တိုင်းရင်းသား လူမျိုးစု အသီးသီးမှ မိမိတို့
လူမျိုးဖြစ်တည်လာပုံအကျဉ်းနှင့် ရင်ဆိုင်နေရတဲ့ မိမိတို့ အခက်အခဲများကို
၁၀မိနစ်စာ တင်သွင်းဖတ်ကြားခွင့် ရရှိခဲ့ပါတယ်။ ကျနော်တို့
ယောလူငယ်ကိုယ်စားပြုအနေဖြင့် ယောလူမျိုးစုအကြောင်း
၊တောင်သားလူမျိုးစုအကြောင်းနှင့် လူဦးရေ နယ်နိမိတ်တို့ကို အကျဉ်းချုံးပြီး
ထီးလင်း ယောလူငယ် အတွင်းရေးမှူး ကိုထွန်းမင်းမှ ဖတ်ကြားတင်ပြခဲ့ပါတယ်။
တိုင်းရင်းသား ပရိတ်သတ်တွေအဖို့ ယောလူငယ်စာတမ်းမှာ သဘောအကျဆုံး
၂ချက်ရှိပါတယ်။ ဒါကတော့ ကျနော်တို့
ယောဒေသက လူတွေကို မြန်မာပြည်အရပ်ရပ်က လူတွေက စုန်းကဝေ မှော်အတတ်တွေ
ကျွမ်းကျင်တယ်ဆိုပြီး သိထားတာဟာ မှားတယ်ဆိုတာကို ရှင်းပြခဲ့တာရယ် ၊
ကျနော်တို့ ယောသူယောသားတွေဟာ ယဉ်ကျေးမှု့ အဆင့်အတန်းမြင့်မား
ရှေးကျတယ်ဆိုတဲ့ အချက်တွေကို ပုံတောင်ပုံညာရပ်ဝန်းဒေသမှ ရှာဖွေတွေ့ရှိရတဲ့
ကျောက်ခေတ်၊ကြေးခေတ်၊သံခေတ် လက်နက် အသုံးအဆောင်တွေ တွေ့ရှိရမှု့အပေါ် သက်သေ
အထောက်အဖြစ် ချပြဆွေးနွေးခဲ့ပါတယ်။
အခြားသော နောက်တစ်ခုအနေဖြင့် တောင်သားလူမျိုးတိုင်းရင်းသား အကြောင်းကိုလည်း တင်ပြဆွေးနွေးခွင့် ရခဲ့တာဟာ အင်မတန် အကျိုးရှိလှပါတယ်။နောက်ဆုံးအနေဖြင့် ပင်နီချောနဲ့ ယောလုံချည်ဝတ်စုံကို ၀တ်ဆင်ထားကြတဲ့ ကျနော်တို့ ယောသူယောသားတွေဟာ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေလိုပဲ ဖြူစင် ရိုးသားလှတဲ့ သူတွေသာဖြစ်ကြောင်း ဖတ်ကြားအပြီးမှာ လက်ခုပ်သြဘာသံများ ဖျောင်းဖျောင်းဖျဖျဖြင့် အသိအမှတ်ပြုခဲ့ကြပါတယ်။ နေ့လည်ခင်းနားချိန်မှာ နိုင်ငံရေး လေ့လာသုံးသပ်သူ ဆရာ သွင်လင်းအောင် ၊ရှေ့နေများကောင်စီ ဥက္ကဌဟောင်း ဦးသိန်ဦးတို့နှင့်ပင်လုံကျောက်တိုင်အနီးတွင် တွေ့ဆုံဖြစ်ခဲ့ကြတယ်။ " ယောလုံချည်နဲ့ ပင်နီအင်္ကျီကို ၀တ်ဆင်ဖူးတာကြပြီဖြစ်ပေမယ့် ယောသူယောသားတွေကို အခုမှ တွေ့မြင်ဖူးတာ ဖြစ်တာကြောင့် အရမ်းဝမ်းသာမိတဲ့အကြောင်း ၊ကျနော်တို့ ဗမာအမျိုးသားတွေရဲ့ ဘိုးဘွားတွေဖြစ်ကြောင်း မိတ်ဆက်လာလို့ ၀မ်းသာကြည်နူးရပါတယ် " ။

ညနေပိုင်း အခမ်းအနားအပြီးမှာတော့ DVB
သတင်းအေဂျင်စီ၊မြန်မာတိုင်းမ် သတင်းအေဂျင်စီတို့က ယောလူငယ်အဖွဲ့ကို
အင်တာဗျူး မှတ်တမ်းယူခဲ့ကြပါတယ် ။ ကျနော်တို့ ယောလူငယ် ကိုယ်စားလှယ်များမှ
မေးမြန်းလာသည်များကို ဆီလျော်တဲ့ အဖြေများ အသီးသီး ဖြေဆိုခဲ့ကြပါတယ်။
ညပိုင်းမှာတော့ တိုင်းရင်းအသီးသီးမှ ရိုးရာအက၊အလှများဖြင့် အသီးသီး
တင်ဆက်ကပြလျှက် ရှိပါတယ်။
ပြန်ကြားရေး
ယောလူငယ်အဖွဲ့
ပြန်ကြားရေး
ယောလူငယ်အဖွဲ့
No comments:
Post a Comment