Menu

Sunday, August 28, 2016

ဆောဒေသအခြေခံယောလူငယ်အဖွဲ့ တွေ့ဆုံပွဲ အောင်မြင်စွာပြီးစီးခြင်း (11/8/2016)

ဆောဒေသအခြေခံယောလူငယ်အဖွဲ့သားများလစဉ်တွေ့ဆုံပွဲကို 11-8-2016 နေ့လည်1:00နာရီအချိန်တွင် ဆောမြို့နယ် မင်းလယ်ရွာ လောကချမ်းသာ အောင်သိဒ္ဓိစေတီရင်ပြင်ဓမ္မာရုံ၌ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲအား ကျောက်ထုဒေသ ယောလူငယ်အဖွဲ့နှင့် သီးကုန်းကျေးရွာမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။အခမ်းနားမှူးအဖြစ် ယောလူငယ်အဖွဲ့ဝင် မမေသက်ပိုင်မှ ဆောင်ရွက်ပေးပြီး အခမ်းနားကိုအစီစဉ်( ၉ ) ခုဖြင့် ဆောင်ရွက်ခဲ့ပါသည်။အစီအစဉ် (၁)အရ ဆောဒေသ ယောလူငယ်ဥက္ကဌ ကိုခင်ဇော်လွင်မှ အဖွင့်စကား ပြောကြားခဲ့ပါသည်။

ထို့နောက်ကျောက်ထုဒေသ ယောလူငယ်အမှုဆောင် ကိုရင်ပွကြီး မှယောလူငယ်ဖွဲ့စည်းဖြစ်တည်ရခြင်းနှင့်ရည်ရွယ်ချက်များကိုပြောကြားဆွေးနွေးခဲ့ပါသည်။ကျောက်ထုဒေသယောလူငယ်အဖွဲ့ ကိုရင်ဒိပ္ပမှ ပင်လုံညီလာခံ တက်ရောက်ခဲ့သည့် အတွေ့အကြုံများကို မျှဝေပေးခဲ့ပါသည်။ဆောဒေသ ယောလူငယ် ကိုမင်းမောင်မှ ဆောအဖွဲ့၏ ရ/ငွေသုံးငွေစာရင်းကို ရှင်းလင်းတင်ပြ ပေးခဲ့ပါသည်။ ဆောဒေသ ယောလူငယ်အတွင်းရေးမှူး ကိုအောင်ကျော်ဦးမှ ဆောယောလူငယ်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် ရှေ့ဆက်ကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ဆောဒေသမှ ယောလူငယ်အဖွဲ့အနေဖြင့် ပင်လုံညီလာခံ တက်ရောက်ကြသော ယောလူငယ်အဖွဲ့သားများအား မိမိတို့အဖွဲ့မှ တတ်စွမ်းသရွေ့သော ထောက်ပံ့ငွေ (၅၀၀၀၀ ) ကျပ်အား ဆောအဖွဲ့ကိုစား ကိုခင်ဇော်လွင်မှ ကိုရင်ပွကြီးတို့ထံသို့ ထောက်ပံ့ကူညီခဲ့ပါသည်။ တက်ရောက်လာသူများမှ မိမိတို့ မရှင်းလင်းသည်များကို ဆွေးနွေးမေးမြန်း အသိခြင်း ဖလှယ်ခဲ့ကြပါသည်။
သီးကုန်းကျေးရွာမှ ဧည့်သည်တော် ဦးကျော်လှမှအလှူငွေ( ၅၀၀၀ )ကျပ်နှင့် အကြည်ကတင်းဆရာတော်မှ အလှူငွေ (၃၀၀၀၀ )ကျပ်တို့ လှူဒါန်းကြရာတွင် ဆောယောလူငယ်အဖွဲ့ကိုယ်စား ကိုသန်းဇော်ဦးမှ လက်ခံရယူခဲ့ပါသည်။ ညနေ 4:00ရီအချိန်တွင် အခမ်းနားမှူး မမေသက်ပိုင်မှ ဆွေးနွေးပွဲကို အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေငြာပီး အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ ဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။
                                                                                                     ပြန်ကြားရေး
                                                                                                  ယောလူငယ်အဖွဲ့

No comments:

Post a Comment