်း နှင့် တကွ သစ်သီးစားဖွယ်စုံ အချိုပွဲ များအား ဆက်ကပ် လှူဒါန်း ခဲ့ပါသည် ။
ကြွရောက်လာသော ဧည့်ပရိတ်အပေါင်း အား နေ့လည်စာ နှင့် ရေခဲ့မုန့်  အစ ရှိသော အချို ပွဲ များဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခြဲ့ကပါတယ် ခင်ဗျာ ။
အလှူပွဲ ဖြစ်မြောက်ရေး အတွက် ကာယအား -ဥာဏ အား - ဝီရိယ အား နှင့် အလှူငွေ ထည့်ဝင် လှူဒါန်းပါဝင်သော ယောလူငယ် အဖွဲ့ ဝင် အသီးသီး နှင့် အလှူရှင် အပေါင်း တို့အား လှိုက်လဲစွာ ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။
                                                                                       ယောလူငယ် ပြန်ကြားရေး။


ကန်ဒေသယောလူငယ် စတင်ဖွဲ့စည်းခြင်း

၂၀.၈.၂၀၁၆ စနေနေ့  နေ့လည် ၁၂ နာရီ အချိန်တွင်
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကန်ရွာ အနောက်ကျောင်း ( ပစ္ဆိမာရုံ အောင်ရတနာကျောင်းတိုက်)တွင် ဥူးဇင်းဇဝန ဦးဇော်ထွန်းဦး ဦးညီထွန်း ဦးတင်ဇော်မင်း နှင့် အခြားသော လူငယ်များမှ အင်အားဖြည့် ကမကထ ပြုလုပ်၍ ကန်ဒေသ ယောလူငယ်အဖွဲ့ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။
ရပ်မိရပ်ဖများအပါအဝင် လူအင်အား (၄၀) ကျော်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားမှူးအဖြစ် မနေဇာမျိုး မှ ဆောင်ရွက်ကာ ဆော ထီးလင်း ကျောက်ထု ဘက်မ ယောလူငယ် အဖွဲ့ ဝင်များ ပါဝင်အားဖြည့်မှုနဲ့ ကန်ဒေသ ဆိုင်ရာ ယောလူငယ်အဖွဲ့ ကို စတင် ဖွဲ့ စည်းခဲ့ပါသည်။ကန်ဒေသ ယောလူငယ်အဖွဲ့တွင်
🌍နာယက
ဥူးဇဝန
ဦးတင်ဇော်မင်း (အုပ်ချုပ်ရေးမှူး)
ဦးသန်းကြိုင်

🌍ဥက္ကဌ
ဦးဇော်ထွန်းဦး
🌍အတွင်းရေးမှူး
၁။ ငြိမ်းမင်းထွန်း
၂။ အောင်ဆန်းဝင်း
၃။ ဇေယျာမင်း
🌍ဘဏ္ဍာရေး
၁။ မခိုင်ဇာဝင်း
၂။ကိုညီညီထွန်း
🌍စာရင်းစစ်
၁။ ကိုသီဟစိုး
၂။ မမြင့်မြင့်ကြူ
🌏 ပြန်ကြားရေး
၁။ ကိုဝင်းဆန်း
၂။ မသီရိရွှေလင်း
၃။ မစန္ဒာလင်း
အဖွဲ့ဝင် ၁၈ ယောက် စုစုပေါင်း ၃၂ ယောက်ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။
ဒေသအသီးသီးရှိ ယောလူငယ် ပရဟိတအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက်ကာ ယောနယ်ကောင်းကျိုး အတူထမ်းပိုးကြရန် စိတ်ပါဝင်စားစွာဖြင့် ကန်ဒေသ ယောလူငယ်ဖွဲ့စည်းလိုပါသော ဒေသခံများအား ကျေးဇူးအထူးတင်ရှိပါသည်။
26-8-2016 ရက်နေ့ ဥပုသ်နေ့တွင် ကန်ဒေသ ယောလူငယ် အဖွဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲ ကျင်းပမှာဖြစ်တဲ့အတွက် အသင်းဝင်များနဲ့တကွ စိတ်ပါဝင်စားသူ မည်သူမဆို လာရောက် လေ့လာ ပါဝင်နိုင်ကြပါတယ်ဆိုတဲ့ သတင်းကောင်းလေးနဲ့အတူ ကန်ဒေသ ယောလူငယ်အဖွဲ့အား ကြိုဆိုဂုဏ်ပြု လိုက်ပါတယ်ရှင်. . .
                                                                               ယောလူငယ်အဖွဲ့( ပြန်ကြားရေး )

ယောသဘာဝ ယောအလှ MRTV မှ ရိုက်ကူးရေး

MRTV မှ ရိုက်ကူးရေးအဖွဲ့သည် တောင်သားလူမျိုးစုနှင့် ယောဒေသအကြောင်း မှတ်တမ်း ရုပ်သံ ရိုက်ကူးရေးအတွက် ယောလူငယ်အဖွဲ့နှင့်ချိတ်ဆက်ပြီး ရိုက်ကူးရေးလုပ်ငန်းများကို 16-8-2016 မှစတင်နေပါပြီ။
ယောလူငယ်အဖွဲ့အနေဖြင့် သက်ဆိုင်ရာ ဒေသခံ ရပ်မိရပ်ဖများ/ တောင်သားရေးရာ
ကော်မတီ/ ရွာခံဆရာတော်များနှင့်တိုင်ပင်ကာ အကူအညီများ ရယူ၍ ရိုက်ကူးရေးအဖွဲ့ အဆင်ပြေချောမွေ့စေရန် လိုက်ပါစီစဉ် ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင့်။
ယောလူငယ်အဖွဲ့ ကိုယ်စားလှယ်များလိုက်ပါစီစဉ်ပေးနေသော MRTV ရုပ်သံ ရိုက်ကူးရေးသည်ရက်သတ္တပါတ် တစ်ပါတ်(16-8-16 မှ 22-8-16)အချိန် ရရှိမည်ဖြစ်သဖြင့် မိုးလေဝသ အဆင်ပြေကောင်းမွန်ပါက ယောဒေသအနှံ့ နေရာအတော်များများပါဝင်ရိုက်ကူးနိုင်ရန် အစီအစဉ်များ ရေးဆွဲထားပါတယ်။
၁။ ပထမနေ့ (16-8-2016) တွင် တောင်သားဓလေ့ရိုးရာများကို စတင်ရိုက်ကူးပြီးစီးပါပြီ။
၎င်းရိုက်ကူးရေးတွင် ထီးလင်းမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ တောင်သားရိုးရာဓလေ့ ပန်းဆီမီးပူဇော်ပွဲ ကိုရွာသူရွာသားများ ကူညီမှုဖြင့် စည်ကားလှပ သဘာဝကျစွာပြီးဆုံးခဲ့ပါပြီ။
၂။ ဒုတိယနေ့ (17-8-16) တွင် ထီးလင်းမြို့နယ် ဝက်သက်ရွာမှာ ဘုန်းကြီးကျောင်းကို ဆွမ်းအုပ်ကိုယ်စီဖြင့် ဆွမ်းပို့ သည့် ဓလေ့ ကိုရိုက်ကူးခဲ့ကြပါတယ်။ဝက်သက်ရွာရဲ့ ယနေ့တိုင်ရှိနေဆဲဖြစ်သော ရှေးရိုးရာ အသုံးအဆောင်ပစ္စည်းများဖြင့် မှတ်တမ်းတင်ဓာတ်ပုံများလည်းရိုက်ကူးခဲ့ပါတယ်။ ကျွန်းတိုင်ပေါင်းများစွာနဲ့တည်ဆောက်ထားတဲ့ ရှေးဟောင်းကျောင်းကြီး၏ကျောင်းအောက်တွင် အင်္ဂတေလောင်းနေခြင်းနှင့်ကြုံကြိုက်နေသဖြင့်ယောလူငယ်အဖွဲ့မှနှစ်သောင်းကျပ်ကုသိုလ်ပါဝင်လှူဒါန်းခဲ့ပါတယ်ရှင့်။
၃။တတိယနေ့ (18-8-16)တွင် ထီးလင်းမြို့နယ် အိုင်းမရွာတွင် နေ့ ခင်းပိုင်းအချိန်မှာတော့ ယောဒေသရဲ့ ရိုးရာလုပ်ငန်းတစ်ခုဖြစ်တဲ့ ဝါကြိတ် ဝါဖန် ဗိုင်းငင်မှအစပြု ၍ ကျမတို့ ယောသူယောသားတွေ ဝတ်ဆင်အသုံးပြု ကြသော ချည်ထည်တစ်ခုဖြစ်လာပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ရိုက်ကူးပြီးပါပြီ။အဲဒီ့နောက်မှာတော့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အင်မတန်ရှေးကျလှသော သံချက်ဖိုများ ၊ပန်းပဲဖိုများ၊ရေချမ်းစင်နှင့်ဇရပ်ဓလေ့များ အကြောင်းကိုပါ ရိုက်ကူးဖြစ်ပါတယ်။ ကျမတို့ ယောသူယောသားတွေဟာ ဟိုရှေးယခင်ကတည်းကစ အစားအစာအတွက် ကိုယ်တိုင်တောင်ယာလုပ်စိုက်ပျိုး ပြီး အဝတ်အထည်တွေကိုယ်တိုင်ရက်လုပ်လို့  သံထည်ပစ္စည်းများကိုလည်း ကိုယ်တိုင်ထုခတ် ဖန်တီးသုံးဆောင်လာခဲ့ကြတဲ့ သက်သေသာဓကအဖြစ် ယခုတိုင် ကျန်ရှိနေဆဲ သမိုင်းဝင်တဲ့ အထောက်အထားတွေလို့ ယူဆမိပါတယ်ရှင့်။
ညပိုင်းမှာတော့ ဖိုက်ခြင်တောင်းကပွဲ ရိုက်ကူးရေးအစီအစဉ်ကို ဆက်လက်ရိုက်ကူးပါတယ်။ တောသူတောင်သား ကျမတို့ ဘိုးဘွားတွေရဲ့ စိတ်သဏ္ဍာန်မှာ မိုးရွာသွန်းစေနိုင်တယ်လို့ ယုံကြည်ကြသော ဖိုက်ခြင်တောင်း ကပွဲကိုမိုးခေါင်တဲ့နှစ်တချို့တွေမှာ ပြုလုပ်နေကျ ဖြစ်ပါတယ်။ ရှေးရိုးရာ အစဉ်အလာတစ်ခုကို ပြန်လည်ဖော်ထုတ်ရိုက်ကူးကြတဲ့ ဖိုက်ခြင်တောင်း ကပွဲကို
မြို့နယ်ဌါနဆိုင်ရာ အကြီးအကဲများအပါအဝင် ယနေ့ ခေတ်လူငယ် တော်တော်များများ ကြည့်ရှု့လေ့လာသူအများအပြားဖြင့် စည်ကားခဲ့ပါတယ်ရှင့်။
ယောလူငယ်အဖွဲ့ နှင့် MRTV ရုပ်သံတို့ ပူးပေါင်းပြီး ယောတို့ ဓလေ့စရိုက် ယောတို့ ရိုးရာထုံးတမ်းအစဉ်အလာများကိုယောနယ်အနှံ့ ဒေသမခွဲခြားဘဲ ရိုက်ကူး ပုံဖော်ကြမှာဖြစ်ပါတယ်။
ယနေ့မှာတော့ (19-8-16) တွင် ဂန့်ဂေါမြို့နယ် မင်းရွာ သမိုင်းဝင်ရှေးဟောင်းပိဋကတ်တိုက်နှင့်မကွေးတိုင်း ဂန့် ဂေါမြို့နယ် အတွင်းရှိ ခမ်းနားကြီးကျယ်သော သဘာဝတရားတို့ တည်ရှိရာ ကျောက်ဂူရေထွက်တောရရဲ့အေးချမ်းသာယာတဲ့ရှုခင်းအလှတွေ တည်ရှိရာ ဆရာတော်ဘုရားကြီး၏ဘုန်းတန်ခိုးမေတ္တာတရားတွေကြောင့် သူတော်စင်များကွန်းခိုရာနိဗ္ဗာန်တံခါးဝနေရာလေးတစ်ခုကို အများပြည်သူ စိတ်ပါဝင်စား သာဓုနုမော်ခေါ်နိုင်စေရန်ကျောက်ဂူတောရရိပ်သာမှာ ရိုက်ကူးကြမှာဖြစ်ပါတယ်။တဆက်တည်းမှာဘဲ ယောနယ်ကိုချစ်သော ယောနယ်အကျိုးကို လက်တဖက်စီဖြင့် ကူညီသယ်ပိုး ထမ်းရွက်လိုသော ညီ ညီမငယ်လေးတို့ ရဲ့ဆန္ဒတစ်ခုကို အကောင်ထည်ဖော်ပေးနိုင်မယ့် သတင်းကောင်းလေးတစ်ခုအနေဖြင့်. . . ဂန့် ဂေါမြို့နယ် ကန်ကျေး ရွာမှ ညီအကို မောင်နှမ များပါဝင်သောယောလူငယ်အဖွဲ့ ကိုလည်း ဖွဲ့စည်းဖြစ်ကြမှာပါ။ ယောနယ်ကောင်းကျိုး တွေကို ယောလူငယ်အဖွဲ့အချင်းချင်းနဲ့ပူးပေါင်းလုပ်ဆောင်သလို အခြားပရဟိတအဖွဲ့များနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားနိုင်အောင် ချိတ်ဆက်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်ရှင့်။ ယောလူငယ်အဖွဲ့ ဖွဲ့စည်းလိုစိတ်ရှိကြပါသော ဒေသခံ ညီအစ်ကို မောင်နှမများကိုလည်း ကျေးဇူးတင်ဝမ်းမြောက်စွာနဲ့ကြိုဆိုလျက်ပါ....
တစ်ခုတော့ ကြိုတင်ပြောထားပါရစေအုံး. . . MRTV ရိုက်ကူးရေးအဖွဲ့နှင့် ယောလူငယ်အဖွဲ့တို့ ရိုက်ကူးရေးအစီအစဉ်များကို ရတဲ့အချိန်အခိုက်အတန့် လေးမှာ ယောဒေသအတွင်း နေရာအနှံ့ပါနိုင်အောင် ယောလူငယ်အဖွဲ့အနေဖြင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့  ကျိုးစားလုပ်ဆောင်သွားပါ့မယ်။အကယ်၍ အခက်အခဲ တစ်စုံတရာ( ရာသီဥတု/အချိန်/ဘဏ္ဍာရေး)ကြောင့် စီစဉ်ထားသော်လည်းအဆင်မပြေခဲ့ခြင်းမျိုးဖြစ်ပေါ်လာခဲ့ပါကယောသူယောသားတွေရဲ့ရိုးသားတဲ့အခြေခံ စိတ်အစဉ်ဖြင့် ခွင့်လွှတ်နားလည်ပေးကြစေချင်ပါတယ်ရှင့်။
                                                                                              ပြန်ကြားရေးအဖွဲ့
                                                                                                 ယောလူငယ်

ယောလူငယ် ( ရန်ကုန် ) လစဉ်တွေ့ ဆုံဆွေး နွေးပွဲ ကျင်းပပြီးစီးခြင်း

ယောလူငယ်အဖွဲ့ လစဉ်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့  14-8-2016 တနင်္ဂနွေနေ့  နေ့လည် ၁၂ နာရီတွင်ရန်ကုန်မြို့ စွယ်တော်မြတ်စေတီတော် ယောအသင်းဓမ္မာရုံ ၌ကျင်း
ပပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် MRTV မှ ယောဒေသတွင်းရှိ ယောရိုးရာဓလေ့စရိုက်များ/ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ /ရိုးရာယက္ကန်းရက်လုပ်ခြင်းများစသည့် ယောသဘာဝ ယောအလှ နှင့် ဓလေ့စရိုက်များရိုက်ကူးရေး အစီအစဉ်အတွက်တိုင်ပင်ဆွေးနွေး ခဲ့ကြပါသည်။
ထို့ နောက် ရှမ်းပြည်နယ် ပင်လုံမြို့တွင်ကျင်းပခဲ့သည့် တိုင်းရင်းသားများလူငယ်ညီလာခံ(Ethnic Youth Conference)သို့ တက်ရောက်ခဲ့သည့် ယောလူငယ်
အဖွဲ့ အလုပ်အမှုဆောင် ဦးဝင်းဇော် (ကျောက်ထု)နှင့် ကိုဥာဏ်ထက်ရှိုင်း(ဗဟို)တို့ မှလူငယ်ညီလာခံ အတွေ့ အကြုံ များကို ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ယင်းပင်လုံညီလာခံသို့ သွားရောက်ခဲ့သော ယောလူငယ်ကိုယ်စားပြု အဖွဲ့အား ကူညီပေးကြသော အေးသာယာမှ မဝါဝါခိုင်/ပိန္နဲကျေးရွာမှ ကိုအောင်မြင့်စိုး/ မောင်ဇင်ဘိုဘိုအောင်တို့ အားယောလူငယ်အဖွဲ့မှကျေးဇူး အထူးတင်ရှိပါသည်။
တိုင်းရင်းသားလူငယ်ညီလာခံ သို့ တက်ရောက်ခဲ့ကြသည့် ယောလူငယ်အဖွဲဝင်များအား-
၁။ ကိုထူး (မလေးရှား) ၁သိန်း
၂။ကိုယောမင်းစိုး(မလေးရှား) ၁သိန်း
၃။ဦးနေလင်းအောင်+ဒေါ်သက်မွန်ထွန်း ၁သိန်း
၎။ကိုတွက်ပီ (မန္တလေး) ၅သောင်း
၅။မစုစုအေး ( ဗဟို) ၅သောင်း
၆။ဆောယောလူငယ်အဖွဲ့ ၅သောင်း
၇။ကိုယောကို ၃သောင်း
၈။တိုင်းရင်းသားညီလာခံမှ ၁၀၂၂၀၀ ကျပ်တို့ အသီးသီးထောက်ပံ့လှုဒါန်းခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့မှလည်း မှလည်း ပင်လုံလူငယ်ညီလာခံသို့  သွားရောက်ခဲ့ကြသည့်ယောလူငယ် ၆-ဦးအား တစ်ဦးလျှင် ယောဝတ်စုံတစ်စုံစီနှင့် အထွေထွေအသုံးစရိတ်အဖြစ် ငွေကျပ် ၂၀၀၀၀/စီထောက်ပံ့ပေးခဲ့ကြပါသည်။
ပင်လုံညီလာခံအတွက် အထွေထွေကုန်ကျစားရိတ်စုစုပေါင်းမှာ အကြမ်းအားဖြင့်  ၇၂၃,၆၀၀/ကျပ် ဖြစ်ပြီး စေတနာရှင်များမှ ကူညီထောက်ပံ့ငွေမှာ ၅၈၂,၂၀၀/ ဖြစ်သဖြင့် ယောလူငယ်အဖွဲ့ ရန်ပုံငွေမှ ၁၂၁,၄၀၀/ ကျပ် ဖြည့်တင်းထောက်ပံ့ခဲ့ပါသည်။
ထို့ နောက်ယောလူငယ်အဖွဲ့ဝင်အသီးသီးမှချက်ပြုတ်ယူဆောင်လာကြသည့်
မျှစ်စူးထိုးဝက်နံရိုးချက်
ယောပဲပြုတ်
သရက်သီးခြောက် နှင့် ရှပဲချက်
ငါးကင်
ငှက်ပျောဖူးချက်
ပဲမုန့်ကြော်
အစရှိသည့် ယောဒေသထွက်အစားအစာများကို ဝိုင်းဖွဲ့စားသောက်ကြပြီး ဆွေးနွေးပွဲကိုညနေ လေးနာရီအချိန်ခန့် တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။
                                                                                         ပြန်ကြားရေးအဖွဲ့
                                                                                            ယောလူငယ်


ဆောဒေသအခြေခံယောလူငယ်အဖွဲ့ တွေ့ဆုံပွဲ အောင်မြင်စွာပြီးစီးခြင်း (11/8/2016)

ဆောဒေသအခြေခံယောလူငယ်အဖွဲ့သားများလစဉ်တွေ့ဆုံပွဲကို 11-8-2016 နေ့လည်1:00နာရီအချိန်တွင် ဆောမြို့နယ် မင်းလယ်ရွာ လောကချမ်းသာ အောင်သိဒ္ဓိစေတီရင်ပြင်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲအား ကျောက်ထုဒေသ ယောလူငယ်အဖွဲ့နှင့် သီးကုန်းကျေးရွာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။အခမ်းနားမှူးအဖြစ် ယောလူငယ်အဖွဲ့ဝင် မမေသက်ပိုင်မှ ဆောင်ရွက်ပေးပြီး အခမ်းနားကိုအစီစဉ်( ၉ ) ခုဖြင့် ဆောင်ရွက်ခဲ့ပါသည်။အစီအစဉ် (၁)အရ ဆောဒေသ ယောလူငယ်ဥက္ကဌ ကိုခင်ဇော်လွင်မှ အဖွင့်စကား ပြောကြားခဲ့ပါသည်။

ထို့နောက်ကျောက်ထုဒေသ ယောလူငယ်အမှုဆောင် ကိုရင်ပွကြီး မှယောလူငယ်ဖွဲ့စည်းဖြစ်တည်ရခြင်းနှင့်ရည်ရွယ်ချက်များကိုပြောကြားဆွေးနွေးခဲ့ပါသည်။ကျောက်ထုဒေသယောလူငယ်အဖွဲ့ ကိုရင်ဒိပ္ပမှ ပင်လုံညီလာခံ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။ဆောဒေသ ယောလူငယ် ကိုမင်းမောင်မှ ဆောအဖွဲ့၏ ရ/ငွေသုံးငွေစာရင်းကို ရှင်းလင်းတင်ပြ ပေးခဲ့ပါသည်။ ဆောဒေသ ယောလူငယ်အတွင်းရေးမှူး ကိုအောင်ကျော်ဦးမှ ဆောယောလူငယ်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် ရှေ့ဆက်ကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဆောဒေသမှ ယောလူငယ်အဖွဲ့အနေဖြင့် ပင်လုံညီလာခံ တက်ရောက်ကြသော ယောလူငယ်အဖွဲ့သားများအား မိမိတို့အဖွဲ့မှ တတ်စွမ်းသရွေ့သော ထောက်ပံ့ငွေ (၅၀၀၀၀ ) ကျပ်အား ဆောအဖွဲ့ကိုစား ကိုခင်ဇော်လွင်မှ ကိုရင်ပွကြီးတို့ထံသို့ ထောက်ပံ့ကူညီခဲ့ပါသည်။ တက်ရောက်လာသူများမှ မိမိတို့ မရှင်းလင်းသည်များကို ဆွေးနွေးမေးမြန်း အသိခြင်း ဖလှယ်ခဲ့ကြပါသည်။
သီးကုန်းကျေးရွာမှ ဧည့်သည်တော် ဦးကျော်လှမှအလှူငွေ( ၅၀၀၀ )ကျပ်နှင့် အကြည်ကတင်းဆရာတော်မှ အလှူငွေ (၃၀၀၀၀ )ကျပ်တို့ လှူဒါန်းကြရာတွင် ဆောယောလူငယ်အဖွဲ့ကိုယ်စား ကိုသန်းဇော်ဦးမှ လက်ခံရယူခဲ့ပါသည်။ ညနေ 4:00ရီအချိန်တွင် အခမ်းနားမှူး မမေသက်ပိုင်မှ ဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာပီး အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။
                                                                                                     ပြန်ကြားရေး
                                                                                                  ယောလူငယ်အဖွဲ့

Saturday, August 27, 2016

မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံ

ဇူလိုင်လ (၂၇ )နေ့မှ သြဂုတ်လ ( ၁) နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ပင်လုံမြို့တွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားညီလာခံမှာ သြဂုတ်လ ၁ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ ယောလူမျိုးစု ကိုယ်စားလှယ် ( ၃ ) ဦး ၊ တောင်သား လူမျိုးစုမှ ကိုယ်စားလှယ် ( ၂) ဦး နှင့် ညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင် (၁) ဦး စုစုပေါင်း (၆ )ဦး တက်ရောက်ခဲ့ပါသည်။လူမျိုးနွယ်စု တစ်ခုကို ၃ဦးသာ တက်ရောက်ခွင့် ရှိပါသည် ။
ထိုညီလာခံဆုံးဖြတ်ချက်ဖြင့်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာ တုင်းရင်းသားလူငယ် မဟာမိတ် အဖွဲ့ ဗဟိုကော်မတီတွင် ယောလူမျိုး (၃) ဦး နှင့် တောင်သားလူမျိုး (၃) တို့ပါဝင်ခွင့်ရရှိခဲ့သဖြင့် ယောလူမျိုးအတွက်တစ်ဦး တောင်သားလူမျိုးအတွက် တစ်ဦး စာရင်းပေးသွင်းခဲ့ပြီးဖြစ်သည်။ ထိုကြေင့် လိုအပ်နေသော အခြားကိုယ်စားလှယ်နေရာများအတွက် တစ်လအတွင်း ပြန်လည်စာရင်းပေးသွင်းရန်လိုအပ်ပါသည်။ ထိုကိုယ်စားလှယ်နေရာများအတွက် ဒေသခံအဖွဲ့အစည်းများနှင့် အမျိုးသားနိုင်ငံရေး ကို တက်ကြွလုပ်ဆောင်နေကြသော ယောသူ၊ ယောသားများနှင့်လည်း ယောလူငယ်အဖွဲ့ အနေဖြင့်တွေဆုံဆွေးနွေးလိုပါသည်။ ယောလူငယ်အဖွဲ့မှ တက်ရောက် ဆွေးနွေးခဲ့သော ပင်လုံမြို့ တိုင်းရင်းသား လူငယ်ညီလာခံမှ ရရှိခဲ့သော သဘောထား ထုတ်ပြန်ချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်များ ညီလာခံ
ထုတ်ပြန်ချက်
( ပင်လုံ )
နေ့စွဲ ။ ။၂၀၁၆ ခုနှစ် ၊သြဂုတ်လ ၁ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသား လူငယ်ညီလာခံကို ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ပင်လုံမြို့တွင် ကျင်းပခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ဇူလိုင်လ (၂၇)မှ သြဂုတ်လ(၁)ရက်နေ့အထိ (၆)ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ညီလာခံတွင် တိုင်းရင်းသား လူမျိုး၊မျိုးနွယ်စုပေါင်း (၂၆)မျိုး၊ညီလာခံ ကိုယ်စားလှယ်ပေါင်း(၅၂၄)ဦး ၊လေ့လာသူပေါင်း(၈၆)ဦး၊ညီလာခံဖြစ်မြောက်ရေးမတီဝင်များ၊ပညာရှင်များနှင့် ဦးဆောင်ဆွေးနွေးသူပေါင်း (၁၅၂)ဦး၊စုစုပေါင်း (၇၆၄)ဦး တက်ရောက်ခဲ့သည်။
၂။ ညီလာခံတွင် အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သ၀ဏ်လွှာများကို ဖတ်ကြားတင်သွင်းခြင်းနှင့်မှတ်တမ်းတင်ခြင်း၊ ဖက်ဒရယ်နှင့်ငြိမ်းချမ်းရေးကိစ္စရပ်များကို ဆွေးနွေးခြင်း
၊တိုင်းရင်းသားလူမျိုး (၂၆)မျိုးမှ စာတမ်း (၂၂)စောင် ဖတ်ကြားတင်သွင်းခြင်းနှင့် အခြားစာတမ်းများကို မှတ်တမ်းတင်ခြင်း၊စာတမ်းများထဲမှ ဖြေရှင်းရန် လိုအပ်သော ပြသနာများကိုရွေးထုတ်ခြင်းနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အဖြေရှာခြင်း စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
၃။မကြာမှီ ကျင်းပပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ)သည် နိုင်ငံရေး ပြသနာကို အဖြေရှာနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲ တရပ် ဖြစ်သည့်အတွက် တိုင်းရင်းသားဒေသများတွင် တပ်မတော်မှ ထိုးစစ်ဆင်ျွု့များကို ရပ်တန့်ပြီး အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်သော နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်သင့်ကြောင်းနှင့် လူငယ်များ ပါဝင်သင့်ကြောင်း ညီလာခံမှ သဘောထား ရှိသည်။
၎။ ငြိမ်းချမ်းလုပ်ငန်းစဉ်ဖော်ဆောင်ရေး ကာလတွင်း ဖက်ဒရယ်စနစ်ကိုအခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည် မဖော်နိုင်သမျှ ကာလပတ်လုံး အကြီးစား သယံဇာတထုတ်ယူသုံးစွဲမှု့ စီမံကိန်းများအားလုံးကို ရပ်တန့်ရန် ညီလာခံမှ သဘောထားရှိသည်။
၅။အထက်ပါအပိုဒ်(၅ )ဆုံးဖြတ်ချက်အရ လုပ်ငန်းရေးရာ ကော်မတီများကို ညီလာခံ (၆)ရက်တာအတွင်းတွင် အောက်ပါသဘောထားနှင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြသည်။
(က ) အမျိုးသားတန်းတူရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ
(ခ ) ငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကော်မတီ
( ဂ ) တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ကော်မတီ
( ဃ) မူးယစ်ဆေးဝါး ဆိုင်ရာ တိုက်ဖျက်ရေး ကော်မတီ
( င ) ပြန်လည်နေရာချထားရေး- IDPs/Refugees၊ ပညာရေး၊ကျန်းမာရေး၊စာပေနှင့် ယဉ်ကျေးမှု့ကော်မတီ
(စ ) သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ရင်းနှီးမြှပ်နှံမှု့ ထိန်းသိမ်းကာကွယ်ရေး ကော်မတီ
(ဆ) တိုင်းရင်းသားရေးရာ ကော်မတီ (တိုင်းရင်းသား လူငယ်ရေးရာမူဝါဒ)
၆။သို့ဖြစ်ပါ၍ မိမိတို့ တိုင်းရင်းသားများလိုလားသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ရရှိနိုင်ရေးနှင့် ချမှတ်ထားသော လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်အဖွဲ့ကို လူမျိုး (၂၆ )မျိုးမှ ကိုယ်စားလှယ်(၃)ဦးစီဖြင့် ဗဟိုကော်မတီဝင် (၇၈)ဦး ၊ဗဟိုအလုပ်အမှု့ဆောင် ကော်မတီဝင် (၂၆)ဦးနှင့် လုပ်ငန်းအစုအဖွဲ့ (၇)ခုဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။
                                                                                     ယောလူငယ် (ပြန်ကြားရေး )

ယောလူငယ်(နေပြည်တော်)အဖွဲ့ (30-7-2016)ရက်နေ့လစဉ်တွေ့ဆုံပွဲ မှတ်တမ်း

ယနေ့ ၃၀ - ၇- ၂၀၁၆ ရက်နေ့ မနက် ၁၀:၀၀ နာရီတွင် လစဉ်တွေ့ဆုံနေကျဖြစ်သည့် ဓာတုဇယဓာတ်ပေါင်းစုစေတီဝန်းအတွင်းတွေ့ဆုံခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယောလူငယ် အဖွဲ့ဝင် များအပြင် အဖွဲ့ဝင်အသစ် နှစ်ဦး တက်ရောက်ခဲ့ပါသည်။
အဖွဲ့ဝင်သစ်များအား ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ယောလူငယ်အဖွဲ့အနေဖြင့် စွမ်းသမျှကို ဆောင်ရွက်နေကြပါကြောင်း၊ လက်ရှိတွင်လည်း တိုင်းရင်းသားလူငယ်ညီလာခံသို့ အဖွဲ့ဝင်များတက်ရောက်လျှက်ရှိပါကြောင်း၊ တစ်ယောက်တစ်လက်အား ဖြင့် ယောဒေသအကျိုးကို ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် ယောလူငယ်အဖွဲ့သည် နေရာဒေသ အခြေအနေအရသာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် စသည်ဖြင့် ကွဲပြားနေပါသော်လည်း တစ်ဖွဲ့တည်းသာဖြစ်ပါကြောင်း တို့ကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။
ယောလူငယ်(နေပြည်တော်)ဥက္ကဌမှလည်း ယောသူ/ယောသားများအနေဖြင့် ယောဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပြီး Fund ငွေတိုးလာစေရေးအတွက် ဒေသထွက်ကုန် ယောလုံချည်များကို online shopping ဖြင့် လက်လီလက္ကား ရောင်းချခြင်း၊ အဖွဲ့ဝင်များမှ ရောင်းချပြီး အဖွဲ့ ရန်ပုံငွေ ထည့်ပေးခြင်းတို့ စတင်အကောင်အထည် ဖော်ရန် အစီအစဉ်များ ရေးဆွဲခဲ့ပါသည် ။
ထို့နောက် မိမိတို့နှင့် နီးစပ်သူ/ဆက်စပ်သူ ပြည့်စုံသူများကိုလည်း တိုက်တွန်းနှိုးဆော်စေလို ပါကြောင်း၊ ဒေသအကျိုးကို ဒေသခံများ/ စီမံခန့်ခွဲနိုင်သူများ/လမ်းညွှန်ပေးနိုင် သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လစဉ်ကြေး ကောက်ခံခြင်း၊
အသင်းဝင်အသစ်များအား မိတ်ဆက်ပေးခြင်း၊ ယောလူငယ်အဖွဲ့ အတွင်းရေးမှုးဖြစ်သူ ဒေါ်ကြွယ်ကြွယ်ဝင်း၏ ဒါနပြုသည့် ထမင်း၊ဟင်း(ကြက်သားစပ်သီးချက်၊ ဖရုံရွက်ကြော်၊မျှစ်ဆိမ့်ဟင်း၊ မကျည်းသီးထောင်း) အချိုပွဲအဖြစ် နာနတ်သီး ၊ပြောင်းဖူးပြုတ် တို့ကို ခရေရိပ် မြက်ခင်းပြင် တွင် အားပါးတရစားသောက်ပြီး ဓာတုဇယဓာတ်ပေါင်းစုစေတီ ဘက်စုံပြုပြင်ရန် အလှူ ငွေ (၁၀၀၀၀/-)ထည့်ဝင်ကာ တွေ့ဆုံပွဲ အား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
                                                                                    ယောလူငယ်ပြန်ကြားရေးအဖွဲ့

29 , 7, 2016 ပင်လုံမြို့ (ယောလူငယ်)

တိုင်းရင်းသား လူမျိုးစု အသီးသီးမှ မိမိတို့ လူမျိုးဖြစ်တည်လာပုံအကျဉ်းနှင့် ရင်ဆိုင်နေရတဲ့ မိမိတို့ အခက်အခဲများကို ၁၀မိနစ်စာ တင်သွင်းဖတ်ကြားခွင့် ရရှိခဲ့ပါတယ်။ ကျနော်တို့ ယောလူငယ်ကိုယ်စားပြုအနေဖြင့် ယောလူမျိုးစုအကြောင်း ၊တောင်သားလူမျိုးစုအကြောင်းနှင့် လူဦးရေ နယ်နိမိတ်တို့ကို အကျဉ်းချုံးပြီး ထီးလင်း ယောလူငယ် အတွင်းရေးမှူး ကိုထွန်းမင်းမှ ဖတ်ကြားတင်ပြခဲ့ပါတယ်။ တိုင်းရင်းသား ပရိတ်သတ်တွေအဖို့ ယောလူငယ်စာတမ်းမှာ သဘောအကျဆုံး ၂ချက်ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ယောဒေသက လူတွေကို မြန်မာပြည်အရပ်ရပ်က လူတွေက စုန်းကဝေ မှော်အတတ်တွေ ကျွမ်းကျင်တယ်ဆိုပြီး သိထားတာဟာ မှားတယ်ဆိုတာကို ရှင်းပြခဲ့တာရယ် ၊ ကျနော်တို့ ယောသူယောသားတွေဟာ ယဉ်ကျေးမှု့ အဆင့်အတန်းမြင့်မား ရှေးကျတယ်ဆိုတဲ့ အချက်တွေကို ပုံတောင်ပုံညာရပ်ဝန်းဒေသမှ ရှာဖွေတွေ့ရှိရတဲ့ ကျောက်ခေတ်၊ကြေးခေတ်၊သံခေတ် လက်နက် အသုံးအဆောင်တွေ တွေ့ရှိရမှု့အပေါ် သက်သေ အထောက်အဖြစ် ချပြဆွေးနွေးခဲ့ပါတယ်။
အခြားသော နောက်တစ်ခုအနေဖြင့် တောင်သားလူမျိုးတိုင်းရင်းသား အကြောင်းကိုလည်း တင်ပြဆွေးနွေးခွင့် ရခဲ့တာဟာ အင်မတန် အကျိုးရှိလှပါတယ်။နောက်ဆုံးအနေဖြင့် ပင်နီချောနဲ့ ယောလုံချည်ဝတ်စုံကို ၀တ်ဆင်ထားကြတဲ့ ကျနော်တို့ ယောသူယောသားတွေဟာ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေလိုပဲ ဖြူစင် ရိုးသားလှတဲ့ သူတွေသာဖြစ်ကြောင်း ဖတ်ကြားအပြီးမှာ လက်ခုပ်သြဘာသံများ ဖျောင်းဖျောင်းဖျဖျဖြင့် အသိအမှတ်ပြုခဲ့ကြပါတယ်။ နေ့လည်ခင်းနားချိန်မှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆရာ သွင်လင်းအောင် ၊ရှေ့နေများကောင်စီ ဥက္ကဌဟောင်း ဦးသိန်ဦးတို့နှင့်ပင်လုံကျောက်တိုင်အနီးတွင် တွေ့ဆုံဖြစ်ခဲ့ကြတယ်။ " ယောလုံချည်နဲ့ ပင်နီအင်္ကျီကို ၀တ်ဆင်ဖူးတာကြပြီဖြစ်ပေမယ့် ယောသူယောသားတွေကို အခုမှ တွေ့မြင်ဖူးတာ ဖြစ်တာကြောင့် အရမ်းဝမ်းသာမိတဲ့အကြောင်း ၊ကျနော်တို့ ဗမာအမျိုးသားတွေရဲ့ ဘိုးဘွားတွေဖြစ်ကြောင်း မိတ်ဆက်လာလို့ ၀မ်းသာကြည်နူးရပါတယ် " ။

ညနေပိုင်း အခမ်းအနားအပြီးမှာတော့ DVB သတင်းအေဂျင်စီ၊မြန်မာတိုင်းမ် သတင်းအေဂျင်စီတို့က ယောလူငယ်အဖွဲ့ကို အင်တာဗျူး မှတ်တမ်းယူခဲ့ကြပါတယ် ။ ကျနော်တို့ ယောလူငယ် ကိုယ်စားလှယ်များမှ မေးမြန်းလာသည်များကို ဆီလျော်တဲ့ အဖြေများ အသီးသီး ဖြေဆိုခဲ့ကြပါတယ်။ ညပိုင်းမှာတော့ တိုင်းရင်းအသီးသီးမှ ရိုးရာအက၊အလှများဖြင့် အသီးသီး တင်ဆက်ကပြလျှက် ရှိပါတယ်။
                                                                                           ပြန်ကြားရေး
                                                                                        ယောလူငယ်အဖွဲ့