Menu

Monday, July 27, 2015

၂၉.၇.၂၀၁၅ တွင်​ မင်းအုပ်​စိုးအား အပီးသတ်​အမိန့်​ချမည်


29-7-2015 ရက်နေ့တွင် တရားခံမင်းအုပ်စိုးအား အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်သဖြင့် လောကပါလ တရားနှင့်အညီ လက်ခံကြားနာနိုင်ကြစေဖို့ တိုက်တွန်းနှိုးဆော်ခြင်း
=================================
15-7-2015 ရက်နေ့ရုံးချိန်းတွင် တရားလိုရှေ့နေ လျှောက်လဲချက်အရ
မတေးနုယဉ်သေဆုံးမှုမှာ အခင်းဖြစ်စဉ်အစအဆုံးတွင် မင်းအုပ်စိုးမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသည့်အတွက် တရားခံမင်းအုပ်စိုးဟာ လူသတ်မှုတရားခံအစစ်ဖြစ်ကြောင်းနှင့် မင်းအုပ်စိုးအား ပုဒ်မ ၃၀၂ (၂) ဖြင့် အရေးယူပေးပါရန် အပြီးသတ်လျှောက်လဲ တင်ပြခဲ့ပြီး 29-7-2015 ရက်နေ့မှာတော့ အနောက်ပိုင်းခရိုင် တရားရုံးသစ် ၊ မင်းရဲကျော်စွာလမ်း၊ Panda Hotel အနီး၊ တော်ဝင်စင်တာ အနီး၊ စိန်ဂျွန်းမှတ်တိုင်(ပြည်လမ်း)တွင် အပြီးသတ်အမိန့်ချမှတ်မှာ ဖြစ်ပါတယ်...။

Sunday, July 26, 2015

တဆင့်ထက်တဆင့် မြင့်သထက်မြင့်အောင်



 25/Jul;/2015( သတင်းစဉ်)

   ထီးလင်းမြို့နယ်ယောလူငယ် အတွင်းရေးမှုး နှင့် အမှုဆောင်တစ်ဦးတို့သည် ပဲခူး ဆယ်မိုင်ကုန်း မေတ္တာဥယျာဉ်၌ လူငယ့်စွမ်းရည် မြင့်တင်ရေး သင်တန်း တက်ရောက်လျှက်ရှိရာ
ယောလူငယ် (ဗဟို) အမာခံများဖြစ်သော
ကိုဉာဏ်ထက်ရှိုင်း နှင့် ကိုယောလူ တို့ မှ ရင်းနှီးချစ်ခင်စွာ တွေ့ဆုံခဲ့ပြီး

Thursday, July 16, 2015

ယောဆိုတာ အဲသလိုရယ်ပါဗျာ ( ၅ )



အားဓမြ



"ရွှတ်! တိုးတိုးဟ
တခြားလူတွေ နိုးကုန်ဦးမယ်။
အေးပါဟ !
ယူစရာတွေ အကုန်ပါရဲ့လား
သေချာစစ်ဦး"

ယောဆိုတာ အဲသလိုရယ်ပါဗျာ ( ၄ )


ယော နယ်က အသုဘ ယဉ်ကျေးမှု


မြို့ပြမှာ နေတာကြာလာတာနဲ့အမျှ ပရဟိတအသင်းတွေမှာ ဝင်လှုပ်ရှားရင်း မြို့ပြ အသုဘတော်တော်များများကို မြေကျဖို့ 
အရေး ကူညီဆောင်ရွက်ပေးဖူးပါသည်။လူတစ်ဦးသေဆုံးသည်နှင့်
•သေဆုံးကြောင်း ဆရာဝန်လက်မှတ် •ရေခဲတိုက်ငှါးရမ်းခ
•ရေခဲတိုက်တာဝန်ခံ၏ လောဘလွှမ်းသောအသံအမူအယာ
•အလောင်းပြင်စားရိတ်

ယာဆိုတာ အဲသလိုရယ်ပါဗျာ( ၃ )


ချစ်စရာ ကြက်ခြေခတ်များ



ဟော !
တွေ့ပြီ
" မှိုကျင်း"
မိုးဦးကျကတည်းက
တောအလုပ်နားချိန်တိုင်း အပြေးလာလာကြည့်ရသည့် သည်နေရာ။
သည်နေ့တော့ လာရကျိုးနပ်ပါဘီ။
ခြတောင်ပို့ပတ်ချာလည်မှာ မြေစိုစိုပတ်ကြားအက်လေးများ များစွာ။
မှို ထွက်ပြူစလေးများ

ယော ဆိုတာ အဲသလိုရယ်ပါဗျာ (၂)




ဝါးတံခါးလေး



"ယော "
ဆိုတာဘာလဲ
ဟုမေးကြသော မိတ်ဆွေများအား ယောဒေသက ဝါးတံခါးလေး အကြောင်းကို ပြည်တွင်းရောပြည်ပကမိတ်ဆွေများပါ ကြိမ်ဖန်များစွာကျနော် တခုတ်တရပြောဖူးသည်။
ပြည်ပကမိတ်ဆွေများကတော့ မယုံကြည်သလိုလို အံ့သြသလိုလို နဲ့ မျက်ခုံးလေးပင့် ပုခုံးလေးတွန့်ပြပြီး ပါးစပ်အဟောင်းသား။
ပြည်တွင်းမိတ်ဆွေများကတော့ မဖြစ်နိုင်ပါဘူးကွာ ဟု ပွင့်ပွင့်လင်းလင်းပြောကြသည်။

Wednesday, July 1, 2015

မတေးနုယဉ် ၏ ၂၆ ကြီမ်မြောက် အမှုချိန်း


ဒီကနေ့ ၁.၇. ၂၀၁၅ ရက်နေ့မှာ မင်းအုပ်စိုးရဲ့ သတ်ဖြတ်ခံရသူ ကျောက်ထုမြို့နယ်ဖွား မတေးနုယဉ် အမှု့အတွက် ၀ိုင်းရံမှု့ကို ယောလူငယ်အဖွဲ့အနေဖြင့် ၂၆ကြိမ်မြောက် ရုံချိန်းအား တက်ရောက် ခဲ့ပါတယ် ။ ဒီအဖွဲ့ကို ပုံမှန်အတိုင်း တက်ကြွယောလူငယ်အင်အား အမျိုးသား အယောက်၁၀၊အမျိုးသမီးအယောက် ၁၅ဖြင့် သွားရောက်ဝန်းရံပေးခြင်းဖြစ်တာပါ။
ဒီကနေ့ရုံးချိန်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေလဲ တရားခွင်ကိုလာရောက် နားဆင်ပေး လာပါတယ်။ ကျွန်တော်တို့ယောလူငယ်အဖွဲ့မှာလဲ လာရောက်ဝန်းရံ ပေးကြတဲ့အကြောင်းအရင်းနဲ့ အဖွဲ့ရဲ့ရပ်တည်ချက်၊ရည်ရွယ်ချက်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသေးတယ်။