Menu

Saturday, August 27, 2016

ယောလူငယ်(နေပြည်တော်)အဖွဲ့ (30-7-2016)ရက်နေ့လစဉ်တွေ့ဆုံပွဲ မှတ်တမ်း

ယနေ့ ၃၀ - ၇- ၂၀၁၆ ရက်နေ့ မနက် ၁၀:၀၀ နာရီတွင် လစဉ်တွေ့ဆုံနေကျဖြစ်သည့် ဓာတုဇယဓာတ်ပေါင်းစုစေတီဝန်းအတွင်းတွေ့ဆုံခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ယောလူငယ် အဖွဲ့ဝင် များအပြင် အဖွဲ့ဝင်အသစ် နှစ်ဦး တက်ရောက်ခဲ့ပါသည်။
အဖွဲ့ဝင်သစ်များအား ၀မ်းပန်းတသာ ကြိုဆိုခဲ့ကြပြီး ယောလူငယ်အဖွဲ့အနေဖြင့် စွမ်းသမျှကို ဆောင်ရွက်နေကြပါကြောင်း၊ လက်ရှိတွင်လည်း တိုင်းရင်းသားလူငယ်ညီလာခံသို့ အဖွဲ့ဝင်များတက်ရောက်လျှက်ရှိပါကြောင်း၊ တစ်ယောက်တစ်လက်အား ဖြင့် ယောဒေသအကျိုးကို ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်းနှင့် ယောလူငယ်အဖွဲ့သည် နေရာဒေသ အခြေအနေအရသာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် စသည်ဖြင့် ကွဲပြားနေပါသော်လည်း တစ်ဖွဲ့တည်းသာဖြစ်ပါကြောင်း တို့ကို ပြောဆိုဆွေးနွေးခဲ့ကြပါသည်။
ယောလူငယ်(နေပြည်တော်)ဥက္ကဌမှလည်း ယောသူ/ယောသားများအနေဖြင့် ယောဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပြီး Fund ငွေတိုးလာစေရေးအတွက် ဒေသထွက်ကုန် ယောလုံချည်များကို online shopping ဖြင့် လက်လီလက္ကား ရောင်းချခြင်း၊ အဖွဲ့ဝင်များမှ ရောင်းချပြီး အဖွဲ့ ရန်ပုံငွေ ထည့်ပေးခြင်းတို့ စတင်အကောင်အထည် ဖော်ရန် အစီအစဉ်များ ရေးဆွဲခဲ့ပါသည် ။
ထို့နောက် မိမိတို့နှင့် နီးစပ်သူ/ဆက်စပ်သူ ပြည့်စုံသူများကိုလည်း တိုက်တွန်းနှိုးဆော်စေလို ပါကြောင်း၊ ဒေသအကျိုးကို ဒေသခံများ/ စီမံခန့်ခွဲနိုင်သူများ/လမ်းညွှန်ပေးနိုင် သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လစဉ်ကြေး ကောက်ခံခြင်း၊
အသင်းဝင်အသစ်များအား မိတ်ဆက်ပေးခြင်း၊ ယောလူငယ်အဖွဲ့ အတွင်းရေးမှုးဖြစ်သူ ဒေါ်ကြွယ်ကြွယ်ဝင်း၏ ဒါနပြုသည့် ထမင်း၊ဟင်း(ကြက်သားစပ်သီးချက်၊ ဖရုံရွက်ကြော်၊မျှစ်ဆိမ့်ဟင်း၊ မကျည်းသီးထောင်း) အချိုပွဲအဖြစ် နာနတ်သီး ၊ပြောင်းဖူးပြုတ် တို့ကို ခရေရိပ် မြက်ခင်းပြင် တွင် အားပါးတရစားသောက်ပြီး ဓာတုဇယဓာတ်ပေါင်းစုစေတီ ဘက်စုံပြုပြင်ရန် အလှူ ငွေ (၁၀၀၀၀/-)ထည့်ဝင်ကာ တွေ့ဆုံပွဲ အား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
                                                                                    ယောလူငယ်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment