Menu
Sunday, January 29, 2017
ယောသူယောသားတွေ စည်းလုံးချစ်ကြည်စွာနဲ့ စွမ်းသမျှ ထမ်းကြမယ်လေ
22-1-2017ရက်​​နေ့တွင်​ ရန်​ကုန်​မြို့  စွယ်​​တော်​ဘုရားဝင်းအတွင်း သတ္တာ​ဒေဝမနုဿဿ နံဓမ္မာရုံတွင်​ ကျင်းပပြုလုပ်​သည့်​ (၄၇) ကြိမ်​​မြောက်​ ​ယောအသင်းနှစ်​ပါတ်​လည်​​ အခမ်းအနား| သက်​ကြီးပူ​ဇော်​ပွဲနှင့်​ ပညာရည်​ချွန်​ဆု ချီးမြှင့်​ခြင်းအခမ်းအနားတွင်​​ ယောလူငယ်​အဖွဲ့မှ တစ်​တပ်​တစ်​အား ပါဝင်​ကူညီ အားဖြည့်​ကာ ဝိုင်းဝန်းလုပ်​​ကိုင်​​ဆောင်​ရွက်​​ ပေးခဲ့ကြပါသည်​။ယောလူငယ်​အဖွဲ့ကြီးမှ အသင်းကြီး၏ သက်​ကြီးပူ​ဇော်​ပွဲနှင့်​ပညာရည်​ချွန်​ဆု​ပေးပွဲအတွက်​ အလှူ​ငွေများအဖြစ် သက်ကြီး ပူဇော်ပွဲအတွက် ၂၅၀၀၀/ ကျပ်| ပညာရည်ချွန် ဆုပေးပွဲအတွက် ၂၅၀၀၀/ ကျပ်
ကိုလည်း တတ်​အားသရွေ့ လှူ ဒါန်း ပါဝင်ခဲ့ကြပ်ါသည်​။
ထို့ပြင်​​ ကျွေး​မွေးဧည့်​ခံ​ရေး ကိစ္စရပ်များတွင်လည်း ပါဝင်​ကူညီခဲ့ကြပါသည်​ ။
ယောလူငယ်​အဖွဲ့မှအလှုရှင်​​များ ပူး​ပေါင်းကာ နိဗ္ဗာန်​​ဈေးပွဲ​တော်​တွင်​ မဲလက်​မှတ်​ (၂၄၀) ​ကျော်
ကိုလည်း ​ပျော်​​စရာကံစမ်းမဲအဖြစ်​ မဲ​ဖေါက်​​ပေးခဲ့ကြပါသည်​။
ယောအသင်းနှစ်​ပါတ်​လည်​တွင်​သက်​ကြီးဝါကြီးလူကြီးများအား ပူ​ဇော်​ကန်​​တော့ရင်း ဆုံးမ သြဝါဒ များကိုလည်း မှတ်​သား နာယူခဲ့ကြပ်ါသည်​။ အခမ်းအနားကို​ ပျော်​ရွှင်​စရာနိဗ္ဗာန်​​ဈေးပွဲ​တော်​ဖြင့်​ အဆုံးသတ်​ကာ ​အသင်းကြီးမှဧည့်​ခံ​ကျွေး​မွေး​သော​ ယောမုန့်​တီသုပ်​ များစား
ကာ စကားလက်​ဆုံကျ စကား ​ဖေါင်​ဖွဲ့ကာ​ပြောဆိုရင်း နှုတ်​ဆက်​လမ်းခွဲခဲ့ကြပါသည်​။
                                                                                             ပြန်ကြားရေးအဖွဲ့
                                                                                               ယောလူငယ်
စွမ်းသမျှ ထမ်းကြတဲ့ ယောလူငယ်တွေ
17-1-2017ရက်​​|အင်္ဂါနေ့ နံနက်​တွင်​ ရန်​ကုန်​မြို့ |အင်းစိန်​​ဆေးရုံ ကြီးတွင်​ကွယ်​လွန်​သွား​သော မ​ကွေးတိုင်း| ဂန့်​​ဂေါခရိုင်​| မင်းရွာ​ကျေးရွာမှ အဘ ဦး​မောင်​ဦး + အမိဒေါ်စန်းနုတို့ ၏သား| မသိန်းသန်းဦး၏​မောင်​ငယ်​​ မောင်​ပိုလျှံ​ အောင်​ အသက် (၂၁)နှစ် ၏ ရုပ်​အ​လောင်းအား ဂန့်​​ဂေါမြို့နယ်​|မင်းရွာ​ကျေးရွာသို့
အဆင်​ပြေ​ချောမွေ့စွာ​ သယ်​ယူသွားနိုင်​​ရေးအတွက် ကိစ္စအဝဝတို့ကို ယောလူငယ်​အဖွဲ့ (Online)မှ ကူညီ​ ဆောင်​ရွက်​​ပေးခဲ့ကြပါသည်​။ ရုပ်​ကလာပ်​အား အင်းစိန်​​ပေါက်​​တောဝ မှ စိန်​ရတနာ နာ​ရေးကူညီ​မှုအသင်းကားဖြင့်​ ပို့​ဆောင်​ပေးနိုင်​ရန်​လည်း ကူညီ​ဆောင်​ရွက်​​ပေးခဲ့ပါသည်​။
နာ​ရေးရှင်​များသို့ ​ယောလူငယ်​အဖွဲ့ မှ အလှူ​ငွေ ၅၀,၀၀၀ိ/ကျပ်​ ကိုလည်း​ထည့်​ဝင်​ လှူဒါန်းခဲ့ပါသည်​။
တောတောင်အထပ်ထပ်ကို ဖြတ်ကျော်သွားရပါသော ယောမြေဒေသသို့  စေတနာရှေ့ထားကာ လိုက်ပါကူညီ ပို့ဆောင်ပေးသော စိန်ရတနာ နာရေးကူညီမှု အသင်းကြီးအား ကျေးဇူးအထူး တင်ရှိပါကြောင်းနှင့် အစစ အဆင်ပြေအောင် ဝိုင်းဝန်းကူညီပေးခဲ့ကြပါသော ယောလူငယ် အဖွဲ့ဝင်များကိုလည်း ကျေးဇူး အထူးတင်စွာဖြင့်
                                                                                   ယောလူငယ်ပြန်ကြားရေးအဖွဲ့ 
ယောလူငယ်(Online) ရန်ကုန်၏ လပါတ်အစည်းအဝေးကျင်းပပြီးစီးခြင်း
8-1-2017 ရက်နေ့ နေ့လည် 1:00 နာရီအချိန်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီဝင်းအတွင်းရှိ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင် ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
ယောနယ်ဒေသအတွင်းရှိ ပညာရေးတွင်အခက်အခဲ ဖြစ်နေသော ထူးချွှန်ကျောင်းသူကျောင်းသားတစ်ယောက် ယောက်ကို ထပ်မံရွေးချယ် ပံ့ပိုးပေးရန် ကိစ္စ ဆွေးနွေးတိုင်ပင်ကြခြင်း။
ယောလူငယ်အဖွဲ့ အနေဖြင့် ရံပုံငွေ ရှာဖွေရန် နည်းလမ်းများကို တိုင်ပင်ဆွေးနွေး အကြံပြု ခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။
လာမည့် ၂၂ - ၁ - ၂ ၁၇ (တနင်္ဂနွေ)နေ့ တွင် ယောနယ်အသင်း(ရန်ကုန်) မှကျင်းပမည့်
(၄၇) ကြိမ်မြောက်သင်းလုံးကျွတ် အစည်းအဝေးနှင့် သက်ကြီးပူဇော်ပွဲ၊ပညာရည်ချွန်ဆုပေးပွဲကို ယောလူငယ်အဖွဲ့အနေဖြင့် သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပါဝင်ကြပါရန်နှင့် လုပ်အားဒါန ပြု ကြပါရန် တိုင်ပင်ခဲ့ကြပါတယ်ရှင့်။
သက်ကြီးပူဇော်ပွဲနှင့် ပညာရည်ချွှန် ဆုပေးပွဲသို့ လာရောက်သူများကို ဗလာမပါကံစမ်းမဲများဖောက်ပေးသွားမှာဖြစ်ပါ၍ ယောလူငယ်အဖွဲ့ သားများအနေ နဲ့ ကံစမ်းမဲများ ပေးလှူ ရာတွင်လည်းစုပေါင်း ပါဝင်လှူ ဒါန်းကြရန်တိုင်ပင်ခဲ့ကြပါတယ်။
ယောလူငယ်အမာခံ အဖွဲ့ဝင် မစောမြင့်အေး တို့ ဇနီးမောင်နှံအတွက် ယောလူငယ်အဖွဲ့သားများမှ စုပေါင်းလက်ဖွဲ့သော မင်္ဂဦးလက်ဆောင်ကိုလည်း တွေ့ဆုံပွဲတွင် ပျော်ပျော်ပါးပါး ပေးအပ် လက်ဖွဲ့ ခဲ့ကြပါတယ်။
ယောလူငယ်အဖွဲ့ (ရန်ပုံငွေ)စာရင်းရှင်းတမ်း-
ဇန္နဝါရီလ
========
စာရင်းဖွင့်လက်ကျန် 90,000/
မန်ဘာကြေးရငွေ 114,000/
ပညာသင်ထောက်ပံ့ကြေးလှူ (30,000/)
စာရင်းပိတ်လက်ကျန် 174,000/
--------------------------------------------------------
ယောလူငယ်အဖွဲ့ မတည်ရံပုံငွေ လှူ ဒါန်းပေးပါသော ကိုဇော်လင်းနှင့်တကွ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြပါသော အဖွဲ့ဝင်များနှင့်မိသားစုများအားလုံးကို ကျေးဇူးတင်ပါတယ်။
ယောလူငယ်အဖွဲ့အစည်းအဝေးပွဲတွင်
ယောနယ်မှ တင်းဝါး(ကောက်ညှင်းကျည်တောက်)များကို တကူးတက သယ်လာကာ ဧည့်ခံကျွေးမွေးပေးကြပါသောအလှုရှင် ဦးဝင်းဇော် မိသားစု| တင်းဝါးစည်းကို ကားကြုံ ဖြင့် ပို့ ပေးလိုက်ပါသောပခုက္ကူ ယောကျောင်းသားများအဖွဲ့ တို့ ကိုလည်း ကျေးဇူးအထူးပါရှင့် ။
တင်းဝါးအတွက် တို့ စရာများ| ခံတက်ချ ဉ်သုပ်|ပဲလွန်း ပဲမုန့် ကြော် ငချိတ်ထမင်း| ပြီးပြည့်စုံသွားအောင် ကော်ဖီမစ်ပါမကျန် ယူလာပေးကြပါသော အဖွဲ့ဝင် အသီးသီးကို ကျေးဇူးတင်ပါတယ်ရှင့်။
အထူးသဖြင့် ဆွေးနွေးပွဲအပြီး မင်္ဂလာအကြို ညနေစာအဖြစ် လိုက်လံဧည့်ခံကျွေးမွေးခဲ့ပါသော ကိုနိုင်မျိုးဇော် + မစောမြင့်အေးတို့ ဇနီးမောင်နှံအား ကျေးဇူးအများကြီး တင်ပါကြောင်းနှင့် သက်ထက်ဆုံး ကျန်းမာပျော်ရွှင်စွာဖြင့် ချစ်ခင်ကြင်နာနိုင်ကြစေဖို့ ဆုတောင်းပေးခဲ့ကြပြီး ယခုလ တွေ့ဆုံပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါတယ်ရှင့်။
                                                                                    ပြန်ကြားရေးအဖွဲ့
                                                                                       ယောလူငယ်
ပညာဒါန
ကျွန်မတို့  ယောလူငယ် အဖွဲ့ မှ ပညာရေးလစဉ်ထောက်ပံ့မှု အဖြစ် စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ပညာသင်ကြားနေတဲ့  ဆောမြို့ နယ် ခင်ပြင်ရွာမှ မောင်လေး မျိုးမြင့်ဝင်း အား ဒုတိယအကြိမ်မြောက် လစဉ်ထောက်ပံ့ငွေ ၈၀၀၀၀ /- ကျပ် ကို ဒီနေ့မှာပဲ ထောက်ပံ့ပေးနိုင်ခဲ့ပြါပီရှင့်။ ယောကြယ်ပွင့်လေးလည်း အရောင်အဝါတွေအစွမ်းကုန်တောက်ပလို့  ယောဒေသကို အလင်းရောင်တွေ ပေးနိုင်သူလေး ဖြစ်ပါစေရှင့်။
အလှူရှင်များနဲ့ ယောလူငယ်အဖွဲ့တော်သားများအားလုံး သာဓုအနုမောဒနာ
ခေါ်ဆိုနိုင်ကြစေရန် တင်ပြပေးအပ်ပါတယ်ရှင့်။
လစဉ်အလှူ ရှင်များအပြင်
၁။ ဗိုလ်​မှူး​ကျော်​​ခေါင်​​ဝေ ​+ ဒေါ်​အေး​အေးမိုး( မန်း) 50,000/
၂။ ကိုမျိုး+မအေးအေးလွင်မိသားစု (နတ်ရဲ) 100,000/
၃။ ကိုဟိန်းဇော်+ ဒေါ်ကြည်ခိုင်(မန်း) ၁၀,၀၀၀/ တို့မှ
ပညာ​ရေး​ထောက်​ပံ့နိုင်​ရန်​ လှူ ဒါန်းကြပါတယ်​ ။
                                                                                 ယောလူငယ်( Online)
ယောလူငယ်(Online) ရန်ကုန်၏ လပါတ်အစည်းအဝေးကျင်းပပြီးစီးခြင်း
11-12-2016 ရက်နေ့ နေ့လည် 1:00 နာရီအချိန်တွင် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် စွယ်တော်မြတ်စေတီဝင်းအတွင်းရှိ သတ္တာဒေဝမနုဿာနံ ဓမ္မာရုံကြီးတွင် ယောလူငယ်အဖွဲ့ လစဉ် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြု လုပ်ခဲ့ပါသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင်-
(၁) ယောနယ်ဒေသအတွင်းရှိ ပညာရေးတွင်အခက်အခဲ ဖြစ်နေသော ထူးချွှန်ကျောင်းသူကျောင်းသားများကို ယောလူငယ်အဖွဲ့ မှတတ်အားသရွေ့ထောက်ပံ့ပေးရန်နှင့် စံသတ်မှတ် ချက်များချမှတ်ကာ စီစစ်ဆောင်ရွက်နိုင်ရန်ဆွေးနွေးတိုင်ပင်ကြခြင်း။
(၂) ယောလူငယ်အဖွဲ့သို့ ဝိသာခါပရဟိတ
ကွန်ရက်မှ ဒေါ်မြအေးစိန်က စာအုပ်မျိုးစုံပေးအပ်လှုဒါန်းခြင်း။
(၃) ဝိသာခါပရဟိတ ကွန်ယက်မှ လှုဒါန်းသောစာအုပ်များကို ယောလူငယ်အဖွဲ့မှလက်ခံ၍ ယောနယ်ဒေသ ဆောမြို့နယ်ရှိ အကြည်ကတင်းကျေးရွာ စာကြည့်တိုက်သို့ ပြန်လည်လက်ဆင့်ကမ်းလှုဒါန်းခြင်း ။
(၄) ယောလူငယ် ပညာရေးရံပုံငွေအတွက်
လှုဒါန်းငွေများလက်ခံခြင်း
ကိုမျိုး + မအေးအေးလွင် မိသားစု နတ်ရဲရွာ
မှအလှုငွေ ၁၀၀,၀၀၀ိ/ကျပ်
(၅) ယောလူငယ်ပဒေသာပင်အလှုငွေ အတွက် လှုဒါန်းသော
ကိုဇော်နိုင်ဦး+မရည်မွန်ဦးမိသားစု(အကြည်ကတင်း) ၂၅၀၀၀ိ/ကျပ်
မမြင့်မြင့်ကြည်ဆရာမ(TTC) ၅၀၀၀၀ိ/ကျပ်
တို့ ကို လက်ခံခြင်း။
(၆)ယောလူငယ်အဖွဲ့၏ ဝင်ငွေ/သုံးငွေ လချုပ် စာရင်းရှင်းတမ်းများကို အတည်ပြု ခြင်း။
နိုဝင်္ဘာလ
========
စာရင်းဖွင့်လက်ကျန် 42,000/
(ဝင်ငွေ)မန်ဘာကြေးရငွေ 123,000/
(သုံးငွေ) ပန်းဖလပ်ရိုက်ခ (156,000)/
(သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး)
စာရင်းပိတ်လက်ကျန် 9,000/
ဒီဇင်္ဘာလ
=========
မန်ဘာကြေးရငွေ 111,000/
ပညာသင်ထောက်ပံ့ကြေးလှူ (30,000/)
စာရင်းပိတ်လက်ကျန် 90,000/
စသည်တို့အားတင်ပြဆွေးနွေးခဲ့ကြပါသည်
ကျေးဇူးတင်ရှိခြင်း
****************
ယောလူငယ်အဖွဲ့အစည်းအဝေးပွဲတွင်
ယောနယ်မှ တင်းဝါး(ကောက်ညှင်းကျည်တောက်)များကို တကူးတက မှာယူကာ ဧည့်ခံကျွေးမွေးပေးကြပါသောအလှုရှင် ကိုညီဇော်+မအေးအေးဝင်း ဇနီးမောင်နှံ တင်းဝါးအတွက် တို့ စရာ ယောနယ်စတိုင် ကြက်သားစပ်သီးချက်ကိုယူလာပေးပါသော မအိဖြူ ထွေး| လူမလာနိုင်သော်လည်း အချို တည်းစရာအဖြစ်ဆောင်းရာသီစာ မုန့် ပေါင်းများကို ပို့ ပေးပါသော ဒေါ်မင်းမင်းစန်းတို့ မိသားစုနှင့် အခြားစားဖွယ် သောက်ရာများကို ယူလာပေးကြပါသော စေတနာရှင်များ|စာအုပ်အလှုရှင် lပညာရေးထောက်ပံ့အလှုရှင်များlအဖွဲ့ပဒေသာပင်များအတွက်လှုဒါန်းပေးကြသောအလှုရှင်များ| အစည်းဝေးသို့ တက်ရောက်လာကြပါသော ယောသူယောသား အပေါင်းတို့ အား
ယောလူငယ်အဖွဲ့မှ ကျေးဇူးအထူး တင်ရှိကြောင်းပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပါသည်။
                                                                    ပြန်ကြားရေးအဖွဲ့
                                                                       ယောလူငယ်
ယောလူငယ် မန္တလေးလစဉ်တွေ့ ဆုံပွဲ ကျင်းပပြီးစီးခြင်း
ယောလူငယ် မန္တလေးအဖွဲ့  လစဉ်တွေ့ ဆုံပွဲ ကို ( 11.12.2016 ) ရက်နေ့  မနက် ( 9: 30 ) ခန့်  အချိန်တွင် ပေါင်းလဲဘုရားအနီး - မဟာအောင်မြေ ကျောင်းတိုက် အတွင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည် ။
အချိန်နေရာ အခက်ခဲများကြောင့် တက်ရောက် လာသော ယောလူငယ် အဖွဲ့  ဝင်များ နှင့် ယောနယ်မြေ အကျိုး ချစ်မြတ်နိုးသော တက်ရောက်လာသော ဧည့်သည်တော်များ ကို မနက် ( ၁၀ ) နာရီခန့်  အချိန်တွင် နေ့ လည်စာ ထမင်း- ကြက်သားကာလသားချက် - ယောမုန့် ညှင်းချဉ် - ငါးခြောက်ခရမ်းချည်သီး ချက် - အရွက်သုတ် -အတို့  အမြုတ် များဖြင့် ဦးစွာ တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည် ။
နေ့ လည်စာ တည်ခင်းဧည့်ခံ ကျွေးမွေးပီးနောက် အစည်းအဝေး စတင်ခဲ့ရာ မန္တလေး ယောလူငယ် ဥက္ကဌ ဦးဘိုဝ မှ အဖွင့်စကား ပြောကြားပီး အသင်းလက်ရှိလှုပ်ရှား မှုများ နှင့် ရည်ရွယ်ထားသော လုပ်ငန်းများအကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ပါသည် ။
ဆွေးနွေးတိုင်ပင်ဖြစ်ခဲ့သော အကြောင်းအရာ များ မှာ -
၁ . ယောလူငယ် မန္တလေး အဖွဲ့ မှ ဗဟိုယောလူငယ် ( ရန်ကုန် ) ဦးစီးဆောင်ရွက် လျှက်ရှိသော ပညာရေး ရန်ပုံငွေ အတွက် လစဉ် လှူဒါန်းနိုင်ရန် ဆွေးနွေးခြင်း ။
၂ . မန္တလေးရောက် ယောသူ / သား များ နာရေးဖြစ်ပေါ် လာပါက နာရေးအတွက် အထောက်အပံ့ ပေးနိုင်ရန် ရန်ပုံငွေ ရှာဖွေခြင်း ကို ဆွေးနွေးခြင်း ။
၃ . ယောလူငယ် ဗဟိုအဖွဲ့  နှင့် နယ်မြေဒေသဆိုင်ရာ အဖွဲ့ များ ကို ချိတ်ဆက်လျှက် သတင်းအချက်အလက် များ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခြင်း ။
၎ . မန္တလေး ယောလူငယ် အဖွဲ့  အတွက် အဖွဲ့ ဝင် အသစ်များ စည်းရုံးနိုင်ရေး တိုးတက်မှု ရှိရေး
စသည် တို့ ကို ဆွေးနွေး တိုင်ပင်ခဲ့ပါသည် ။
ထို့ နောက် အသင်းလစဉ် ရန်ပုံငွေ ကောက်ခံခြင်း နှင့် အသင်းသား အဖွဲ့ ဝင်သစ်များအား နွေးထွေးစွာ အသင်း၏ လုပ်ဆောင်ချက် - ရည်ရွယ်ချက် လှုပ်ရှားခဲ့သော ယောလူငယ် အဖွဲ့  ၏ ပရဟိတ လုပ်ငန်းဆောင်တာ များအား ရှင်းလင်းပြောပြခဲ့ပါသည် ။
ဒီဇင်ဘာလ အတွက် လစဉ်ကြေး နှင့် အလှူငွေစာရင်း မှာ
၁. ဆရာတော် ဦးဣဿရိ   ယ လှူ​ငွေ   = ၄၀၀၀၀ ကျပ်
၂. ဆရာတော် ဦးသေလာဗုဒ္ဓိ လှူငွေ = ၆၀၀၀၀ ကျပ်
၃ . လစဉ်ကြေး = ၃၆၀၀၀ ကျပ်
တို့ ကို ကောက်ခံ ရရှိပြီး ဘဏ္ဍာရေးမှူးများသို့  စာရင်း ဖြင့် အပ်နှံခဲ့ပါသည် ။
ထို့ နောက် ၂၀၁၇ အတွက် အလုပ်အမှူဆောင် များ ပြန်လည်ရွေးချယ် ခဲ့ ရာ
ဥက္ကဌ = ဦးဘိုဝ ( U Bo Wa Yaw )
အတွင်းရေးမှူး ၁ = ကိုစိုးမိုးသူ ( Soe Moe Thu )
        ။         ၂ = ကိုမင်းသန့် ( Min Thant Htay )
ဘဏ္ဍာရေးမှူး  ၁  = ကိုဥာဏ်လင်းထွဋ် ( Pan Da )
                  ၂ = မစန္ဒာချို ( ယောချစ်ချို )
                  ၃ = မနွယ်နွယ်လင်း ( ယောလင်းရောင် )
ပြန်ကြားရေး ၁ = ကိုစိုးဝင်းအောင် ( YawThar Yaw )
                 ၂ = ကိုမြင့်ဇော် ( Yaw Chit Thu )
စည်းရုံးရေးမှူး   = ကိုတာရာကိုကိုမင်း ( တာရာကိုကိုမင်း)
တို့ ဖြင့် ပြန်လည်အားဖြည့် ဖွဲ့ စည်းခဲ့ပါသည် ။
ထို့ နောက် အမှတ်တရ ဓာတ်ပုံမှတ်တမ်းတင်ပီး လစဉ်တွေ့ ဆုံပွဲ ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါကြောင်း မှတ်တမ်းတင်အပ်ပါသည် ။
ယောလူငယ် မန္တလေး လစဉ်တွေ့ ဆုံပွဲ တွင် အကျွေးအမွေး တာဝန်ယူခဲ့ပေးပါသော ယောလူငယ် မောင်မယ် အဖွဲ့  ဝင်များ အား လည်းကောင်း စိတ်ပါဝင်စားစွာ လာရောက် ပူးပေါင်း ဆောင်ရွက်ပါသော ယောချစ်သူ ညီအကို မောင်နှမ များကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြု အပ်ပါသည် ။
                                                                               ယောလူငယ် ( Online )
                                                                                   ပြန်ကြားရေး
2016 -ဒီဇင်ဘာလ ယောလူငယ်အဖွဲ့နှင့်အလှူရှင်များ၏ ပညာရေးထောက်ပံ့မှု အလှူရှင်စာရင်း
ယောလူငယ်အဖွဲ့နှင့်စေတနာရှင်များ စုပေါင်း၍ စစ်​ကိုင်းမြို့ ပညာရေးတက္ကသိုလ်(Sagaing University Of Education) တွင် B-ED တက်နေသော ဆောမြို့နယ် ခင်ပြင်ကျေးရွာမှ မောင်မျိုးမြင့်ဝင်းအား ပညာသင်စရိတ်အဖြစ် တစ်လလျှင်
80,000-/ကျပ်နှုန်းကို ယောလူငယ်အဖွဲ့ မှ ကျောင်းတက်သည့် လစဉ်တိုင်း ထောက်ပံ့ပေးသွားရန် ဆုံးဖြတ်ထားကြပါသည်။
၂၀၁၆- ဒီဇင်​ဘာလ ​ကျောင်းတက်​စရိတ်
ပထမအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို 20-11-2016 ရက်နေ့ ၊ နေ့လည် 2:00 နာရီအချိန်တွင် မင်းလယ်ရွာ သာသနာ့ မာမကတိုက်ကျောင်းတော်၌ ပြု လုပ်ခဲ့ရာ ယောလူငယ်အဖွဲ့အားလုံး၏ ကိုယ်​စား ဆောဒေသယောလူငယ်အဖွဲ့ဝင် ကိုသန်းဇော်ဦးနှင့် ကိုဆွေလင်းစိုး တို့မှ :ကျောင်းသားလေးထံသို့  ပညာသင်စရိတ်ကို ပေးအပ်ခဲ့ပါသည်။
ယခုလအတွက် ယောလူငယ် အဖွဲ့ဝင်များနှင့်စေတနာရှင်များ၏ လှူ ဒါန်းမှုများမှာ--
ယခုလအလှူ ရှင်စာရင်း
==============================
1-အရှင်ဇဝန (ကန်ဒေသ) 30,000/
2-မသန္တာညို (တံတား ၁၁) 5,000/
3-ဒေါ်အေးအေးထူး (တံတား ၁၁) 5,000/
4-ဦးစည်သူမြင့် (တံတား ၁၁) 1,000/
5-ဒေါ်စုစုထွန်း (တံတား ၁၁) 3,000/
6-ဒေါ်ခေါန်ရှောင် (တံတား ၁၁) 10,000/
7-မကြွယ်ကြွယ်ဝင်း ( နပတ) 10,000/
8- မမိုးမိုး (ဗဟို ) 10,000/
9- မစနိုးကို ( ဗဟို ) 2,000/
လစဉ် ပုံမှန်အလှူ ရှင်များစာရင်း
============================
1- ယောအသင်း(မလေးရှား) 50,000/
2- ယောလူငယ်အဖွဲ့ (ဗဟို) 30,000/
3- ယောလူငယ်အဖွဲ့(မန္တလေး)10,000/
4- ယောလူငယ်အဖွဲ့( ဆော ) 30,000/
5- ကိုဌေးလှို င်@သိင်္ခ ( ဗဟို) 10,000/
6-ကိုစန်းအောင် ( ဗဟို) 5,000/
7- ကိုမောင်ချို (ပခုက္ကူ ) 5,000/
8- ကိုမြင့်ထွန်း (ဗဟို) 3,000/
9- ကိုအောင်ကျော်ဇံ ( နပတ) 5,000/
10- ဦးဝင်းဇော် (ကျောက်ထု) 2,000/
11- မနွယ်လင်း (မန်း) 3,000/
12- မသီတာအောင် (ဗဟို) 3,000/
13- မခင်လေးကြူ (ဗဟို) 3,000/
14- မစုစုအေး (ဗဟို) 10,000/
15- မခင်လေးနွယ် (ဗဟို) 3,000/ တို့ ဖြစ်ကြပါတယ်။
ယောလူငယ်အဖွဲ့၏ ပညာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ အတွက် ငွေစုဘဏ် Joint Account ပြုလုပ်ထားပါသည်။
စေတနာရှင်များအနေနဲ့  လိုအပ်​ပါက KBZ Bank Saving Account 136-302-13601254801(DAW SHWE WYNE ) KBZ-သာကေတ သို့ တိုက်​ရိုက်​ထည့်​သွင်း လွှဲပြောင်းလှူ ဒါန်းနိုင်ပါပြီဆိုတဲ့အကြောင်း ၊
လစဉ်​​ကြေး ​စေတနာရှင်​ များပြားလာပါက အခက်​အခဲ ဖြစ်​​သော
နောက်​ထပ်​ပညာသင်​ ​ကျောင်းသူ/သားများ အကူအညီ ​တောင်းခံလာပါက
ယောလူငယ်​ အဖွဲ့အ​နေဖြင့်​ စည်းမျဉ်းနှင့်အညီ တိုင်​ပင်​ ဆုံးဖြတ်​​ပေးသွားဖို့ စီစဉ်​ထားရှိပါ​ကြောင်း အသိပေး ​နိုး​ဆော်​အပ်​ ​ပါသည်။
ပညာပါရမီဖြည့်ပေးကြသော စေတနာ ရှင်များကို အထူးကျေးဇူးတင်စွာဖြင့် . . .
ယောလူငယ်အဖွဲ့၏ ပညာရေးထောက်ပံ့မှုပြုလုပ်ခြင်း
ယောလူငယ်အဖွဲ့နှင့်စေတနာရှင်များ စုပေါင်း၍
စစ်​ကိုင်းမြို့ ပညာရေးတက္ကသိုလ်(Sagaing University Of Education) တွင် B-ED တက်နေသော ဆောမြို့နယ် ခင်ပြင်ကျေးရွာမှ မောင်မျိုးမြင့်ဝင်းအား ပညာသင်စရိတ်အဖြစ် တစ်လလျှင်
80,000-/ကျပ်နှုန်းကို ယောလူငယ်အဖွဲ့ မှ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
ပထမအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို 20-11-2016 ရက်နေ့ | နေ့လည် 2:00 နာရီအချိန်တွင် မင်းလယ်ရွာ သာသနာ့ မာမကတိုက်ကျောင်းတော်၌
ပြု လုပ်ခဲ့ရာ ယောလူငယ်အဖွဲ့ဝင်ဖြစ်သော ဥူးပဉ္စင်း ဦးဇောတိကမှ ကျောင်းသားလေးကို အားပေးစကားပြောကြားခဲ့ပါသည်။
ထို့နောက်ယောလူငယ်အဖွဲ့ကိုယ်​စား ဆောဒေသမှယောလူငယ်အဖွဲ့ဝင် ကိုသန်းဇော်ဦးနှင့် ကိုဆွေလင်းစိုး တို့မှ ပညာသင်စရိတ်ကို ကျောင်းသားလေးထံ ပေးအပ်ခဲ့ပါသည်။
ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲသို့ ယောလူငယ်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇောတိက ကိုခင်ဇော်လွင်၊ ကိုအောင်ကျော်ဦး၊ ဦးလှအောင်၊ ဦးထွန်းမောင်၊ ကိုသန်းဇော်ဦး၊ ကိုဘိုဘိုနိုင် နှင့် ကိုဆွေလင်းစိုးတို့တက်ရောက်ခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့ (ဆော)
---------------------------------------------
ယောလူငယ် အဖွဲ့ဝင်နှင့်စေတနာရှင်များ လှူ ဒါန်းထောက်ပံ့ကြသော အလှူ ငွေများထဲမှ
ယခု ကျောင်းသားလေးသို့  ကျောင်းတက်ရသည့်လစဉ်တိုင်း တစ်လလျှင် 80,000/ ကျပ်စီ ကူညီထောက်ပံ့ပေးသွားပါမည်။
အကယ်၍ လှူ ဒါန်းငွေများ ပိုလာပါက ယောနယ်ရှိ အခြားထူးချွှန်ပြီး ထောက်ပံ့ရန်လိုအပ်သော ကျောင်းသူကျောင်းသားများကို တစ်စိတ်တစ်ပိုင်း တတ်နိုင်သလောက် ထောက်ပံ့ကူညီသွားရန် တိုင်ပင်ဆွေးနွေးဆုံးဖြတ် ထားကြပါသည်။
ယခုလောလောဆယ်တွင် ယောလူငယ်အဖွဲ့၏ ပညာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ အတွက် ငွေစုဘဏ် Joint Account ပြုလုပ်ထားပါသည်။ စေတနာရှင်များအနေနဲ့  တိုက်ရိုက်ထည့်သွင်း
လှူ ဒါန်းနိုင်ပါပြီဆိုတဲ့အကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။
ပညာပါရမီဖြည့်ပေးကြသော စေတနာ ရှင်များကို အထူးကျေးဇူးတင်စွာဖြင့် . . .
(အလှူရှင်စာရင်းအား သီခြား Up to Date ထုတ်ပြန်ပေးသွားပါမည်)
                                                                                            ပြန်ကြားရေးအဖွဲ့
                                                                                               ယောလူငယ်
ဆောဒေသအခြေခံယောလူငယ်အဖွဲ့ လစဉ်တွေ့ဆုံပွဲ အောင်မြင်စွာပြီးစီး
ဆောဒေသ ယောလူငယ် ( Online) အဖွဲ့ လစဉ်တွေ့ ဆုံပွဲ အား 13-11-2016 ရက်နေ့ နေ့လည် (2:00) နာရီအချိန်တွင် ဆောမြို့ နယ် အကြည်ကတင်းကျေးရွာ၌ ကျင်းပပြု လုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် အကြည်ကတင်းရွာ ဆရာတော်မှသြဝါဒစကားမိန့်ကြားခဲ့ပါသည်။
ထို့နောက် ဆောဒေသယောလူငယ်ဥက္ကဌကိုခင်ဇော်လွင်မှ အဖွင့်စကားပြောကြားခဲ့ပါသည်။
ဆောသို့  ရောက်ရှိနေသောရန်ကုန်ယောလူငယ်အဖွဲ့မှ ကိုလင်းအောင်မှ ယောလူငယ်အဖွဲ့စတင်ဖွဲ့စည်းခဲ့ပုံနှင့်ဖွဲ့စည်းရခြင်း၏ရည်ရွယ်ချက်များကို
 ဆွေးနွေးမျှဝေခဲ့ပါသည်။
ထို့နောက်ဆောဒေသ ယောလူငယ်အဖွဲ့ကိုမင်းမောင်မှ အဖွဲ့၏ရငွေ/သုံးငွေစရင်းကိုရှင်းလင်းပေးခဲ့ပါသည်။
ဆောဒေသယောလူငယ် ကိုသန်းဇော်ဦးမှ ယောလူငယ်အဖွဲ့၏မှတ်ပုံတင်ကိစ္စများ ရန်ပုံငွေရရှိရန်အတွက်group အသစ်ဖွဲ့စည်းမှုပြုလုပ်မှုအတွက် အမှုဆောင်ရွေးရန်ကိစ္စ ဆောမြို့နယ်မှ ကျောင်းသား / ကျောင်းသူ လေးများ ကို ယောလူငယ်အဖွဲ့အနေဖြင့် ပညာရေးထောက်ပံ့မှုပြုလုပ်ရန်အတွက်ဆွေးနွေးပေးခဲ့ပါသည်။
ထို့နောက်အကြည်ကတင်းဆရာတော်မှ
ဆောဒေသယောလူငယ်အဖွဲ့အတွက်အလှူငွေ ၁၀၀၀၀-/ကျပ်နှင့်ကျောင်းသားလေးကျောင်းစရိတ်အတွက်အလှူငွေ ၁၀၀၀၀-/ကျပ်စီကို လှူဒါန်းခဲ့ပါသည်။
ထို့နောက်တက်ရောက်လာသူများမှ မိမိတို့၏ထင်မြင်ချက်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။
ထို့နောက်အခမ်းနားမှုး ကိုဘိုဘိုနိုင်မှ အခမ်းနားပြီးဆုံးကြောင်းကြေငြာခဲ့ပီး ညနေ4:00 ရီအချိန်တွင်မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီ အခမ်းနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
                                                                                                ပြန်ကြားရေး
                                                                                             ယောလူငယ်အဖွဲ့
ယောလူငယ် (Online) ရန်ကုန် ၏ လပါတ်အစည်းအဝေးကျင်းပပြီးစီးခြင်း
13-11-2016 ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် သာသနာ့ဝေပုလ္လကျောင်းတွင် ကျင်းပပြု လုပ်သော အစည်းအဝေး၌
၁ - ဆောမြို့နယ်မှ ပညာရေးတက္ကသိုလ်သို့ တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသားလေး၏ ပညာသင်စရိတ်ကို ထောက်ပံ့ ကူညီပေးနိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။
၂ - ယောလူငယ်(Online) အဖွဲ့ကြီးတွင် Online ပေါ်မှ အဖွဲ့တိုင်း တစ်ပြေးညီ ဆွေးနွေးတိုင်ပင်ကြရန် ဗဟိုအဖွဲ့ (ရန်ကုန်)နှင့် သက်ဆိုင်ရာဒေသခံ အဖွဲ့အသီးသီး၏ တာဝန်ခံများပါဝင်သော ခေါင်းကြီးပိုင်းအဖွဲ့ အသစ်ပြန်လည်ဖွဲ့စည်းရန်ဆွေးနွေးခဲ့ကြပါသည်။
၃ - ယောရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ပါတ်သက်
၍လက်ကမ်းစာစောင်နှင့် Venyl များဖြန့်ဝေခြင်းပြုလုပ်ရန်အတွက် ပြီးစီးမှု အခြေအနေများကိုလည်း တင်ပြဆွေးနွေးခဲ့ကြပါသည်။
၎- ဝိသာခါ ပရဟိတ (အင်းစိန်) အဖွဲ့မှ ဦးအောင်နိုင် ဇနီး ဒေါ်စိန်စိန်မှ super lamp ၂-ပေ မီးချောင်း (၁၆၀) တို့ကို ယောလူငယ် ပရဟိတအဖွဲ့သို့လှုဒါန်းခဲ့ပါသည်။ အဖွဲ့သို့လှုဒါန်းသော မီးချောင်းများထဲမှ သာသနာ့ဝေပုလ္လယောကျောင်းသို့ အချောင်း(၂၀)l မြောက်ဒဂုံ- ဇေယျ မင်္ဂလာယောကျောင်းသို့ (၁၀)ချောင်းlမြသန္ဒာ စာသင်တိုက် (၁၀)မိုင်သို့ (၁၀) ချောင်းနှင့် ကျန်ရှိသည့်မီးချောင်းများကို ရှေးဟောင်း ပစ္စည်းထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေး Pamflet များ Venylများနှင့်အတူ ယောဒေသရှိ လိုအပ်သည့်နေရာများသို့ လှုဒါန်းပေးပို့ သွားမည်ဖြစ်ကြောင်းဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။
၅ - အဖွဲ့ကြီး၏ ရန်ပုံငွေရရှိရေးအတွက် ယောလူငယ်တံဆိပ်ဖြင့်ကော်ဖီခွက်များ ရိုက်နှိပ်ရောင်းချ သွားမည့်အကြောင်းဆွေးနွေးခဲ့ကြပါသည်။
၆ - ယောဆရာတော် ဘုရားကြီးကျောင်း (၄၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကပ်လှုပူဇော်ပွဲနှင့် သာသနာ့အာဇာနည်(၁၄)ပါးတို့အား ချီးကျူး ဂုဏ်ပြု ပူဇော်ပွဲ အခမ်းအနားသို့ ယောလူငယ် အဖွဲ့ဝင်များအားလုံးတက်ရောက်ချီးမြှင့်ပေးပါရန်နှင့် ဝေယျာဝစ္စ လုပ်အားဒါနများလည်းပေးလှုပါရန် ဖိတ်ကြားထားပါသည်။
လုပ်အားဒါန ပေးလှုသူများ မနက်ဖြန်(14-11-2016) မနက် 9:00  နာရီအရောက်လာပေးကြပါရန်ပြောကြားရင်းဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြပါသည်။
ဒီနေ့ ယောလူငယ် အဖွဲ့ဝင်များကို ကြက်ဆီထမင်း ဆိတ်သားချက် ငါးခြောက်ဖုတ် ငါးဖယ်သုပ် ယောမှယူဆောင်လာသော မုန်ညင်းချဉ် များနှင့်အတူ ဆနွင်းမကင်း ကျောက်ကျော လက်ဖက်သုပ် များကို တည်ခင်းဧည့်ခံကျွေးမွေးပါသော ယောလူငယ်အလုပ်အမှုဆောင် မသန္တာဝင်းတို့ ဇနီးမောင်နှံ နှင့် မွေးနေ့ရှင်သမီးလေး မချစ်မြတ်နိုးသူတို့အား ယောလူငယ်အဖွဲ့ မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း. . .
သမီးလေးလည်း ယောမြေကို ချစ်ခင်မြတ်နိုးတတ်ပြီးအသက်ရှည်ကြာ အနာမဲ့ကာ
အောင်မြင်မူပန်းတိုင်တိုင်းကို ဆွတ်ခူးနိုင်သူလေးဖြစ်ပါစေကြောင်းဆုတောင်းပေးခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့သို့ ၂ - ပေ မီးချောင်းများလှုဒါန်းပေးပါသော ဝိသာခါပရဟိတအဖွဲ့(အင်းစိန်)သို့လည်း အထူးကျေးဇူးတင်ပါကြောင်း ယောလူငယ်
ဗဟို အဖွဲ့မှမှတ်တမ်းတင် အပ်ပါသည်။
ပြန်ကြားရေးအဖွဲ့
ယောလူငယ်