ယောလူငယ်အဖွဲ့နှင့်စေတနာရှင်များ စုပေါင်း၍
စစ်ကိုင်းမြို့ ပညာရေးတက္ကသိုလ်(Sagaing University Of Education) တွင် B-ED တက်နေသော ဆောမြို့နယ် ခင်ပြင်ကျေးရွာမှ မောင်မျိုးမြင့်ဝင်းအား ပညာသင်စရိတ်အဖြစ် တစ်လလျှင်
80,000-/ကျပ်နှုန်းကို ယောလူငယ်အဖွဲ့ မှ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ပထမအကြိမ်ထောက်ပံ့ငွေ ပေးအပ်ပွဲကို 20-11-2016 ရက်နေ့ | နေ့လည်
2:00 နာရီအချိန်တွင် မင်းလယ်ရွာ သာသနာ့ မာမကတိုက်ကျောင်းတော်၌
ပြု လုပ်ခဲ့ရာ ယောလူငယ်အဖွဲ့ဝင်ဖြစ်သော ဥူးပဉ္စင်း ဦးဇောတိကမှ ကျောင်းသားလေးကို အားပေးစကားပြောကြားခဲ့ပါသည်။
ထို့နောက်ယောလူငယ်အဖွဲ့ကိုယ်စား ဆောဒေသမှယောလူငယ်အဖွဲ့ဝင် ကိုသန်းဇော်ဦးနှင့် ကိုဆွေလင်းစိုး တို့မှ ပညာသင်စရိတ်ကို ကျောင်းသားလေးထံ ပေးအပ်ခဲ့ပါသည်။
ပညာသင်စရိတ် ထောက်ပံ့ပေးအပ်ပွဲသို့ ယောလူငယ်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးဇောတိက ကိုခင်ဇော်လွင်၊ ကိုအောင်ကျော်ဦး၊ ဦးလှအောင်၊ ဦးထွန်းမောင်၊ ကိုသန်းဇော်ဦး၊ ကိုဘိုဘိုနိုင် နှင့် ကိုဆွေလင်းစိုးတို့တက်ရောက်ခဲ့ကြပါသည်။
ယောလူငယ်အဖွဲ့ (ဆော)
---------------------------------------------
ယောလူငယ် အဖွဲ့ဝင်နှင့်စေတနာရှင်များ လှူ ဒါန်းထောက်ပံ့ကြသော အလှူ ငွေများထဲမှ
ယခု ကျောင်းသားလေးသို့  ကျောင်းတက်ရသည့်လစဉ်တိုင်း တစ်လလျှင် 80,000/ ကျပ်စီ ကူညီထောက်ပံ့ပေးသွားပါမည်။
အကယ်၍ လှူ ဒါန်းငွေများ ပိုလာပါက ယောနယ်ရှိ အခြားထူးချွှန်ပြီး ထောက်ပံ့ရန်လိုအပ်သော ကျောင်းသူကျောင်းသားများကို တစ်စိတ်တစ်ပိုင်း တတ်နိုင်သလောက် ထောက်ပံ့ကူညီသွားရန် တိုင်ပင်ဆွေးနွေးဆုံးဖြတ် ထားကြပါသည်။
ယခုလောလောဆယ်တွင် ယောလူငယ်အဖွဲ့၏ ပညာရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များ အတွက် ငွေစုဘဏ် Joint Account ပြုလုပ်ထားပါသည်။ စေတနာရှင်များအနေနဲ့  တိုက်ရိုက်ထည့်သွင်း
လှူ ဒါန်းနိုင်ပါပြီဆိုတဲ့အကြောင်း အသိပေး တိုက်တွန်းအပ်ပါသည်။
ပညာပါရမီဖြည့်ပေးကြသော စေတနာ ရှင်များကို အထူးကျေးဇူးတင်စွာဖြင့် . . .
(အလှူရှင်စာရင်းအား သီခြား Up to Date ထုတ်ပြန်ပေးသွားပါမည်)
ပြန်ကြားရေးအဖွဲ့
ယောလူငယ်

No comments:
Post a Comment