ယောလူငယ်အဖွဲ့ လစဉ်တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့  14-8-2016 တနင်္ဂနွေနေ့ 
နေ့လည် ၁၂ နာရီတွင်ရန်ကုန်မြို့ စွယ်တော်မြတ်စေတီတော် ယောအသင်းဓမ္မာရုံ
၌ကျင်း
ပပြုလုပ်ခဲ့ပါသည်။
ထိုဆွေးနွေးပွဲတွင် MRTV မှ ယောဒေသတွင်းရှိ ယောရိုးရာဓလေ့စရိုက်များ/ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ /ရိုးရာယက္ကန်းရက်လုပ်ခြင်းများစသည့် ယောသဘာဝ ယောအလှ နှင့် ဓလေ့စရိုက်များရိုက်ကူးရေး အစီအစဉ်အတွက်တိုင်ပင်ဆွေးနွေး ခဲ့ကြပါသည်။
ထို့ နောက် ရှမ်းပြည်နယ် ပင်လုံမြို့တွင်ကျင်းပခဲ့သည့် တိုင်းရင်းသားများလူငယ်ညီလာခံ(Ethnic Youth Conference)သို့ တက်ရောက်ခဲ့သည့် ယောလူငယ်
အဖွဲ့ အလုပ်အမှုဆောင် ဦးဝင်းဇော် (ကျောက်ထု)နှင့် ကိုဥာဏ်ထက်ရှိုင်း(ဗဟို)တို့ မှလူငယ်ညီလာခံ အတွေ့ အကြုံ များကို ရှင်းလင်းတင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ယင်းပင်လုံညီလာခံသို့ သွားရောက်ခဲ့သော ယောလူငယ်ကိုယ်စားပြု အဖွဲ့အား ကူညီပေးကြသော အေးသာယာမှ မဝါဝါခိုင်/ပိန္နဲကျေးရွာမှ ကိုအောင်မြင့်စိုး/ မောင်ဇင်ဘိုဘိုအောင်တို့ အားယောလူငယ်အဖွဲ့မှကျေးဇူး အထူးတင်ရှိပါသည်။
တိုင်းရင်းသားလူငယ်ညီလာခံ သို့ တက်ရောက်ခဲ့ကြသည့် ယောလူငယ်အဖွဲဝင်များအား-
၁။ ကိုထူး (မလေးရှား) ၁သိန်း
၂။ကိုယောမင်းစိုး(မလေးရှား) ၁သိန်း
၃။ဦးနေလင်းအောင်+ဒေါ်သက်မွန်ထွန်း ၁သိန်း
၎။ကိုတွက်ပီ (မန္တလေး) ၅သောင်း
၅။မစုစုအေး ( ဗဟို) ၅သောင်း
၆။ဆောယောလူငယ်အဖွဲ့ ၅သောင်း
၇။ကိုယောကို ၃သောင်း
၈။တိုင်းရင်းသားညီလာခံမှ ၁၀၂၂၀၀ ကျပ်တို့ အသီးသီးထောက်ပံ့လှုဒါန်းခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့မှလည်း မှလည်း ပင်လုံလူငယ်ညီလာခံသို့  သွားရောက်ခဲ့ကြသည့်ယောလူငယ် ၆-ဦးအား တစ်ဦးလျှင် ယောဝတ်စုံတစ်စုံစီနှင့် အထွေထွေအသုံးစရိတ်အဖြစ် ငွေကျပ် ၂၀၀၀၀/စီထောက်ပံ့ပေးခဲ့ကြပါသည်။
ပင်လုံညီလာခံအတွက် အထွေထွေကုန်ကျစားရိတ်စုစုပေါင်းမှာ အကြမ်းအားဖြင့် ၇၂၃,၆၀၀/ကျပ် ဖြစ်ပြီး စေတနာရှင်များမှ ကူညီထောက်ပံ့ငွေမှာ ၅၈၂,၂၀၀/ ဖြစ်သဖြင့် ယောလူငယ်အဖွဲ့ ရန်ပုံငွေမှ ၁၂၁,၄၀၀/ ကျပ် ဖြည့်တင်းထောက်ပံ့ခဲ့ပါသည်။
ထို့ နောက်ယောလူငယ်အဖွဲ့ဝင်အသီးသီးမှချက်ပြုတ်ယူဆောင်လာကြသည့်
မျှစ်စူးထိုးဝက်နံရိုးချက်
ယောပဲပြုတ်
သရက်သီးခြောက် နှင့် ရှပဲချက်
ငါးကင်
ငှက်ပျောဖူးချက်
ပဲမုန့်ကြော်
အစရှိသည့် ယောဒေသထွက်အစားအစာများကို ဝိုင်းဖွဲ့စားသောက်ကြပြီး ဆွေးနွေးပွဲကိုညနေ လေးနာရီအချိန်ခန့် တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်

No comments:
Post a Comment