Menu

Wednesday, May 17, 2017

ယောရွာလေးရဲ့နှစ်ဦးမင်္ဂလာ

ယောဒေသက အိုင်းမကျေးရွာမှာရွာပတ်ဝန်းကျင်နဲ့ရွာဘေး ကားလမ်းတလျှောက် သန့်ရှင်းသာယာရေးအတွက် ရွာ့ကလေး
ငယ်လေးတွေက ကျောင်းပိတ်ရက်လေးတွေမှာ အလိုက်တသိ အမှိုက်ကောက်တဲ့ ဓလေ့လေးရှိပါတယ်။
လူကြီးသူမတွေကလည်း အမှိုက်ကောက်ပြီးမောမောနဲ့ ပြန်
လာတဲ့ကလေးတွေကို မုန့်ပဲသားရေစာလေးတွေ တတ်နိုင်သမျှ ကျွေးမွေးကြပါတယ်။
သို့ပေမယ့် အမှိုက်ကောက်တဲ့အခါ လိုအပ်တဲ့ လက်အိတ်/
အမှိုက်ပုံး/အမှိုက်မီးရှို့တဲ့အခါ သုံးဖို့ နှာခေါင်းစည်း(Mask)
တို့ မရှိခဲ့ပါဘူးဗျ။
သည်နေ့တော့ လိုအပ်တဲ့ပစ္စည်းတချို့တဝက်နဲ့ ရန်ပုံငွေ
အချို့ကို အလှူ ရှင်များကိုယ်စား ယောလူငယ် (ဗဟို)အလုပ်အမှု
ဆောင်များက ကိုယ်ထိလက်ရောက် ပေးအပ်လှူ ဒါန်းခဲ့ကြပါ
တယ်ဗျ။
အလှူ ရှင်များ/အကျိုးဆောင်များနဲ့ ရန်ပုံငွေလက်ခံပေးပါသော
ဆရာမကြီးဒေါ်ထွေးကြည်တို့အား အိုင်းမယောလူငယ်များကိုယ်
စားအထူးကျေးဇူးစကားဆိုပါရစေခင်ဗျ။
ယခုလအတွင်း ရွာလမ်းနှင့်ကားလမ်းတလျှောက်တွင်ထားရှိရန် ရွာဖြစ်အမှိုက်
တောင်းများ ယက်လုပ်နေပြီဖြစ်ပါတယ်ဗျ။ ။
စေတနာအလှူ ရှင်များကတော့………
ဒေါ်မိမိခင် (အင်္ဂလန်) 30000/ကျပ်
မစုစုအေး (ဗဟို ) 20000/
ဒေါ်မြသီတာ (မန္တလေး) 20000/
ကိုမြင့်ထွန်း (ဗဟို ) 5000/
ဦးဘိုဝ (မန္တလေး ) 5000/
ကိုစန်းအောင် (ဗဟို ) 5000/
မသီတာအောင် ( ဗဟို ) လက်အိတ်နှင့် နှာခေါင်းစည်းများ
မမင်းမင်းစန်း (ဗဟို ) လက်အိတ်နှင့်နှာခေါင်းစည်းများ
ကိုသိင်္ခ@ကိုဌေးလှိုင်(ဗဟို ) ပညာပေးVenylများ…

(ထပ်တိုးစာရင်းအား ထပ်မံကြေငြာပေးပါမည်ဗျ)
ပြန်ကြားရေးအဖွဲ့
ယောလူငယ်

သိန်ကျင်းရွာ (ဆောနယ်ဒေသ)

15.4.2017 သင်္ကြန်အကျနေ့တွင် အကြည်ကတင်းကျေးရွာ ပရဟိတလူငယ်အဖွဲ့များနှင့် ဆောယောလူငယ်ပရဟိတအဖွဲ့သားများဟာ လောင်းရှည်ဒေသခံများနှင့်အတူ သိန်းကျင်းဘုရားပွဲတော်အချိန်အခါမှာ အမှိုက်များကောက်ယူ သိမ်းဆည်းပေးကြပါတယ်။
သိန်ကျင်းဘုရားပွဲဟာ လောင်းရှည်ဒေသအတွက် အထင်ကရဘုရားပွဲဖြစ်ပါတယ်။ ထီးလင်းဒေသမှ ရွှေကွန်အုပ်ဘုရားပွဲလို၊ယောမြို့ဟောင်းဒေသမှ ကျောင်းကြီးရှင်ချစ်ဘုရားပွဲလို အထူးတလည် စည်ကားလှတဲ့ ဒေသတွင်း ဘုရားပွဲတော်ကြီးဖြစ်ပါတယ်။
" စည်ကားလှတဲ့ ပွဲတော်တွေဖြစ်တာကြောင့် အမှိုက်သရိုက်များအနေနဲ့လဲ ဘုရားရင်ပြင်နှင့် ပုရဝုဏ်တွေမှာ စည်းကမ်းပျက် အမှိုက်စွန့်ပစ်မှု့တွေကြောင့် အရုပ်ဆိုး အကြည်းတန်လျှက် ရှိနေပါတယ်။ဒါကို စနစ်တကျဖြစ်အောင် ကျွန်တော်တို့ဦးဆောင်ပြီးတော့ အမှိုက်ကင်းစင်ရေး လှုပ်ရှားမှု့ကို အစပျိုးရခြင်းဖြစ်ပါတယ်...။နောင်မှာလဲ လက်လှမ်းမှီသမျှပွဲတွေမှာ တထောင့်တနေရာမှ ကျနော်တို့ရဲ့ရည်ရွယ်ချက် အမှိုက်စနစ်တကျစွန့်ပစ်ရေးကို တတ်နိုင်သမျှ လှုပ်ရှားအုံးမှာပါ။ အားလုံးနဲ့သက်ဆိုင်တဲ့ လှုပ်ရှားမှု့ဖြစ်တာကြောင့် ကြုံတဲ့အချိန် မြင်တဲ့အချိန်မှာ ဝင်ပေါင်ကြပါ......လို့ တိုက်တွန်းချင်ပါတယ်" ဟု ဆောဒေသ ယောလူငယ်အဖွဲ့ အတွင်းရေးမှူး ကိုအောင်ကျော်ဦးက တိုက်တွန်းစကား ဆိုခဲ့ပါတယ်။
ပြန်ကြားရေး (ယောလူငယ်အဖွဲ့)

ကန်ဒေသ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှာ အာဟာရဒါန ကျွေးမွေးလှူဒါန်း

ကန်ဒေသအဖွဲ့ ယောလူငယ်(Online) သည်
ကန် တောရပရိယတ္တိစာသင်တိုက်တွင်
ကျင်းပပြုလုပ်အပ်သော
ကန်ဒေသ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏
အလယ်တန်းအဆင့် ဆရာဖြစ်သင်တန်းမှာ
12-3-2017 ၌
အာဟာရဒါန ကျွေးမွေးလှူဒါန်း
ကုသိုလ်ယူခဲ့ကြပါတယ်
အဖက်ဖက်က လုပ်အားဒါန ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသော
ဝေယျာဝစ္စကုသိုလ်ရှင်များကို၎င်း
အဖွဲ့ကိုယ်စား သွားရောက်ကုသိုလ်ယူ လှူဒါန်းပေးခဲ့ကြသော
အဖွဲ့ဝင်များ အားလုံးကို၎င်း
ကျေးဇူးတင်အပ်ပါတယ်
ကန်ဒေသအဖွဲ့ ယောလူငယ်(Online) အဖွဲ့အား
ကန်တောရဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်း
ပေးအပ် ချီမြှင့်လိုက်ပါသည်
နောက်နောင်ကိုလည် ယောလူငယ်အဖွဲ့ ဒီထက်မက ကုသိုလ်ပြု ပါရမီလုပ်ငန်းတွေမှာ
စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်
ပြန်ကြားရေး
ကန်ဒေသအဖွဲ့ ယောလူငယ်(Online)

ကန်ဒေသ ယောလူငယ်အဖွဲ့ လစဉ်တွေ့ဆုံပွဲ အောင်မြင်စွာပြီးစီး၊ (04-03-2017)

မိမိတို့ ကန်ဒေသ ယောလူငယ်အဖွဲ့သည်
ယောနယ်ဒေသတွင်းရှိ လူငယ် လူရွယ်လေးများကို
ဘယ်လို ဘယ်ပုံဖြင့်
အနာဂတ်ရဲ့ ကြယ်ကလေးတွေဖြစ်အောင်
ပရဟိတတွေကို စိတ်ဝင်စားလာအောင်
ဘယ်လို ဖေးမ ကူညီ စောင့်ရှောက်
ခေါ်ယူနိုင်မလည်းဆိုတာကို
ဆွေးနွေးခဲ့ကြပါသည်။
ကန်ဒေသ ဓမ္မစကူးလ် အလတ်တန်းအဆင့်
ဆရာဖြစ်သင်တန်းရက်များတွင်
မိမိတို့ ယောလူငယ်အဖွဲ့မှ အာဟာရဒါန တစ်နပ် စာဒါနပြုကျွေးမွေးနိုင်ရေးကိုလည်း
ဆွေးနွေး ဆုံးဖြတ် အတည်ပြုခဲ့ကြပါသည်။
ကန်ရွာတွင် မကြာမီဆောက်လုပ်တော့မည့်
မီးသင်္ဂြိုလ်ဖို အတွက်လည်း ၅၀၀၀၀(ငါးသောင်းကျပ်)ကို
ကန်ရွာ အုပ်ချုပ်ရေးမှူးထံသို့ လှူဒါန်းကြပါသည်။
ကန် အနောက်ကျောင်းမှာလည်း
ဝေယျာဝစ္စကုသိုလ်များကို
ပျော်ရွှင်စွာဖြင့် တက်ညီလက်ညီ လုပ်အားကုသိုလ်ယူခဲ့ကြပါသည်။
ကန်သာ ချောင်းနက်ကျောင်း အရှင်ခေမာစာရ နှင့် အရှင်ဇဝန(တောင်ဖီလာ- ကလေး) တို့မှလည်း
အအေးနှင့် မုန့်များကို အဟာရဒါန ကျွေးမွေးကြပါသည်
ရှေ့ဆက်၍ အဖွဲ့ရေရှည်တည်တန့်ရေးနှင့်ပတ်သက်၍
တစ်ဦးခြင်းစီမှ အကြံဉာဏ်များ
မျှဝေ ဖလှယ်ကြပြီး
တွေ့ဆုံပွဲကို အောင်မြင်စွာ
အဆုံးသတ်နိုင်ခဲ့ပါသည်၊၊
ပြန်ကြားရေး
ကန်ဒေသအဖွဲ့ ယောလူငယ်(Online)


မတ်လအတွက် ယောလူငယ်ရဲ့ ပညာဒါန

ယောလူငယ် အဖွဲ့ မှ လစဉ် ပညာရေးထောက်ပံ့ကြေးများကို ယနေ့ နံနက်ပိုင်းတွင် ကျောင်းသားများ၏ MPU card များသို့ လွှဲပေးပြီးပါပြီ။
လစဉ် ပညာရေးထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေသော ဆောမြို့ နယ် ခင်ပြင်ရွာမှ ကျောင်းသားလေးအား မတ်လအတွက် (စတုတ္ထအကြိမ်မြောက်) ပညာသင်စရိတ် ထောက်ပံ့ငွေ ၈၀၀၀၀ /- ကျပ် ကို ကျောင်းသားလေးထံ လွှဲပို့ ပေးခဲ့ပါပြီ။
ယခုလမှ စတင်ကာ ယောလူငယ်အဖွဲ့သားများမှ ပညာသင်ထောက်ပံ့ကြေးကို အမှန်တကယ်လိုအပ်နေသောကျောင်းသားများသို့ ထပ်တိုးပြီး မျှဝေ ထောက်ပံ့ပေးကြရန် သဘောတူညီခဲ့ကြပါသည်။ နယ်မြေခံဒေသအသီးသီးရှိယောလူငယ်အဖွဲ့များ နှင့် ပညာရေးအလှူ ရှင်များ၏ သဘောတူဆုံးဖြတ်ချက်ဖြင့်မကွေးတိုင်း| ထီးလင်းမြို့ နယ်| အိုင်းမကျေးရွာမှ သမီးလေး မမေသဇင်ဦး(စစ်ကိုင်းပညာရေးတက္ကသိုလ်-ပထမနှစ်)အား ယခုလမှ စတင်၍ တစ်လလျှင် ငါးသောင်းကျပ်တိတိကို ထောက်ပံ့ခဲ့ကြပါသည်။
သမီးငယ်လေး၏ MPU card ထဲသို့  ယနေ့  နံနက်တွင် (ပထမအကြိမ် )ပညာရေးထောက်ပံ့ငွေ ၅၀၀၀၀/ ကျပ်ကို လွှဲပြောင်းပေးခဲ့ပါပြီ။
ယောနယ်အတွင်းရှိ ကြယ်ပွင့်လေးတွေ ပညာသင်ရာတွင် စိတ်အေးချမ်းသာစွာဖြင့် ပညာကို ကြိုးစားသင်ယူနိုင်ဖို့ တတ်အားသရွေ့ ကူညီစောင့်ရှောက်ပေးကြသူ များအားလုံးကို ကျေးဇူးတင်လျက်ပါ။ ယောနယ်အတွင်းရှိ ပညာထူးချွှန်သူ ယောလူငယ်မောင်မယ်များစွာကို ကူညီပေးလိုသော်လည်း ယောလူငယ်အဖွဲ့အနေဖြင့် ရန်ပုံငွေအားနည်းမှုအခက်အခဲများကြောင့် လောလောဆယ်တွင် စိတ်ရှိတိုင်း မလှူ ဒါန်းနိုင်ခြင်းအပေါ် အားမလိုအားမရ ဖြစ်မိပါသည်။
အတူတူကုသိုလ် ပြု ကြပါသော ပညာပါရမီဖြည့်ဖော် အလှူ ရှင်များနှင့် ယောလူငယ်အဖွဲ့သားများအားလုံး သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ကြ ပါစေရန် တင်ပြပေးလိုက် ပါတယ်ရှင့်။

ပြန်ကြားရေးအဖွဲ့
ယောလူငယ်( Online)

ကန်ဒေသအဖွဲ့ ယောလူငယ်(Online) လစဉ်တွေ့ဆုံပွဲကို


ကန်ဒေသအဖွဲ့ ယောလူငယ်(Online) သည်
4-2-2017 ရက်နေ့က လစဉ်တွေ့ဆုံပွဲကို
ကျွန်းခုံသာရွာဦးကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာ

တွေ့ဆုံပွဲတွင် မိမိတို့ယောလူငယ်အဖွဲ့တော်သားများ တဖြည်းဖြည်းနဲ့ စည်းဝေးတက်ရောက်သူ နည်းလာမှုအပေါ်
အားမလျှော့ကြဖို့ အချင်းချင်းအားပေးကြပြီး
ကျွန်းခုံသာရွာဦးကျောင်း၌ ဝေယျဝစ္စကုသိုလ် သန့်ရှင်းရေးကုသိုလ်များတက်ညီလက်ညီပြုလုပ်ခဲ့ကြပါတယ်
အဖွဲ့တော်သားများကိုလည် ကျွန်းခုံသာရွာ အဖွဲ့ဝင်များမှ ယောအစားအစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြပါသည်
(စားလို့အရမ်းကောင်းသည်)
12-2-2017 ရက်နေ့တွင် ကန်တောရပရိယတ္တိစာသင်တိုက်သို့
သွားရောက်၍ ကျောင်းတိုက်အတွင်း
သန့်ရှင်းရေး ကုသိုလ်များကိုလည်း
ပျော်ရွှင်စွာလုပ်အားပေးခဲ့ကြပါသည်
ကန်တောရ ဆရာတော်မှ မိမိတို့ကန်ဒေသအဖွဲ့အား အဖွဲ့ရန်ပုံငွေအဖြစ် ၅၀၀၀၀(၅)သောင်းကျပ်ကိုလည်း
ထည့်ဝင် လှူဒါန်းလိုက်ပါသည်
ကန်ရွာတွင် မကြာမှီဆောက်လုပ်တော့မည့်
လောင်တိုက်(မီးသင်္ဂြိုလ်ဖို) နှင့်တကွ
အဆောက်အဦးအတွက်
မိမိတို့ ကန်ဒေသအဖွဲ့မှ ၅၀၀၀၀(၅)သောင်းကျပ်
(လောလောဆယ်စာရင်း နောက်တိုးစာရင်းကိုပြန်၍ ထည့်ပေးပါဦးမည်) ကိုလည်း လှူဒါန်းကြပါသည်
ယောလူငယ်အဖွဲ့တော်သားများအားလုံးအတွက် အားဆေး
ကူညီသူနည်းတယ်လို့ စိတ်မပျက်နဲ့ကွယ်
ရှေ့ဆက်ဖို့ သိပ်ခက်လို့ စိတ်ညစ်မနေနဲ့ကွယ်
ပရဟိတပါရမီ ကိုယ်စီဖြည့်ကြမည့် ယောလူငယ်ရေ
အမတာ နိဗ္ဗူနန်းထိ လှမ်းကြစို့ကွယ်
ပြန်ကြားရေးအဖွဲ့
ကန်ဒေသ ယောလူငယ်(Online)